ေသဆံုးသြားတ့ဲ ကိုယ္ဝန္ေဆာင္ရဲ႕အမႊာကေလးကို ေဆြမ်ိဳးေတြက ဗိုက္ခြဲထုတ္ယူ

ေသဆံုးသြားတ့ဲ ကိုယ္ဝန္ေဆာင္ရဲ႕အမႊာကေလးကို ေဆြမ်ိဳးေတြက ဗိုက္ခြဲထုတ္ယူ
ဧပြီ 4, 2016
By Tachileik News Agency

ဘာသာျပန္၊ ဧၿပီ(၄) ။ ။ ကုန္က်စရိတ္ မတတ္ႏုိင္တဲ့အတြက္ ေဆးရံုက လက္မခံတာေၾကာင့္ ေသဆံုးသြားတဲ့ အမႊာ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးကို ေဆြမ်ိဳးသားခ်င္းေတြက ေဆးရံုေရွ႕မွာပဲ ဗိုက္ခြဲၿပီး ကေလးႏွစ္ေယာက္ရဲ႕ အသက္ကို ကယ္ဖို႔ႀကိဳးစားၾကတယ္လုိ႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ကင္မရြန္းအမ်ိဳးသမီးဟာ ေမြးဖြားဖို႔ ေဆးရံုတက္ရာမွာ ပိုက္ဆံမတတ္ႏိုင္တာေၾကာင့္ ေဆးရံုက လက္မခံတာလို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။

အတည္ျပဳခ်က္ မရတဲ့သတင္းကေတာ့ ကူးမိတ္မိုနစ္ဆိုတဲ့ ဒီကိုယ္ဝန္ေဆာင္အမ်ိဳးသမီးဟာ ကင္မရြန္းႏို္င္ငံရဲ႕ အႀကီးဆံုးၿမိဳ႕ျဖစ္တဲ့ ဒူဝါးလာၿမိဳ႕ရဲ႕ ျပည္သူ႔ေဆးရံုဝင္ေပါက္တစ္ခုရဲ႕ေရွ႕မွာ ေသဆံုးသြားတာလို႔ ဆိုပါတယ္။

ဒါေပမဲ့ ကေလးေတြကေတာ့ သူ႔အေမရဲ႕ဗိုက္ထဲမွာ အသက္ရွင္ေနဆဲလို႔ ဆိုပါတယ္။ ေသဆံုးသြားတဲ့   ကို္ယ္ဝန္ေဆာင္ အမ်ိဳးသမီးရဲ႕ ဗိုက္ထဲက အသက္ရွင္ေနဆဲ ကေလးေတြရဲ႕အသက္ကို ကယ္ႏိုင္ဖို႔ ေဆးရံုကို အကူအညီ ေတာင္းခံေပမဲ႔ မရခဲ့ဘူးလို႔ သိရပါတယ္။

ေသဆံုးသြားတဲ့ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးရဲ႕ဗိုက္ထဲက ကေလးေတြက လႈပ္ေနေသးတာေၾကာင့္ ဗိုက္ခြဲေမြးဖို႔ တူမျဖစ္သူက ဆံုးျဖတ္လိုက္တယ္လို႔ ဆိုပါတယ္။ အနားမွာရိွတဲ့ ဆိုင္ကေန ဘရိတ္ဓားဝယ္လိုက္ၿပီး အံ့အားသင့္ေနတဲ့ လူအုပ္ႀကီးေရွ႕မွာ ဗိုက္ခြဲေမြးၿပီး ကေလးေတြကို ကယ္တင္ဖို႔ ႀကိဳးစားလိုက္တာပါ။

အမႊာထဲက တစ္ေယာက္ကေတာ့ ဗိုက္ခြဲထုတ္လိုက္ခ်ိန္မွာကတည္းက ေသဆံုးေနၿပီး က်န္တစ္ေယာက္ကေတာ့ ေမြးၿပီး မိနစ္အနည္းငယ္အၾကာမွာ ေသသြားခဲ့တာလို႔ သိရပါတယ္။

ဘာသာျပန္၊ ။ နန္းေမာက္ကြမ္
Ref; reportsafrique
...........

( unicode )
ဘာသာပြန်၊ ဧပြီ(၄)။ ကုန်ကျစရိတ် မတတ်နိုင်တဲ့အတွက် ဆေးရုံက လက်မခံတာကြောင့် သေဆုံးသွားတဲ့ အမွှာ ကိုယ်ဝန်ဆောင် အမျိုးသမီးကို ဆွေမျိုးသားချင်းတွေက ဆေးရုံရှေ့မှာပဲ ဗိုက်ခွဲပြီး ကလေးနှစ်ယောက်ရဲ့ အသက်ကို ကယ်ဖို့ကြိုးစားကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကင်မရွန်းအမျိုးသမီးဟာ မွေးဖွားဖို့ ဆေးရုံတက်ရာမှာ ပိုက်ဆံမတတ်နိုင်တာကြောင့် ဆေးရုံက လက်မခံတာလို့ သတင်းမှာ ဖော်ပြထားပါတယ်။

အတည်ပြုချက် မရတဲ့သတင်းကတော့ ကူးမိတ်မိုနစ်ဆိုတဲ့ ဒီကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ကင်မရွန်းနို်င်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဒူဝါးလာမြို့ရဲ့ ပြည်သူ့ဆေးရုံဝင်ပေါက်တစ်ခုရဲ့ရှေ့မှာ သေဆုံးသွားတာလို့ ဆိုပါတယ်။

ဒါပေမဲ့ ကလေးတွေကတော့ သူ့အမေရဲ့ဗိုက်ထဲမှာ အသက်ရှင်နေဆဲလို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ ကို်ယ်ဝန်ဆောင် အမျိုးသမီးရဲ့ ဗိုက်ထဲက အသက်ရှင်နေဆဲ ကလေးတွေရဲ့အသက်ကို ကယ်နိုင်ဖို့ ဆေးရုံကို အကူအညီ တောင်းခံပေမဲ့ မရခဲ့ဘူးလို့ သိရပါတယ်။

သေဆုံးသွားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ဗိုက်ထဲက ကလေးတွေက လှုပ်နေသေးတာကြောင့် ဗိုက်ခွဲမွေးဖို့ တူမဖြစ်သူက ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။ အနားမှာရှိတဲ့ ဆိုင်ကနေ ဘရိတ်ဓားဝယ်လိုက်ပြီး အံ့အားသင့်နေတဲ့ လူအုပ်ကြီးရှေ့မှာ ဗိုက်ခွဲမွေးပြီး ကလေးတွေကို ကယ်တင်ဖို့ ကြိုးစားလိုက်တာပါ။

အမွှာထဲက တစ်ယောက်ကတော့ ဗိုက်ခွဲထုတ်လိုက်ချိန်မှာကတည်းက သေဆုံးနပြေီး ကျန်တစ်ယောက်ကတော့ မွေးပြီး မိနစ်အနည်းငယ်အကြာမှာ သေသွားခဲ့တာလို့ သိရပါတယ်။

ဘာသာပြန်၊။ နန်းမောက်ကွမ်
Ref; reportsafrique

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~