က်ိဳင္းတံုၿမိဳ႕တြင္ စရိတ္နည္း ေကာက္ရိုးေရာေျမနံရံအိမ္မ်ား ေဆာက္လုပ္ေနထိုင္ဆဲ

က်ိဳင္းတံုၿမိဳ႕တြင္ စရိတ္နည္း ေကာက္ရိုးေရာေျမနံရံအိမ္မ်ား ေဆာက္လုပ္ေနထိုင္ဆဲ
ဧပြီ 22, 2016
By Tachileik News Agency

က်ိဳင္းတံု၊ ဧၿပီလ (၂၂) ရက္
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ဳိင္းတံုၿမိဳ႕တြင္ ကုန္က်စရိတ္နည္းသည့္ ေကာက္ရိုးေရာေျမနံရံကာအိမ္မ်ားကို လက္ရိွအခ်ိန္ထိ ေဆာက္လုပ္ေနထိုင္ၾကဆဲျဖစ္ေၾကာင္း သိရသည္။

" ကြၽန္ေတာ္အိမ္ေထာင္ျပဳေတာ့ ရိွတဲ့ေငြေလးနဲ႔ပဲ ေခ်ာင္က်က်ဥ္းေျမာင္းတဲ့ ေျမတစ္ကြက္ဝယ္တယ္။ ကြၽန္ေတာ့္မွာ ပိုက္ဆံရိွရင္ေတာ့ တိုက္အိမ္ႀကီးေဆာက္ခ်င္တာေပါ့ဗ်ာ။ ဒါေပမဲ့ လတ္တေလာအေျခအေနအရ ခုျမင္တဲ့အတိုင္းပါပဲ။ ဒီေျမနံရံကာအိမ္ေလးက ေျမမရိွ၊
အိမ္မရိွသူထက္ေတာ့ ေနရတာ စိတ္ခ်မ္းသာပါတယ္။ " ဟု ေဒသခံတစ္ဦးျဖစ္သူ ဦးလွေအာင္က ေျပာသည္။

အဆိုပါ ေျမနံရံကာအိမ္မ်ားကို က်ဳိင္းတံုေဒသခံမ်ားက ေရွးအစဥ္အဆက္ကတည္းက တည္ေဆာက္ ေနထိုင္ခဲ့ၾကျခင္းျဖစ္ေသာ္လည္း လူမႈစီးပြားတိုးတက္လာမႈေၾကာင့္ ေနာက္ပိုင္းတြင္ ေခတ္ေပၚတိုက္အိမ္မ်ားစြာ တည္ေဆာက္လာၾကျခင္းျဖစ္ေၾကာင္း သိရသည္။

" ခုလိုအိမ္ေလးေတြ ျမင္ေနရေသးတာ ဆင္းရဲတာကိုပဲ ေက်းဇူးတင္ရမလိုျဖစ္ေနပါၿပီ။ လူတိုင္းက အဆင္ေျပေနၾကရင္ ဒါမ်ဳိးေတြ႕ရဖို႔ မလြယ္ေတာ့ဘူးေလ။ ဒီလိုအိမ္ေလးေတြက သဘာဝေဘးျဖစ္တဲ့ ငလ်င္ေၾကာင့္လည္း စိုးရိမ္စရာမလိုေတာ့ဘူး။ ရာသီဥတုဒဏ္လည္း ခံႏိုင္ပါတယ္။ "ဟု ေဒသခံတစ္ဦးျဖစ္သူ ဦးအားမူက ဆိုသည္။

ေျမနံရံကာအေနေတာ္အိမ္တစ္လံုးတည္ေဆာက္ရန္ ေကာက္႐ိုးအစည္း (၅၀) ခန္႔အတြက္ က်ပ္တစ္ေသာင္းႏွင့္ အမိုး၊ ဝါး စုစုေပါင္းကုန္က်စရိတ္ က်ပ္ (၅) သိန္းဝန္းက်င္သာ ကုန္က်ၿပီး လူငါးဦးျဖင့္ ေန႔ခ်င္းၿပီး တည္ေဆာက္ႏိုင္ေၾကာင္း သိရသည္။

အဆိုပါအိမ္မ်ားမွာ အနည္းဆံုး သက္တမ္း (၁၀) ႏွစ္ခန္႔ ေနထိုင္ႏိုင္ၿပီး က်ဳိင္းတံုၿမိဳ႕၊ ယန္းေလာအုပ္စု၊ ေနာင္ထပ္ေက်းရြာတြင္ အမ်ားဆံုးရိွေနေသးေၾကာင္း သိရသည္။

သတင္း။  ။ ဇင္ေအာင္
.............

ကျိုင်းတုံ၊ ဧပြီလ (၂၂) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ကုန်ကျစရိတ်နည်းသည့် ကောက်ရိုးရောမြေနံရံကာအိမ်များကို လက်ရှိအချိန်ထိ ဆောက်လုပ်နေထိုင်ကြဆဲဖြစ်ကြောင်း သိရသည်။

" ကျွန်တော်အိမ်ထောင်ပြုတော့ ရှိတဲ့ငွေလေးနဲ့ပဲ ချောင်ကျကျဉ်းမြောင်းတဲ့ မြေတစ်ကွက်ဝယ်တယ်။ ကျွန်တော့်မှာ ပိုက်ဆံရှိရင်တော့ တိုက်အိမ်ကြီးဆောက်ချင်တာပေါ့ဗျာ။ ဒါပေမဲ့ လတ်တလောအခြေအနေအရ ခုမြင်တဲ့အတိုင်းပါပဲ။ ဒီမြေနံရံကာအိမ်လေးက မြေမရှိ၊
အိမ်မရှိသူထက်တော့ နေရတာ စိတ်ချမ်းသာပါတယ်။ " ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးလှအောင်က ပြောသည်။

အဆိုပါ မြေနံရံကာအိမ်များကို ကျိုင်းတုံဒေသခံများက ရှေးအစဉ်အဆက်ကတည်းက တည်ဆောက် နေထိုင်ခဲ့ကြခြင်းဖြစ်သော်လည်း လူမှုစီးပွားတိုးတက်လာမှုကြောင့် နောက်ပိုင်းတွင် ခေတ်ပေါ်တိုက်အိမ်များစွာ တည်ဆောက်လာကြခြင်းဖြစ်ကြောင်း သိရသည်။

" ခုလိုအိမ်လေးတွေ မြင်နေရသေးတာ ဆင်းရဲတာကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေပါပြီ။ လူတိုင်းက အဆင်ပြေနကြေရင် ဒါမျိုးတွေ့ရဖို့ မလွယ်တော့ဘူးလေ။ ဒီလိုအိမ်လေးတွေက သဘာဝဘေးဖြစ်တဲ့ ငလျင်ကြောင့်လည်း စိုးရိမ်စရာမလိုတော့ဘူး။ ရာသီဥတုဒဏ်လည်း ခံနိုင်ပါတယ်။ "ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးအားမူက ဆိုသည်။

မြေနံရံကာအနေတော်အိမ်တစ်လုံးတည်ဆောက်ရန် ကောက်ရိုးအစည်း (၅၀) ခန့်အတွက် ကျပ်တစ်သောင်းနှင့် အမိုး၊ ဝါး စုစုပေါင်းကုန်ကျစရိတ် ကျပ် (၅) သိန်းဝန်းကျင်သာ ကုန်ကျပြီး လူငါးဦးဖြင့် နေ့ချင်းပြီး တည်ဆောက်နိုင်ကြောင်း သိရသည်။

အဆိုပါအိမ်များမှာ အနည်းဆုံး သက်တမ်း (၁၀) နှစ်ခန့် နေထိုင်နိုင်ပြီး ကျိုင်းတုံမြို့၊ ယန်းလောအုပ်စု၊ နောင်ထပ်ကျေးရွာတွင် အများဆုံးရှိနေသေးကြောင်း သိရသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~