ကြန္ဒံုးမ်ားနဲ႔ အစာအိမ္ထဲ မူးယစ္ေဆး၀ါးထည့္ၿပီး သယ္ေဆာင္လာသူကို ဖမ္းဆီးရမိ

ကြန္ဒံုးမ်ားနဲ႔ အစာအိမ္ထဲ မူးယစ္ေဆး၀ါးထည့္ၿပီး သယ္ေဆာင္လာသူကို ဖမ္းဆီးရမိ
ဧပြီ 24, 2016
By Tachileik News Agency

ဘာသာျပန္၊ ဧၿပီ(၂၄)
တရုတ္ႏုိင္ငံအေနာက္ေတာင္ပိုင္း ကံုခ်င့္ၿမိဳ႕ေလဆိပ္မွာ ဟီးရိုးအင္း (၃၆၀) ဂရမ္ပါတဲ့ ကြန္ဒံုး (၈၀)ခု မ်ိဳခ်လာသူကို ေလဆိပ္လံုၿခံဳေရးေတြက ဖမ္းဆီးလိုက္ႏိုင္ပါတယ္။

အသက္ (၂၁)ႏွစ္အရြယ္ ယြမ္လို႔ေခၚတဲ့လူငယ္ကို မတ္လကုန္ပိုင္းမွာ ဖမ္းဆီးရမိတာျဖစ္တယ္လို႔ ကံုခ်င့္တို္င္းမ္သတင္းစာမွာ ေဖၚျပထားတာျဖစ္ပါတယ္။

ယြမ္ကို ေလဆိပ္ရဲ႕ပံုမွန္စစ္ေဆးတဲ့ေနရာမွာ ရဲေတြက မူးယစ္ေဆးကို ရွာမေတြ႔ဘဲျဖစ္ေနခဲ့တာပါ။ ဒါေၾကာင့္ သူ႔ကို ေဆးရံုမွာ CT scan ရိုက္ခိုင္းလိုက္တဲ့ အခါမွာေတာ့ အစာအိမ္ထဲမွာ ထူးဆန္းတဲ့ ပစၥည္းေတြကို ေတြ႔လိုက္ရတာပါ။ ယြမ္ဟာ ကြန္ဒံုးအခုေရ (၈၀)ထဲမွာ ဟီးရိုးအင္း (၃၆၀.၇၇)ဂရမ္ကို ထည့္သြင္းၿပီး မ်ိဳခ်ထားခဲ့တာပါ။

ဒီေနာက္မွာေတာ့ ယြမ္က သူ႔ျပစ္မႈကို ဝန္ခံလိုက္ပါတယ္။ တရုတ္ႏိုင္ငံမွာ မူးယစ္ေဆး ထုတ္လုပ္မႈ၊ ေရာင္းခ်မႈေတြ မၾကာခင္ႏွစ္ပိုင္းေတြမွာ ျမင့္တက္လာတဲ့ေနာက္ပိုင္း မူးယစ္ေဆးဝါးမႈရဲ႕ျပစ္ဒဏ္ေတြကို တိုးျမႇင့္ထားပါတယ္။

တရုတ္ႏိုင္ငံမွာ ၂၀၁၅ ခုႏွစ္အတြင္း မူးယစ္ေဆးဝါးအမႈေပါင္း (၁၃၇၁၉၈)မႈဖမ္းဆီးရမိၿပီးေတာ့ ႏွစ္ဆယ္ရာခိုင္ႏႈန္းနီးပါးကို ျပင္းထန္တဲ့ျပစ္ဒဏ္ေတြ ခ်မွတ္ခဲ့တယ္လို႔ ဆင္ဟြာသတင္းဌာနရဲ႕ ဒီလအေစာပိုင္း ေဖၚျပခ်က္အရသိရပါတယ္။

တရုတ္ႏုိင္ငံတရားရံုးေတြမွာ  ၂၀၁၅ ခုႏွစ္အတြင္း မူးယစ္ေဆးဝါးနဲ႔ပတ္သက္တဲ့ အမႈေပါင္း (၁၃၉၀၀၀)စီရင္ခဲ့ရတာေၾကာင့္ ၂၀၁၄ ခုႏွစ္ကနဲ႔ ႏိႈင္းယွဥ္မယ္ဆိုရင္ အမႈေပါင္း (၃၀)ရာခိုင္ႏႈန္း တိုးလာတယ္လို႔ သိရပါတယ္။

ဘာသာျပန္။  ။ ဇာႏွင္းထိုက္
Ref; CCTVNEWS

**********

ဘာသာပြန်၊ ဧပြီ(၂၄)
တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကုံချင့်မြို့လေဆိပ်မှာ ဟီးရိုးအင်း (၃၆၀) ဂရမ်ပါတဲ့ ကွန်ဒုံး (၈၀)ခု မျိုချလာသူကို လေဆိပ်လုံခြုံရေးတွေက ဖမ်းဆီးလိုက်နိုင်ပါတယ်။

အသက် (၂၁)နှစ်အရွယ် ယွမ်လို့ခေါ်တဲ့လူငယ်ကို မတ်လကုန်ပိုင်းမှာ ဖမ်းဆီးရမိတာဖြစ်တယ်လို့ ကုံချင့်တို်င်းမ်သတင်းစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

ယွမ်ကို လေဆိပ်ရဲ့ပုံမှန်စစ်ဆေးတဲ့နေရာမှာ ရဲတွေက မူးယစ်ဆေးကို ရှာမတွေ့ဘဲဖြစ်နေခဲ့တာပါ။ ဒါကြောင့် သူ့ကို ဆေးရုံမှာ CT scan ရိုက်ခိုင်းလိုက်တဲ့ အခါမှာတော့ အစာအိမ်ထဲမှာ ထူးဆန်းတဲ့ ပစ္စည်းတွေကို တွေ့လိုက်ရတာပါ။ ယွမ်ဟာ ကွန်ဒုံးအခုရေ (၈၀)ထဲမှာ ဟီးရိုးအင်း (၃၆၀.၇၇)ဂရမ်ကို ထည့်သွင်းပြီး မျိုချထားခဲ့တာပါ။

ဒီနောက်မှာတော့ ယွမ်က သူ့ပြစ်မှုကို ဝန်ခံလိုက်ပါတယ်။ တရုတ်နိုင်ငံမှာ မူးယစ်ဆေး ထုတ်လုပ်မှု၊ ရောင်းချမှုတွေ မကြာခင်နှစ်ပိုင်းတွေမှာ မြင့်တက်လာတဲ့နောက်ပိုင်း မူးယစ်ဆေးဝါးမှုရဲ့ပြစ်ဒဏ်တွေကို တိုးမြှင့်ထားပါတယ်။

တရုတ်နိုင်ငံမှာ ၂၀၁၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း (၁၃၇၁၉၈)မှုဖမ်းဆီးရမိပြီးတော့ နှစ်ဆယ်ရာခိုင်နှုန်းနီးပါးကို ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနရဲ့ ဒီလအစောပိုင်း ဖော်ပြချက်အရသိရပါတယ်။

တရုတ်နိုင်ငံတရားရုံးတွေမှာ ၂၀၁၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ အမှုပေါင်း (၁၃၉၀၀၀)စီရင်ခဲ့ရတာကြောင့် ၂၀၁၄ ခုနှစ်ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အမှုပေါင်း (၃၀)ရာခိုင်နှုန်း တိုးလာတယ်လို့ သိရပါတယ်။

ဘာသာပြန်။ ဇာနှင်းထိုက်
Ref; CCTVNEWS

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~