လင္မယားခ်င္း စကားမ်ား ရန္ျဖစ္ရာမွ ဇနီးျဖစ္သူမွာ ဓားဒဏ္ရာျဖင့္ ေသဆံုး

လင္မယားခ်င္း စကားမ်ား ရန္ျဖစ္ရာမွ ဇနီးျဖစ္သူမွာ ဓားဒဏ္ရာျဖင့္ ေသဆံုး
ဧပြီ 18, 2016
By Tachileik News Agency

က်ဳိင္းတံု၊ ဧၿပီလ (၁၈) ရက္
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ဳိင္းတံုၿမိဳ႕တြင္ ဧၿပီလ (၁၆) ရက္ သႀကၤန္အတက္ေန႔က လင္မယားခ်င္း စကားမ်ား ရန္ျဖစ္ရာမွ ဇနီးျဖစ္သူမွာ ခင္ပြန္းက ခုတ္လိုက္သည့္ ဓားဒဏ္ရာျဖင့္ ေသဆံုးသြားေၾကာင္း သတင္းရရိွသည္။

"အမႈကို အုပ္ခ်ဳပ္ေရးမႉးက ႏွစ္ဆန္းတစ္ရက္ေန႔ နံနက္ခင္းမွာ လာတိုင္တန္းတာပါ။ တရားခံကို ဖမ္းဆီးထားၿပီးပါၿပီ"ဟု  က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ ရဲအုပ္ေက်ာ္မိုးက ေျပာသည္။

က်ဳိင္းတံုၿမိဳ႕နယ္၊ မိုင္းေနာဖာတအုပ္စု၊ ဖားရွဲေက်းရြာမွ လင္မယားႏွစ္ဦးမွာ ဧၿပီလ (၁၆) ရက္၊ သႀကၤန္အတက္ေန႔၊ ည (၈) နာရီခြဲ အခ်ိန္ခန္႔က စကားမ်ား ရန္ျဖစ္ေနရာမွ ခင္ပြန္းျဖစ္သူက ဇနီးအား ဓားျဖင့္ ခုတ္လိုက္ရာ ဇနီးျဖစ္သူမွာ ဓားဒဏ္ရာျဖင့္ ေနရာတြင္ ပြဲခ်င္းၿပီး ေသဆံုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လူသတ္မႈက်ဴးလြန္ခဲ့သည့္ အသက္ (၂၃) ႏွစ္အရြယ္ အားမြန္ဆိုသူအား က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ) ၇၃/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း သတင္းရရိွသည္။

သတင္း။  ။ ဇင္ေအာင္

**************

ကျိုင်းတုံ၊ ဧပြီလ (၁၈) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဧပြီလ (၁၆) ရက် သင်္ကြန်အတက်နေ့က လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ဇနီးဖြစ်သူမှာ ခင်ပွန်းက ခုတ်လိုက်သည့် ဓားဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သတင်းရရှိသည်။

"အမှုကို အုပ်ချုပ်ရေးမှူးက နှစ်ဆန်းတစ်ရက်နေ့ နံနက်ခင်းမှာ လာတိုင်တန်းတာပါ။ တရားခံကို ဖမ်းဆီးထားပြီးပါပြီ"ဟု ကျိုင်းတုံမြို့မရဲစခန်းမှ ရဲအုပ်ကျော်မိုးက ပြောသည်။

ကျိုင်းတုံမြို့နယ်၊ မိုင်းနောဖာတအုပ်စု၊ ဖားရှဲကျေးရွာမှ လင်မယားနှစ်ဦးမှာ ဧပြီလ (၁၆) ရက်၊ သင်္ကြန်အတက်နေ့၊ ည (၈) နာရီခွဲ အချိန်ခန့်က စကားများ ရန်ဖြစ်နေရာမှ ခင်ပွန်းဖြစ်သူက ဇနီးအား ဓားဖြင့် ခုတ်လိုက်ရာ ဇနီးဖြစ်သူမှာ ဓားဒဏ်ရာဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူသတ်မှုကျူးလွန်ခဲ့သည့် အသက် (၂၃) နှစ်အရွယ် အားမွန်ဆိုသူအား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၇၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~