ရေတွင်းထဲ ရေမော်တာဆင်းပြင်ရာမှ အောက်ဆီဂျင်ပြတ်ပြီး မတက်လာနိုင်သူကို မီးသတ်တပ်ဖွဲ့မှ အချိန်မီကယ်ဆယ်

ရေတွင်းထဲ ရေမော်တာဆင်းပြင်ရာမှ အောက်ဆီဂျင်ပြတ်ပြီး မတက်လာနိုင်သူကို မီးသတ်တပ်ဖွဲ့မှ အချိန်မီကယ်ဆယ်
ဧပွီ 14, 2016
By Tachileik News Agency

တာချီလိတ်၊ ဧပြီ(၁၄)

"ရေတွင်းထဲ ဆင်းပြီးတော့ ရေပိုက်ကို လှမ်းယူလိုက်တဲ့အခါမှာ ချော်ပြီး ကျသွားတာပါ၊ ရေထဲ ရေတွင်းခွေနားမှာ ရေညှိတွေလည်း ရှိတော့ ချော်ပြီး ကျသွားတာ၊ အသက်ရှူကြပ်ပြီး ပြန်မတက်နိုင်တော့တာ"ဟု ရေတွင်းထဲ ပြုတ်ကျခဲ့သည့် ဦးကျော်ထွန်းထွန်းဘွားက ပြောသည်။

ရေတွင်းအကျယ်မှာ (၄)ပေရှိပြီး အနက်မှာ (၄၂)ပေရှိကြောင်း နှင့် ရေတွင်းထဲသို့ ရေမြှုပ်မော်တာနှင့် ရေပိုက်ဆင်းပြင်ရာမှ (၃၆)ပေခန့် အရောက်တွင် အောက်ဆီဂျင်ပြတ်သွားရာမှ အသက်ရှူကြပ်ပြီး ပြန်မတက်နိုင်တော့သည့်အတွက် တာချီလိတ်မြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးကျော်ကိုကို ဦးဆောင်သည့် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း (၁၅)ဦးတို့က မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီးအပြင် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့်အတူ သွားရောက်ကာ အချိန်မီကယ်ဆယ်ခဲ့ရကြောင်း တာချီလိတ်မီးသတ်တပ်ဖွဲ့မှ သိရသည်။

အဆိုပါ ကယ်ဆယ်ရေးအဖွဲ့မှ ရေတွင်းအတွင်း အောက်ဆီဂျင်ဘူးအား ဖွင့်ချပြီး ရေတွင်းအတွင်း မွှေ့ယမ်းခြင်းတို့ဖြင့် အောက်ဆီဂျင်ရရှိရန် ဆောင်ရွက်ပြီးမှ အသက်ရှူမွန်းကြပ်နေသူ ဦးကျော်စွာထွန်းအား ကယ်ဆယ်ရေးအဖွဲ့မှ ရေတွင်းအတွင်းသို့ ဆင်း၍ ဆယ်ပြီး ကယ်ဆယ်ရေးပစ္စည်းများအသုံးပြုကာ ရေတွင်းပေါ်သို့ ပြန်လည်ခေါ်တင်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။


ဓာတ်ပုံ။ ။ ကျော်နိုင်ဝင်း
************
တာချီလိတ်၊ ဧပြီ(၁၄)
တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ရေမော်တာပြင်သူ အမျိုးသားတစ်ဦး အနက်(၄၂)ပေရှိသည့် ရေတွင်းထဲ တွင်
အောက်ဆီဂျင်ပြတ်ကာ အသက်ရှူကြပ်ပြီး ပြန်မတက်နိုင်တော့သဖြင့် ကယ်ဆယ်ရေးအဖွဲ့မှ အချိန်မီ ကယ်ဆယ်လိုက်ရကြောင်း သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ပဒုမ္မာခွေဆိုင်လမ်းကြား၊ နေအိမ်အမှတ်( ၃/၁၁၂)ရှိ ရေတွင်းထဲသို့ ဧပြီလ(၁၄)ရက် သင်္ကြန်အကြတ်နေ့ နေ့လယ် (၁၂)နာရီ (၁၀)မိနစ်အချိန်က အသက်(၄၅)နှစ်ရှိ ဦးကျော်စွာထွန်း(ခ)ဦးကျော်ထွန်းထွန်းဘွားမှ ရေတွင်းထဲတွင် အောက်ဆီဂျင်ပြတ်ကာ အသက်ရှူကြပ်ပြီး ပြန်မတက်နိုင်ခြင်း ဖြစ်သည်။
"ရေတွင်းထဲ ဆင်းပြီးတော့ ရေပိုက်ကို လှမ်းယူလို်က်တဲ့အခါမှာ ချော်ပြီး ကျသွားတာပါ၊ ရေထဲ ရေတွင်းခွေနားမှာ ရေညှိတွေလည်း ရှိတော့ ချော်ပြီး ကျသွားတာ၊ အသက်ရှူကြပ်ပြီး ပြန်မတက်နိုင်တော့တာ"ဟု ရေတွင်းထဲ ပြုတ်ကျခဲ့သည့် ဦးကျော်ထွန်းထွန်းဘွားက ပြောသည်။

ရေတွင်းအကျယ်မှာ (၄)ပေရှိပြီး အနက်မှာ (၄၂)ပေရှိကြောင်း နှင့် ရေတွင်းထဲသို့ ရမြှေုပ်မော်တာနှင့် ရေပိုက်ဆင်းပြင်ရာမှ (၃၆)ပေခန့် အရောက်တွင် အောက်ဆီဂျင်ပြတ်သွားရာမှ အသက်ရှူကြပ်ပြီး ပြန်မတက်နိုင်တော့သည့်အတွက် တာချီလိတ်မြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးကျော်ကိုကို ဦးဆောင်သည့် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း (၁၅)ဦးတို့က မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီးအပြင် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့်အတူ သွားရောက်ကာ အချိန်မီကယ်ဆယ်ခဲ့ရကြောင်း တာချီလိတ်မီးသတ်တပ်ဖွဲ့မှ သိရသည်။

အဆိုပါ ကယ်ဆယ်ရေးအဖွဲ့မှ ရေတွင်းအတွင်း အောက်ဆီဂျင်ဘူးအား ဖွင့်ချပြီး ရေတွင်းအတွင်း မွှေ့ယမ်းခြင်းတို့ဖြင့် အောက်ဆီဂျင်ရရှိရန် ဆောင်ရွက်ပြီးမှ အသက်ရှူမွန်းကြပ်နေသူ ဦးကျော်စွာထွန်းအား ကယ်ဆယ်ရေးအဖွဲ့မှ ရေတွင်းအတွင်းသို့ ဆင်း၍ ဆယ်ပြီး ကယ်ဆယ်ရေးပစ္စည်းများအသုံးပြုကာ ရေတွင်းပေါ်သို့ ပြန်လည်ခေါ်တင်ကယ်တင်နို်င်ခဲ့ကြောင်း သိရသည်။

အဆိုပါနေရာသို့ တာချီလိတ်ကြက်ခြေနီတပ်ဖွဲ့၊ ရွှေတာချီလူမှုကူညီရေးမှ ဒုတိယဥက္ကဌ ဦးဘိုစံ နှင့် အမှုဆောင်များ ရောက်ရှိလာကြပြီး ဦးကျော်စွာထွန်း(ခ)ဦးကျော်ထွန်းထွန်းဘွား အား အချိန်မီကယ်ဆယ်ပေးလိုက်နိုင်သည့် တာချီလိတ်မီးသတ်ဦးစီးဌာနမှ ကယ်ဆယ်ရေးအဖွဲ့အား အထွေထွေအသုံးပြုနိုင်ရန်အတွက် ထိုင်းဘတ်ငွေ(၂၀၀၀)တိတိကို ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ။ #ကျော်နိုင်ဝင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~