သင်္ကြန်အကြိုနေ့ ညပိုင်းက တာချီလိတ်မြို့အနီး အင်အားအနည်းငယ်ရှိ ငလျင်နှစ်ကြိမ်လှုပ်ခတ်သွား

သင်္ကြန်အကြိုနေ့ ညပိုင်းက တာချီလိတ်မြို့အနီး အင်အားအနည်းငယ်ရှိ ငလျင်နှစ်ကြိမ်လှုပ်ခတ်သွား
ဧပွီ 13, 2016
By Tachileik News Agency

တာချီလိတ်၊ ဧပြီ (၁၃)

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၏ အနောက်မြောက်ဘက် (၂၂) မိုင်ခန့်အကွာ ကုန်းတွင်းပိုင်း တစ်နေရာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး (၃.၇) အဆင့် အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ဧပြီလ (၁၂) ရက်၊  မြန်မာစံတော်ချိန် ည (၁၀)နာရီ (၄၆)မိနစ်တွင် လှုပ်ရှားသွားပြီးနောက်၊ မြန်မာစံတော်ချိန် ည (၁၀)နာရီ (၄၈)မိနစ်တွင် တာချီလိတ်မြို့၏ အနောက်မြောက်ဘက် (၁၉)မိုင်ခန့်အကွာ ကုန်းတွင်းပိုင်း တစ်နေရာအား ဗဟိုပြုသည့် အင်အား ရစ်ခ်ျတာစကေး (၃.၀)အဆင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ရှားသွားကြောင်း သိရှိရသည်။
...........

တာချီလိတ်၊ ဧပြီ (၁၃)
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့အနီးတွင် သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ(၁၂)ရက်က အင်အားအနည်းငယ်ရှိသည့် ငလျင်နှစ်ခု လှုပ်ခတ်သွားကြောင်း ထိုင်းနိုင်ငံ မိုးလေဝသဌာန websiteတွင် ဧပြီလ (၁၃)ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားချက်အရ သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၏ အနောက်မြောက်ဘက် (၂၂) မိုင်ခန့်အကွာ ကုန်းတွင်းပိုင်း တစ်နေရာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး (၃.၇) အဆင့် အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ဧပြီလ (၁၂) ရက်၊ မြန်မာစံတော်ချိန် ည (၁၀)နာရီ (၄၆)မိနစ်တွင် လှုပ်ရှားသွားပြီးနောက်၊ မြန်မာစံတော်ချိန် ည (၁၀)နာရီ (၄၈)မိနစ်တွင် တာချီလိတ်မြို့၏ အနောက်မြောက်ဘက် (၁၉)မိုင်ခန့်အကွာ ကုန်းတွင်းပိုင်း တစ်နေရာအား ဗဟိုပြုသည့် အင်အား ရစ်ချ်တာစကေး (၃.ဝ)အဆင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ရှားသွားကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~