အစိုးရအေျပာင္းအလဲေၾကာင့္ တာခ်ီလိတ္အိမ္ၿခံေျမေစ်းကြက္ တည္ၿငိမ္

အစိုးရအေျပာင္းအလဲေၾကာင့္ တာခ်ီလိတ္အိမ္ၿခံေျမေစ်းကြက္ တည္ၿငိမ္
ဧပြီ 30, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီလ (၃၀) ရက္
အစိုးရအေျပာင္းအလဲ ကာလေၾကာင့္ တာခ်ီလိတ္အိမ္၊ ျခံ၊ ေျမ ေစ်းကြက္တည္ၿငိမ္လွ်က္ရွိၿပီး အစိုးရသစ္ လက္ထက္တြင္ ေစ်းကြက္ပိုမိုေကာင္းမြန္လာႏိုင္ေၾကာင္း ေဒသတြင္း အိမ္၊ ျခံ၊ ေျမ ၀န္ေဆာင္မႈလုပ္ငန္း လုပ္ကိုင္ေနသူမ်ားက ခန္႔မွန္းလိုက္သည္။

"အခုအခ်ိန္က အေျပာင္းအလဲ ကာလဆိုေတာ့ ၿငိမ္ေနတယ္။ ေနာက္ၿပီး ဌာနဆိုင္ရာ လူႀကီးေတြလည္း ရံုးလုပ္ငန္းေတြ အတြက္ ဘာလုပ္ရမယ္ဆိုတဲ့ ညႊန္ၾကားမႈေတြမရေသးေတာ့ ရပ္တန္႔ထားၾကတာမ်ားတယ္။ လက္က်န္အလုပ္ေတြေလာက္သာ အလုပ္ျဖစ္ေနတဲ့သေဘာေပါ့"ဟု အိမ္၊ ျခံ၊ ေျမ ၀န္ေဆာင္မႈ အသင္း(တာခ်ီလိတ္)မွ ေကာ္မတီ၀င္ ဦး၀င္းေက်ာ္က ေျပာသည္။

ေစ်းကြက္အတြင္း အေရာင္းအ၀ယ္ျပဳလုပ္သူမ်ားႏွင့္ ၀န္ေဆာင္မႈလုပ္ကုိင္ေနသူမ်ားမွာ အစိုးရသစ္ အေျပာင္းအလဲေၾကာင့္ ေစ်းကြက္ အေရာင္းအ၀ယ္ေအးေနျခင္းျဖစ္ၿပီး အစိုးရသစ္လက္ထက္တြင္ ၀န္ႀကီးဌာနမ်ားတြင္ လုပ္ငန္းအဆင့္ဆင့္ ျမန္ဆန္မည္ေမွ်ာ္လင့္သျဖင့္ စာရြက္စာတမ္းကိစၥမ်ားတြင္ လွ်င္ျမန္ကာ ေစ်းကြက္အေရာင္းအ၀ယ္သြက္ႏိုင္ေၾကာင္း အိမ္ၿခံေျမေစ်းကြက္လုပ္ကိုင္သူမ်ားက သံုးသပ္ေနၾကျခင္းျဖစ္သည္။

"အခုေစ်းကြက္ထဲမွာေတာ့ အေရာင္းအ၀ယ္ မျဖစ္ဘူးေတာ့မဟုတ္ဘူး ျဖစ္ေနတယ္။ နည္းသြားတယ္ေပါ့။ ေရာင္းတဲ့သူေတြကလည္း ေစ်းေကာင္းေစာင့္ေရာင္းၾကတယ္ေလ။ ေစ်းကြက္ကေတာ့ မႏွစ္ကထက္ ပိုေကာင္းလာမယ္ေမွ်ာ္လင့္ထားတာပဲ။ တာခ်ီလိတ္မွာ အဓိက စာရြက္စာတမ္းကိစၥၾကာတတ္တာ။ ဒါျမန္သြားရင္ ေစ်းကြက္ေကာင္းသြားမွာပဲ"ဟု အိမ္၊ ျခံ၊ ေျမ၀န္ေဆာင္မႈလုပ္ကိုင္သူ ကိုေနမ်ိဳးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ အိမ္၊ ျခံ၊ ေျမေစ်းကြက္ေပါက္ေစ်းမွာ ၿမိဳ႕ေပၚရပ္ကြက္မ်ားအတြင္းေပါက္ေစ်းႏွင့္ ၿမိဳ႕စြန္ရပ္ကြက္ေပါက္ေစ်း ကြာျခားမႈအနည္းငယ္ရွိေသာ္လည္း တိုင္းရင္းသားလူမ်ိဳးစုအလုိက္ တစုတစည္းထဲ ေနထိုင္ရန္ ေရြးခ်ယ္ဝယ္ယူေလ့ရိွေၾကာင္း သိရသည္။

ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ (၄၀×၆၀)ေျမကြက္တစ္ကြက္လွ်င္ ဘတ္သိန္း(၂၀)မွ ဘတ္သိန္း(၃၀)ပတ္၀န္းက်င္၊ ၿမိဳ႕စြန္ရပ္ကြက္မ်ားတြင္ ဘတ္(၅)သိန္းပတ္၀န္းက်င္၊ ၿမိဳ႕ျပင္ ေက်းရြာမ်ားတြင္ စီမံကိန္း လုပ္ငန္းမ်ားအတြက္ ၀ယ္ယူမႈမ်ားရွိၿပီး ဧကလိုက္၀ယ္ယူမႈမ်ားရွိေၾကာင္း ေစ်းကြက္ ၀န္ေဆာင္မႈလုပ္ကိုင္သူ အသိုင္းအ၀ိုင္းမွ သိရသည္။

သတင္း။  ။ ကိုဇက္
.............

တာချီလိတ်၊ ဧပြီလ (၃၀) ရက်
အစိုးရအပြောင်းအလဲ ကာလကြောင့် တာချီလိတ်အိမ်၊ ခြံ၊ မြေ ဈေးကွက်တည်ငြိမ်လျှက်ရှိပြီး အစိုးရသစ် လက်ထက်တွင် ဈေးကွက်ပိုမိုကောင်းမွန်လာနိုင်ကြောင်း ဒေသတွင်း အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူများက ခန့်မှန်းလိုက်သည်။

"အခုအချိန်က အပြောင်းအလဲ ကာလဆိုတော့ ငြိမ်နေတယ်။ နောက်ပြီး ဌာနဆိုင်ရာ လူကြီးတွေလည်း ရုံးလုပ်ငန်းတွေ အတွက် ဘာလုပ်ရမယ်ဆိုတဲ့ ညွှန်ကြားမှုတွေမရသေးတော့ ရပ်တန့်ထားကြတာများတယ်။ လက်ကျန်အလုပ်တွေလောက်သာ အလုပ်ဖြစ်နေတဲ့သဘောပေါ့"ဟု အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု အသင်း(တာချီလိတ်)မှ ကော်မတီဝင် ဦးဝင်းကျော်က ပြောသည်။

ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်သူများနှင့် ဝန်ဆောင်မှုလုပ်ကိုင်နေသူများမှာ အစိုးရသစ် အပြောင်းအလဲကြောင့် ဈေးကွက် အရောင်းအဝယ်အေးနခြေင်းဖြစ်ပြီး အစိုးရသစ်လက်ထက်တွင် ဝန်ကြီးဌာနများတွင် လုပ်ငန်းအဆင့်ဆင့် မြန်ဆန်မည်မျှော်လင့်သဖြင့် စာရွက်စာတမ်းကိစ္စများတွင် လျှင်မြန်ကာ ဈေးကွက်အရောင်းအဝယ်သွက်နိုင်ကြောင်း အိမ်ခြံမြေဈေးကွက်လုပ်ကိုင်သူများက သုံးသပ်နကြခြေင်းဖြစ်သည်။

"အခုဈေးကွက်ထဲမှာတော့ အရောင်းအဝယ် မဖြစ်ဘူးတော့မဟုတ်ဘူး ဖြစ်နေတယ်။ နည်းသွားတယ်ပေါ့။ ရောင်းတဲ့သူတွေကလည်း ဈေးကောင်းစောင့်ရောင်းကြတယ်လေ။ ဈေးကွက်ကတော့ မနှစ်ကထက် ပိုကောင်းလာမယ်မျှော်လင့်ထားတာပဲ။ တာချီလိတ်မှာ အဓိက စာရွက်စာတမ်းကိစ္စကြာတတ်တာ။ ဒါမြန်သွားရင် ဈေးကွက်ကောင်းသွားမှာပဲ"ဟု အိမ်၊ ခြံ၊ မြေဝန်ဆောင်မှုလုပ်ကိုင်သူ ကိုနေမျိုးက ပြောသည်။

တာချီလိတ်မြို့တွင် အိမ်၊ ခြံ၊ မြေဈေးကွက်ပေါက်ဈေးမှာ မြို့ပေါ်ရပ်ကွက်များအတွင်းပေါက်ဈေးနှင့် မြို့စွန်ရပ်ကွက်ပေါက်ဈေး ကွာခြားမှုအနည်းငယ်ရှိသော်လည်း တိုင်းရင်းသားလူမျိုးစုအလိုက် တစုတစည်းထဲ နေထိုင်ရန် ရွေးချယ်ဝယ်ယူလေ့ရှိကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက်များတွင် (၄၀×၆၀)မြေကွက်တစ်ကွက်လျှင် ဘတ်သိန်း(၂၀)မှ ဘတ်သိန်း(၃၀)ပတ်ဝန်းကျင်၊ မြို့စွန်ရပ်ကွက်များတွင် ဘတ်(၅)သိန်းပတ်ဝန်းကျင်၊ မြို့ပြင် ကျေးရွာများတွင် စီမံကိန်း လုပ်ငန်းများအတွက် ဝယ်ယူမှုများရှိပြီး ဧကလိုက်ဝယ်ယူမှုများရှိကြောင်း ဈေးကွက် ဝန်ဆောင်မှုလုပ်ကိုင်သူ အသိုင်းအဝိုင်းမှ သိရသည်။

သတင်း။ ကိုဇက်

  #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~