သႀကၤန္အၾကတ္ေန႔တြင္ မိုင္းဖုန္း(ခ)ေက်းရြာ၌ မူးယစ္ေဆး၀ါး ဖမ္းဆီးရမိိ

သႀကၤန္အၾကတ္ေန႔တြင္ မိုင္းဖုန္း(ခ)ေက်းရြာ၌ မူးယစ္ေဆး၀ါး ဖမ္းဆီးရမိိ
ဧပြီ 14, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီလ (၁၄) ရက္
ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု၊ ပါေကာင္ေက်းရြာရိွ အိုက္ဖြန္းႏွင့္ အီပါးတို႔၏ ေနအိမ္အား သတင္းအရ ဧၿပီလ (၁၄) ရက္ နံနက္ (၇) နာရီခြဲအခ်ိန္က ဝင္ေရာက္ရွာေဖြရာ က်ပ္သိန္းေပါင္း (၄၀)ေက်ာ္တန္ဖိုးရိွ မူးယစ္ေဆး၀ါးမ်ားကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္ႏွင့္ သက္ဆိုင္ရာ တာဝန္ရိွသူမ်ား ပါဝင္သည့္အဖြဲ႕သည္ သတင္းအရ အဆိုပါေနအိမ္အား ဝင္ေရာက္ရွာေဖြရာ အိုက္ဖြန္း၊ အီပါးတိုးႏွင့္အတူ ဆုထမ္း၊ႏြဲ႕တို႔အား မက္သာ အက္ဖီတမင္း (အိုက္စ္) အျဖဴေရာင္ပံုေဆာင္ခဲအေလးခ်ိန္ (၁၂) ဂရမ္၊ WY စာတမ္းပါ ပန္းေရာင္ စိတ္ၾကြေဆးျပား (၁,၂၄၂)ျပား၊ အနီေရာင္စိတ္ၾကြေဆးျပား (၄၆၈)ျပား စုစုေပါင္း စိတ္ၾကြေဆးျပားေပါင္း (၁၇၁၀)ျပား၊ အေလးခ်ိန္ (၁၇၁) ဂရမ္၊ ေဒသတန္ဖိုး က်ပ္သိန္းေပါင္း (၄၂.၇၅)၊ စုစုေပါင္း အိုက္စ္ အေလးခ်ိန္ (၁၂) ဂရမ္ခန္႔၊ ေဒသတန္ဖိုး က်ပ္(၃)သိန္းခန္႔တို႔ႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

အဆိုပါေနအိမ္တြင္ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္ (၄၆)ႏွစ္အရြယ္ ဦးအိုက္ဖြန္း၊ အသက္ (၄၂)ႏွစ္အရြယ္ ေဒၚအီပါး၊ အသက္ (၄၆)ႏွစ္အရြယ္ ဦးဆုထမ္းႏွင့္ အသက္ (၄၇)ႏွစ္အရြယ္ ဦးႏြဲ႕အားတို႔ကို ဝမ္ပံုနယ္ေျမရဲစခန္းတြင္ မယ (ပ) ၇/ ၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉ (က)/၂၁ အရ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

...........
တာချီလိတ်၊ ဧပြီလ (၁၄) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ ပါကောင်ကျေးရွာရှိ အိုက်ဖွန်းနှင့် အီပါးတို့၏ နေအိမ်အား သတင်းအရ ဧပြီလ (၁၄) ရက် နံက် (၇) နာရီခွဲအချိန်က ဝင်ရောက်ရှာဖွေရာ ကျပ်သိန်းပေါင်း (၄၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့သည် သတင်းအရ အဆိုပါနေအိမ်အား ဝင်ရောက်ရှာဖွေရာ အိုက်ဖွန်း၊ အီပါးတိုးနှင့်အတူ ဆုထမ်း၊နွဲ့တို့အား မက်သာ အက်ဖီတမင်း (အိုက်စ်) အဖြူရောင်ပုံဆောင်ခဲအလေးချိန် (၁၂) ဂရမ်၊ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၁,၂၄၂)ပြား၊ အနီရောင်စိတ်ကြွဆေးပြား (၄၆၈)ပြား စုစုပေါင်း စိတ်ကြွဆေးပြားပေါင်း (၁၇၁၀)ပြား၊ အလေးချိန် (၁၇၁) ဂရမ်၊ ဒေသတန်ဖိုး ကျပ်သိန်းပေါင်း (၄၂.၇၅)၊ စုစုပေါင်း အိုက်စ် အလေးချိန် (၁၂) ဂရမ်ခန့်၊ ဒေသတန်ဖိုး ကျပ်(၃)သိန်းခန့်တို့နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
အဆိုပါနေအိမ်တွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက် (၄၆)နှစ်အရွယ် ဦးအိုက်ဖွန်း၊ အသက် (၄၂)နှစ်အရွယ် ဒေါ်အီပါး၊ အသက် (၄၆)နှစ်အရွယ် ဦးဆုထမ်းနှင့် အသက် (၄၇)နှစ်အရွယ် ဦးနွဲ့အားတို့ကို ဝမ်ပုံနယ်မြေရဲစခန်းတွင် မယ (ပ) ၇/ ၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉ (က)/၂၁ အရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~