သႀကၤန္ကာလ နီးလာ၍ Double Cub မ်ား အေရာင္းသြက္လာ

သႀကၤန္ကာလ နီးလာ၍ Double Cub မ်ား အေရာင္းသြက္လာ
ဧပြီ 8, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီလ (၈) ရက္ ။   ။ ရွမ္းျပည္နယ္(အေရွ႕ပိုင္း ) တာခ်ီလိတ္ၿမိဳ႕တြင္ Double Cub ကားမ်ား သၾကၤန္ကာလနီးလာခ်ိန္တြင္ ေရာင္းအားသြက္လာေၾကာင္း ကားေစ်းကြက္မွ သိရသည္။

“သၾကၤန္ကာလနားနီးလာေတာ့ ေနာက္ဖုံးပြင့္ကားေတြက ေရာင္းအားသြက္တယ္။ အဓိက က သၾကၤန္မွာ လည္ဖို႔ရယ္ ေနာက္ၿပီး ေတာင္ေပၚေဒသသြားရင္ ကုန္ပစၥည္းတင္ဖို႔အတြက္ရယ္ေၾကာင့္ ၀ယ္ၾကတာပါ။ အရင္လကဆို ကားေစ်းကြက္ကေအးေနတာ။ အခုလမွ တျဖည္းျဖည္းေစ်းကြက္က ေကာင္းလာတာ။” ဟု ေဒသခံ ကားေရာင္း၀ယ္သူ ကိုအိုင္စီက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ သၾကၤန္ကာလအတြင္း ေရာင္းအားေကာင္းလာေသာ Double Cub ကား အမ်ိဳးအစားမ်ားျဖစ္သည့္ Vego ၊ Ford ႏွင့္ Nissan ကားမ်ား ေရာင္းေနရၿပီး Vego 2014 ကို လူႀကိဳက္မ်ားေၾကာင္း သိရသည္။

“ေစ်းအရမ္းႀကီးတဲ့ဟာလည္း မဟုတ္ဘူးေပါ့။ ဘတ္ (၂)သိန္း (၃)သိန္း ရွိတဲ့ ေနာက္ဖုံးပြင့္ကားေတြ ေရာင္းရတယ္။ ျပီးခဲ့တဲ့ ေဖေဖာ္၀ါရီ  လကဆို ကားအေရာင္းအ၀ယ္ကေအးတယ္။ (၂)စီး (၃)စီး ေလာက္ပဲေရာင္းရတယ္။ အခု မတ္ လအတြင္း လကုန္ထိ (၁၀)စီးေက်ာ္ (၁၅)စီးေလာက္ ေရာင္းရတယ္။ အမ်ားအားျဖင့္ေတာ့ Vego 2013 / 2014 ေမာ္ဒယ္ေတြက ပိုေရာင္းရတယ္။”ဟု ကားအေရာင္းအ၀ယ္ျပဳလုပ္သူ တစ္ဦးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ Double Cub ကားအမ်ိဳးအစားမ်ားကို သၾကၤန္အတြက္ လည္ပတ္ရန္အျပင္ ေဒသတြင္း ေတာင္ေပၚၿမိဳ႕မ်ားမွ ကုန္ပစၥည္းအလြယ္တကူသယ္ေဆာင္ႏိုင္ရန္လည္း အသံုးျပဳမႈမ်ားေၾကာင္း သိရသည္။

သတင္း။  ။ ေဇာင္းညီ
..................
တာချီလိတ်၊ ဧပြီလ (၈) ရက်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း ) တာချီလိတ်မြို့တွင် Double Cub ကားများ သင်္ကြန်ကာလနီးလာချိန်တွင် ရောင်းအားသွက်လာကြောင်း ကားဈေးကွက်မှ သိရသည်။

“သင်္ကြန်ကာလနားနီးလာတော့ နောက်ဖုံးပွင့်ကားတွေက ရောင်းအားသွက်တယ်။ အဓိက က သင်္ကြန်မှာ လည်ဖို့ရယ် နောက်ပြီး တောင်ပေါ်ဒေသသွားရင် ကုန်ပစ္စည်းတင်ဖို့အတွက်ရယ်ကြောင့် ဝယ်ကြတာပါ။ အရင်လကဆို ကားဈေးကွက်ကအေးနေတာ။ အခုလမှ တဖြည်းဖြည်းဈေးကွက်က ကောင်းလာတာ။” ဟု ဒေသခံ ကားရောင်းဝယ်သူ ကိုအိုင်စီက ပြောသည်။

တာချီလိတ်မြို့တွင် သင်္ကြန်ကာလအတွင်း ရောင်းအားကောင်းလာသော Double Cub ကား အမျိုးအစားများဖြစ်သည့် Vego၊ Ford နှင့် Nissan ကားများ ရောင်းနေရပြီး Vego 2014 ကို လူကြိုက်များကြောင်း သိရသည်။

“ဈေးအရမ်းကြီးတဲ့ဟာလည်း မဟုတ်ဘူးပေါ့။ ဘတ် (၂)သိန်း (၃)သိန်း ရှိတဲ့ နောက်ဖုံးပွင့်ကားတွေ ရောင်းရတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကဆို ကားအရောင်းအဝယ်ကအေးတယ်။ (၂)စီး (၃)စီး လောက်ပဲရောင်းရတယ်။ အခု မတ် လအတွင်း လကုန်ထိ (၁၀)စီးကျော် (၁၅)စီးလောက် ရောင်းရတယ်။ အများအားဖြင့်တော့ Vego 2013 / 2014 မော်ဒယ်တွေက ပိုရောင်းရတယ်။”ဟု ကားအရောင်းအဝယ်ပြုလုပ်သူ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် Double Cub ကားအမျိုးအစားများကို သင်္ကြန်အတွက် လည်ပတ်ရန်အပြင် ဒေသတွင်း တောင်ပေါ်မြို့များမှ ကုန်ပစ္စည်းအလွယ်တကူသယ်ဆောင်နိုင်ရန်လည်း အသုံးပြုမှုများကြောင်း သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~