ထိုင္းႏိုင္ငံတြင္ ဆက္လက္ ေနထိုင္လိုျခင္း မရွိေတာ့သည့္ ျမန္မာလုပ္သား (၁၂)ဦးအား ေနရပ္ျပန္ရန္အတြက္ ကူညီ

ထိုင္းႏိုင္ငံတြင္ ဆက္လက္ ေနထိုင္လိုျခင္း မရွိေတာ့သည့္ ျမန္မာလုပ္သား (၁၂)ဦးအား ေနရပ္ျပန္ရန္အတြက္ ကူညီ
ဧပြီ 27, 2016
By Tachileik News Agency
တာခ်ီလိတ္၊ ဧၿပီလ(၂၇)ရက္ 
ထိုင္းႏိုင္ငံတြင္ ေနထိုင္အလုပ္ လုပ္ကိုင္ေနသည့္ ျမန္မာလုပ္သားမ်ားမွ ထိုင္းႏိုင္ငံတြင္ ဆက္
လက္ ေနထိုင္လိုျခင္း မရွိေတာ့ဘဲ မိမိတို႔ အမိႏိုင္ငံသို႔ ျပန္လည္ထြက္ခြါရန္ အခက္အခဲျဖစ္ေပၚလွ်က္ရွိ
ရာ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာေကာင္စစ္၀န္ႏွင့္ ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕ေရာက္ျမန္မာႏိုင္ငံသားမ်ားအား
ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏိႈင္းေရးေကာ္မတီ (CNCMC )တို႔၏ အကူအညီျဖင့္ ဧၿပီလ (၂၇)
ရက္ေန႔တြင္ ျပန္လည္ေရာက္ရွိခဲ့ၾကသည္။
ျဖစ္စဥ္မွာ ထိုင္းႏိုင္ငံ ခ်င္းမိုင္ခရိုင္ ဆမ္ပါေတာင္းၿမိဳ႕ F9 ၾကက္ေမြးျမဴေရးႏွင့္အသားထုတ္လုပ္
ေရးစက္ရံုတြင္ လာေရာက္အလုပ္ လုပ္ကိုင္ေနၾကသည့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ဖယ္ခံုၿမိဳ႕နယ္မွ
ကယန္းတိုင္းရင္းသား (၈)ဦး ၊ ရွမ္းတိုင္းရင္းသားတစ္ဦး ၊ အင္းသားတိုင္းရင္းသား (၂)ဦး ၊ ကရင္တိုင္း
ရင္းသား (၁)ဦး စုစုေပါင္း ျမန္မာေရႊ႕ေျပာင္းအလုပ္သမား (၁၂)ဦးႏွင့္ (၇)လအရြယ္ ရင္ေသြးငယ္
တစ္ဦးတို႔သည္ အဆိုပါ စက္ရံုတြင္ တစ္ရက္တာအလုပ္ခ်ိန္ (၉)နာရီအလုပ္ လုပ္ရသည့္အျပင္ စက္
ရံုမွ စီစဥ္ေပးသည့္ ေနအိမ္တြင္ ေနထုိင္မႈစရိတ္အျဖစ္ တစ္ရက္လွ်င္ (၂) နာရီ အခ်ိန္ပိုဆင္းေပးရကာ
တစ္ရက္လွ်င္ စုစုေပါင္း အလုပ္ခ်ိန္ (၁၁)နာရီလုပ္ကိုင္ရျခင္း။ လုပ္သားတစ္ဦးလွ်င္ တစ္ရက္တာ
ၾကက္ေကာင္ေရ တစ္ေသာင္းစီ အေမႊးႏႈတ္၊ ကလီစာထုတ္စသည့္ အလုပ္မ်ားအား လုပ္ကိုင္ရျခင္း ၊
ရရွိသည့္ လုပ္အားခႏွင့္ စား၀တ္ေနေရးစရိတ္ မမွ်တျခင္းမ်ားေၾကာင့္ ဆက္လက္လုပ္ကိုင္လိုျခင္းမျပဳ
ေတာ့ပဲ မိမိတို႕ဇာတိေျမတြင္သာ ျပန္လည္လုပ္ကိုင္စားေသာက္လိုေသာ္လည္း အမိျမန္မာျပည္သို႕
ျပန္ရန္ အခက္အခဲမ်ားရွိေနသည့္ အတြက္ ခ်င္းမိုင္ၿမိဳ႕ရွိ ျမန္မာေကာင္စစ္၀န္ရံုးသို႔ ဆက္သြယ္အကူ
အညီေတာင္းခံခဲ့ရာ ျမန္မာေကာင္စစ္၀န္ ဦးေကာင္းစံလြင္မွ လိုအပ္သည္မ်ားအား ပံ့ပိုးကူညီေပးကာ
တာခ်ီလိတ္ၿမိဳ႕ရွိ CNCMC ေကာ္မတီႏွင့္ခ်ိတ္ဆက္ၿပီး ၎ျမန္မာအလုပ္သမားမ်ားအား ဧၿပီလ
(၂၇)ရက္ မြန္းလြဲပိုင္းတြင္ တာခ်ီလိတ္ၿမိဳ႕သို႔ ပို႔ေဆာင္ေပးခဲ့သည္။
အဆိုပါ ေနရပ္ျပန္ေရႊ႕ေျပာင္းလုပ္သားမ်ားအား CNCMC ေကာ္မတီ၀င္မ်ားျဖစ္ၾကသည့္ ဦးေအာင္ၿဖိဳးရွိန္၊ ဦးစည္သူေမာင္၊ ဦးသန္းထြန္း ၊ ဦး၀င္းေအာင္ေဇာ္ ႏွင့္ ဦးသန္းထြန္းေအာင္ တို႕မွ မယ္ဆိုင္ၿမိဳ႕ ထိုင္း - ျမန္မာ နယ္ျခားေကာ္မတီ၏ ပံ့ပိုးကူညီမႈျဖင့္ သြားေရာက္ႀကိဳဆိုေခၚေဆာင္ခဲ့ၾကၿပီး တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ တို႔မွ ေႏြးေထြးစြာႀကိဳဆိုၾကၿပီး အားေပးစကားမ်ား ေျပာၾကားကာ  ဦးဘိုေလး (TBC) မိသားစုမွ ေန႔လယ္ စာျဖင့္ ဧည့္ခံေကၽြးေမြးလိုက္ေၾကာင္း သိရသည္။ 
ထို႕ေနာက္ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ၊ ဦးဘိုေလး ( TBC ) မိသားစု ၊ ဦးထြန္း (ဆန္ဆိုင္း - က) မိသားစုမ်ားက ေနရပ္ျပန္ ေရႊ႕ေျပာင္းလုပ္သား မ်ားအား ေထာက္ပံ့ေငြမ်ား ေပးအပ္ကာ ၿမိဳ႕နယ္ မ-ထ-သ ႏွင့္ CNCMC ေကာ္မတီတို႕၏ ပူးေပါင္းစီစဥ္မႈျဖင့္ ညေနပိုင္းတြင္ ေမာ္ေတာ္ယာဥ္ခရီးျဖင့္ ဖယ္ခံုၿမိဳ႕သို႕ ဆက္လက္ပို႕ေဆာင္ေပးလိုက္ေၾကာင္း သိရွိရသည္။
သတင္း ။  ။ ေမာင္ယဥ္ေက်း
ဓာတ္ပံု။  ။ ေဇာင္းညီ
.............................
တာချီလိတ်၊ ဧပြီလ(၂၇)ရက် 
ထိုင်းနိုင်ငံတွင် နေထိုင်အလုပ် လုပ်ကိုင်နေသည့် မြန်မာလုပ်သားများမှ ထိုင်းနိုင်ငံတွင် ဆက်
လက် နေထိုင်လိုခြင်း မရှိတော့ဘဲ မိမိတို့ အမိနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် အခက်အခဲဖြစ်ပေါ်လျှက်ရှိ
ရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက်မြန်မာနိုင်ငံသားများအား
ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC )တို့၏ အကူအညီဖြင့် ဧပြီလ (၂၇)
ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့ကြသည်။
ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဆမ်ပါတောင်းမြို့ F9 ကြက်မွေးမြူရေးနှင့်အသားထုတ်လုပ်
ရေးစက်ရုံတွင် လာရောက်အလုပ် လုပ်ကိုင်နကြေသည့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်မှ
ကယန်းတိုင်းရင်းသား (၈)ဦး၊ ရှမ်းတိုင်းရင်းသားတစ်ဦး၊ အင်းသားတိုင်းရင်းသား (၂)ဦး၊ ကရင်တိုင်း
ရင်းသား (၁)ဦး စုစုပေါင်း မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၂)ဦးနှင့် (၇)လအရွယ် ရင်သွေးငယ်
တစ်ဦးတို့သည် အဆိုပါ စက်ရုံတွင် တစ်ရက်တာအလုပ်ချိန် (၉)နာရီအလုပ် လုပ်ရသည့်အပြင် စက်
ရုံမှ စီစဉ်ပေးသည့် နေအိမ်တွင် နေထိုင်မှုစရိတ်အဖြစ် တစ်ရက်လျှင် (၂) နာရီ အချိန်ပိုဆင်းပေးရကာ
တစ်ရက်လျှင် စုစုပေါင်း အလုပ်ချိန် (၁၁)နာရီလုပ်ကိုင်ရခြင်း။ လုပ်သားတစ်ဦးလျှင် တစ်ရက်တာ
ကြက်ကောင်ရေ တစ်သောင်းစီ အမွှေးနှုတ်၊ ကလီစာထုတ်စသည့် အလုပ်များအား လုပ်ကိုင်ရခြင်း၊
ရရှိသည့် လုပ်အားခနှင့် စားဝတ်နေရေးစရိတ် မမျှတခြင်းများကြောင့် ဆက်လက်လုပ်ကိုင်လိုခြင်းမပြု
တော့ပဲ မိမိတို့ဇာတိမြေတွင်သာ ပြန်လည်လုပ်ကိုင်စားသောက်လိုသော်လည်း အမိမြန်မာပြည်သို့
ပြန်ရန် အခက်အခဲများရှိနေသည့် အတွက် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးသို့ ဆက်သွယ်အကူ
အညီတောင်းခံခဲ့ရာ မြန်မာကောင်စစ်ဝန် ဦးကောင်းစံလွင်မှ လိုအပ်သည်များအား ပံ့ပိုးကူညီပေးကာ
တာချီလိတ်မြို့ရှိ CNCMC ကော်မတီနှင့်ချိတ်ဆက်ပြီး၎င်းမြန်မာအလုပ်သမားများအား ဧပြီလ
(၂၇)ရက် မွန်းလွဲပိုင်းတွင် တာချီလိတ်မြို့သို့ ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ နေရပ်ပြန်ရွှေ့ပြောင်းလုပ်သားများအား CNCMC ကော်မတီဝင်များဖြစ်ကြသည့် ဦးအောင်ဖြိုးရှိန်၊ ဦးစည်သူမောင်၊ ဦးသန်းထွန်း၊ ဦးဝင်းအောင်ဇော် နှင့် ဦးသန်းထွန်းအောင် တို့မှ မယ်ဆိုင်မြို့ ထိုင်း - မြန်မာ နယ်ခြားကော်မတီ၏ ပံ့ပိုးကူညီမှုဖြင့် သွားရောက်ကြိုဆိုခေါ်ဆောင်ခဲ့ကြပြီး တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် တို့မှ နွေးထွေးစွာကြိုဆိုကြပြီး အားပေးစကားများ ပြောကြားကာ ဦးဘိုလေး (TBC) မိသားစုမှ နေ့လယ် စာဖြင့် ဧည့်ခံကျွေးမွေးလိုက်ကြောင်း သိရသည်။ 
ထို့နောက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ဦးဘိုလေး ( TBC ) မိသားစု၊ ဦးထွန်း (ဆန်ဆိုင်း - က) မိသားစုများက နေရပ်ပြန် ရွှေ့ပြောင်းလုပ်သား များအား ထောက်ပံ့ငွေများ ပေးအပ်ကာ မြို့နယ် မ-ထ-သ နှင့် CNCMC ကော်မတီတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ညနေပိုင်းတွင် မော်တော်ယာဉ်ခရီးဖြင့် ဖယ်ခုံမြို့သို့ ဆက်လက်ပို့ဆောင်ပေးလိုက်ကြောင်း သိရှိရသည်။
သတင်း။ မောင်ယဉ်ကျေး
ဓာတ်ပုံ။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~