မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီနိုင်ရန်အတွက် CNCMC ရုံးအား ချစ်ကြည်ရေးတံတားပေါ်တွင် ဖွင့်လှစ်မည်

မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီနိုင်ရန်အတွက် CNCMC ရုံးအား ချစ်ကြည်ရေးတံတားပေါ်တွင် ဖွင့်လှစ်မည်
ဧပွီ 26, 2016
By Tachileik News Agency

တာချီလိတ်၊ ဧပြီ(၂၆)
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအရေး ကူညီပေးနေသော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေကော်မတီ (CNCMC) နာယကများနှင့် ကော်မတီဝင်များမှ ဧပြီလ (၂၆)ရက်နေ့ နေ့လယ်ပိုင်းက တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံကာ CNCMC ကော်မတီ၏ ရုံးခန်းကိစ္စ အကောင်ထည်ဖော်ရေးနှင့် ထိုင်းရဲများ ဆီးစစ်ငွေညစ်မှုပပျောက်ရေးအတွက် အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။



တာချီလိတ်မြို့ ဒေသခံအနေဖြင့် လည်းကောင်း၊ ရပ်ဝေးမှ အလည်လာသော ဧည့်သည်များ လည်းကောင်း၊ တဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ အလည်အပတ်သွားသည့် အခါ လမ်းမတွင် ထိုင်းရဲများက ဆီးစစ်ငွေညစ်မှု မကြာခဏပြုလုပ်လျှက်ရှိသောကြောင့် ယင်းသို့ပြုလုပ်မှု ပပျောက်ရေးကို အစည်းဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

"နှစ်နိုင်ငံ အလွတ်သဘော မြန်မာ - ထိုင်း တွေ့ဆုံ အစည်းအဝေးတွေမှာလည်း ဒီကိစ္စကို ထည့်သွင်းပြီး အကြိမ်ကြိမ် ဆွေးနွေးခဲ့ပါတယ်။ CNCMC အနေနဲ့လည်း ယင်းကဲ့သို့ ထိုင်းရဲများ ဆီးစစ်မှုတွေကို အချက်အလက်များ သိရှိထားသည်ကိုလည်း တင်ပြပြီး နှစ်နိုင်ငံအလွတ်သဘောအစည်းအဝေး တွေမှာ မကြာခဏ ထည့်သွင်းဆွေးနွေးသွားရင် ကောင်းပါတယ်။"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး  ဦးတင်ဝင်းရွှေက အစည်းအဝေးတွင် ထည့်သွင်းပြောကြားသည်။


သတင်း။  ။ ဇောင်းညီ
ဓာတ်ပုံ။  ။ ဇွဲမြတ်
..............

တာချီလိတ်၊ ဧပြီ(၂၆)
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအရေး ကူညီပေးနေသော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေကော်မတီ (CNCMC) နာယကများနှင့် ကော်မတီဝင်များမှ ဧပြီလ (၂၆)ရက်နေ့ နေ့လယ်ပိုင်းက တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းအေဝးခန်းမ၌ တွေ့ဆုံကာ CNCMC ကော်မတီ၏ ရုံးခန်းကိစ္စ အကောင်ထည်ဖော်ရေးနှင့် ထိုင်းရဲများ ဆီးစစ်ငွေညစ်မှုပပျောက်ရေးအတွက် အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းအစည်းဝေးပွဲသို့ CNCMC ကော်မတီ နာယကများဖြစ်သည့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် နာယကအဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီမှ အဖွဲ့ဝင်များ တွေ့ဆုံကာ ဆွေးနွေးခဲ့ကြပြီး မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁)ပေါ်တွင် CNCMC ရုံးခန်း တည်ဆောက်ရန်အတွက် သဘောတူခဲ့ကြကြောင်း သိရသည်။

"အဓိက ရုံးခန်းဖြစ်ပေါ်စေချင်တာက ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသား အရေးဆောင်ရွက်ရာမှာ တဖက်ထိုင်းနိုင်ငံက ဌာနဆိုင်ရာအကြီးအကဲတွေ လာရောက်တွေ့ဆုံတဲ့အခါ သီးသန့် နေရာ မရှိတော့ အခက်အခဲ အနည်းငယ်ရှိတယ်။ ဒါကြောင့် သီးသန့်ရုံးခန်း တည်ဆောက်ဖို့အတွက် နာယကများက ဆုံးဖြတ်တာပါ။ နောက်ပြီး လာရောက်တိုင်ကြားသူများအတွက်လည်း လွယ်ကူစေရန်အတွက်ပါ "ဟု CNCMC မှ လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်ဖြိုးရှိန်က ပြောသည်။

တာချီလိတ်မြို့ ဒေသခံအနဖြေင့် လည်းကောင်း၊ ရပ်ဝေးမှ အလည်လာသော ဧည့်သည်များ လည်းကောင်း၊ တဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ အလည်အပတ်သွားသည့် အခါ လမ်းမတွင် ထိုင်းရဲများက ဆီးစစ်ငွေညစ်မှု မကြာခဏပြုလုပ်လျှက်ရှိသောကြောင့် ယင်းသို့ပြုလုပ်မှု ပပျောက်ရေးကို အစည်းဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

"နှစ်နိုင်ငံ အလွတ်သဘော မြန်မာ - ထိုင်း တွေ့ဆုံ အစည်းအေဝးတွေမှာလည်း ဒီကိစ္စကို ထည့်သွင်းပြီး အကြိမ်ကြိမ် ဆွေးနွေးခဲ့ပါတယ်။ CNCMC အနေနဲ့လည်း ယင်းကဲ့သို့ ထိုင်းရဲများ ဆီးစစ်မှုတွေကို အချက်အလက်များ သိရှိထားသည်ကိုလည်း တင်ပြပြီး နှစ်နိုင်ငံအလွတ်သဘောအစည်းအေဝး တွေမှာ မကြာခဏ ထည့်သွင်းဆွေးနွေးသွားရင် ကောင်းပါတယ်။"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက အစည်းအေဝးတွင် ထည့်သွင်းပြောကြားသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေကော်မတီ (CNCMC)အား တာချီလိတ်မြို့တွင် ၂၀၁၃ခုနှစ် သြဂုတ်လ(၂၆)ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊၎င်းကော်မတီသည် မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ၏ အခက်အခဲများနှင့် ချင်းရိုင်းခရိုင်အတွင်း မြန်မာနိုင်ငံသားများ၏ အရေးတို့ကို ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~