အက်ႌမပါဘဲ သႀကၤန္ဆင္ႏႊဲတဲ့ ႏုိင္ငံျခားသားတစ္ဦးကို ဖမ္းဆီးကာ ဘတ္(၁၀၀) ဒဏ္တပ္

အက်ႌမပါဘဲ သႀကၤန္ဆင္ႏႊဲတဲ့ ႏုိင္ငံျခားသားတစ္ဦးကို ဖမ္းဆီးကာ ဘတ္(၁၀၀) ဒဏ္တပ္
ဧပြီ 14, 2016
By Tachileik News Agency

ဘာသာျပန္၊ ဧၿပီ(၁၄)
ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕မွာ အက်ၤ ီမပါဘဲ သႀကၤန္ပြဲေတာ္ ဝင္ေရာက္ဆင္ႏႊဲတဲ့ ႏုိင္ငံျခားသား ခရီးသြားလူငယ္ကို ထုိင္းရဲတပ္ဖြဲ႕က ဧၿပီလ ၁၃ ရက္ေန႔မွာ ထိန္းသိမ္းလိုက္ပါတယ္။

ဒီလူငယ္ဟာ အက်ၤ ီမပါဘဲ လမ္းေလွ်ာက္လာတာကို ေတြ႔တာေၾကာင့္ လူျမင္ကြင္းမွာ အျမင္မတင့္တယ္မႈနဲ႔ ဖမ္းဆီးထိန္းသိမ္းလိုက္တာျဖစ္တယ္လို႔ ယာဥ္ထိန္းရဲအရာရိွ Pol. Col. Piyapan Pattarapongsin ကဆိုပါတယ္။

အဲဒီလူငယ္ဟာ ဘယ္ႏိုင္ငံသားျဖစ္တယ္ဆိုတာကိုေတာ့ ရဲတပ္ဖြဲ႕က ထုတ္ေဖၚေျပာၾကားထားျခင္း မရိွပါဘူး။

ဒီလူငယ္ကို ရဲစခန္းမွာ ထိုင္းဘတ္ေငြ တစ္ရာ ဒဏ္ေငြေဆာင္ခိုင္းလိုက္တယ္လို႔ သိရပါတယ္။
လက္ရိွမွာေတာ့ ခ်င္းမိုင္ျပည္နယ္မွာ ဒီႏွစ္သႀကၤန္ကာလအတြင္း လိင္အသားေပးကကြက္၊ အတြင္းသားေတြကို ျမင္ႏုိင္တဲ့ ေဘာင္းဘီဝတ္ဆင္ျခင္းတို႔ကို တားျမစ္ထားတာျဖစ္ပါတယ္။

ဒါ့အျပင္ ေရစိုရင္ အထင္းသားျမင္ေနရတဲ့ အဝတ္အစားေတြကိုလည္း မဝတ္ဆင္ဖို႔ သတိေပးထားတာ ျဖစ္ၿပီး အာဏာပိုင္ေတြဟာ ၿမိဳ႕ေတာ္သႀကၤန္ကို ရိုးရာထိုင္းဝတ္စံုနဲ႔ ဆင္ႏႊဲဖို႔ ႀကိဳးပမ္းေနတာျဖစ္တယ္လို႔ သတင္းမွာ ေဖၚျပထားပါတယ္။

ဘာသာျပန္။  ။ ဇာႏွင္းထိုက္
Ref: coconuts

................
ဘာသာပြန်၊ ဧပြီ(၁၄)
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အင်္ကျီမပါဘဲ သင်္ကြန်ပွဲတော် ဝင်ရောက်ဆင်နွှဲတဲ့ နိုင်ငံခြားသား ခရီးသွားလူငယ်ကို ထိုင်းရဲတပ်ဖွဲ့က ဧပြီလ ၁၃ ရက်နေ့မှာ ထိန်းသိမ်းလိုက်ပါတယ်။
ဒီလူငယ်ဟာ အင်္ကျီမပါဘဲ လမ်းလျှောက်လာတာကို တွေ့တာကြောင့် လူမြင်ကွင်းမှာ အမြင်မတင့်တယ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ ယာဉ်ထိန်းရဲအရာရှိ Pol. Col. Piyapan Pattarapongsin ကဆိုပါတယ်။
အဲဒီလူငယ်ဟာ ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာကိုတော့ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားထားခြင်း မရှိပါဘူး။
ဒီလူငယ်ကို ရဲစခန်းမှာ ထိုင်းဘတ်ငွေ တစ်ရာ ဒဏ်ငွေဆောင်ခိုင်းလိုက်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ချင်းမိုင်ပြည်နယ်မှာ ဒီနှစ်သင်္ကြန်ကာလအတွင်း လိင်အသားပေးကကွက်၊ အတွင်းသားတွေကို မြင်နိုင်တဲ့ ဘောင်းဘီဝတ်ဆင်ခြင်းတို့ကို တားမြစ်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် ရေစိုရင် အထင်းသားမြင်နေရတဲ့ အဝတ်အစားတွေကိုလည်း မဝတ်ဆင်ဖို့ သတိပေးထားတာ ဖြစ်ပြီး အာဏာပိုင်တွေဟာ မြို့တော်သင်္ကြန်ကို ရိုးရာထိုင်းဝတ်စုံနဲ့ ဆင်နွှဲဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဘာသာပြန်။ ဇာနှင်းထိုက်
Ref: coconuts
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net