နမ့္စန္ၿမိဳ႕ရွိ တပ္သိမ္းေျမ (၁၄၄)ဧကတြင္ ကေမၻာဇကုမၸဏီမွ ေက်ာက္မီးေသြးတူးေဖၚေန

နမ့္စန္ၿမိဳ႕ရွိ တပ္သိမ္းေျမ (၁၄၄)ဧကတြင္ ကေမၻာဇကုမၸဏီမွ ေက်ာက္မီးေသြးတူးေဖၚေန
ဧပြီ 24, 2016
By Tachileik News Agency

နမ့္စန္၊ ဧၿပီ (၂၄) ရက္
ရွမ္းျပည္နယ္ေတာင္ပိုင္း နမ့္စန္ၿမိဳ႕တြင္ အမွတ္(၇၃) သံခ်ပ္ကာတပ္ရင္းမွ ၂၀၁၄ ခုႏွစ္တြင္ သိမ္းယူထားသည့္ ေျမ (၁၄၄)ဧကေပၚတြင္ ကေမာၻဇကုမၸဏီမွ ေက်ာက္မီးေသြးတူးေဖၚေနသျဖင့္ မူလေတာင္သူမ်ား သီးႏွံစိုက္ပ်ိဳးခြင့္ဆံုးရံႈးေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္း နမ့္စန္ၿမိဳ႕တြင္ အမွတ္(၇၃)သံခ်ပ္ကာတပ္ရင္းမွ ၂၀၁၄ ခုႏွစ္ မတ္လ(၂၂)ရက္ေန႔တြင္ ေတာင္သူ(၁၀)ဦးပိုင္ စိုက္ပ်ိဳးေျမ(၁၄၄)ဧကအား သိမ္းယူခဲ့ျခင္းျဖစ္ၿပီး ကုမၸဏီက ေက်ာက္မီးေသြး တူးေဖၚမႈေၾကာင့္ ၂၀၁၅ ခုႏွစ္ကတည္းက စိုက္ပ်ိဳးခြင့္မရေတာ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ကေမာၻဇကုမၸဏီကုိေတာ့ ေက်ာက္မီးေသြး ေပးတူးထားတယ္။ ေတာင္သူေတြကုိေတာ့ လုပ္ကုိင္စားေသာက္ခြင့္ မေပးဘူး။ အမွတ္(၇၃)သံခ်ပ္ကာတပ္ရင္းက မတရားဘူး။ ဒီေျမေပၚမွာ မူလေတာင္သူေတြ လုပ္စားလာတာ ႏွစ္ေပါင္း(၄၅)ႏွစ္႐ွိၿပီ။ ၿပီးေတာ့ တပ္က သိမ္းထားတဲ့ေျမဟာလည္း တပ္အေဆာက္အဦးနဲ႔အေ၀းႀကီးပါ"ဟု ေျမသိမ္းဆည္းခံ ေတာင္သူတစ္ဦးျဖစ္သည့္ ဦးရီမြန္းက ေျပာသည္။
စိုက္ပ်ိဳးေျမအသိမ္းခံရၿပီးေနာက္ သီးႏွံစိုက္ပ်ိဳးမႈျဖင့္ ရပ္တည္ေနသည့္ ေတာင္သူမ်ားမွာ စားဝတ္ေနေရး အခက္အခဲေၾကာင့္ မိသားစုလိုက္ ထုိင္းႏိုင္ငံသို႔ သြားေရာက္၍ ေရႊ႕ေျပာင္းလုပ္သားမ်ားအျဖစ္ လုပ္ကိုင္ေနရေၾကာင္း သိရသည္။

"ဒီေျမေတြနဲ႔ပတ္သတ္လုိ႔ ကာကြယ္ေရးဦးစီးခ်ဳပ္အထိလည္း စာတင္ပါတယ္။ ဘုတ္အဖြဲ႔လည္း လာစစ္ပါတယ္။ အခုခ်ိန္ထိေတာ့ တပ္ကစြန္႔လႊတ္ေျမေတြကုိ ျပန္မေပးေသးပါဘူး။ ေက်ာက္မီးေသြးတူးေနတာကေတာ့ အခ်ဳိ႕ရဲ႕လယ္ေျမေတြပါသြားၿပီ။ တေျဖးေျဖးနဲ႔ ကြၽန္ေတာ္ရဲ႕ လယ္ယာေျမဘက္ေတာင္ေရာက္လာေတာ့မယ္"ဟု ေျမသိမ္းခံရသည့္ ေတာင္သူတစ္ဦးက ေျပာသည္။

ရွမ္းျပည္နယ္အတြင္း တပ္မေတာ္မွ ေျမဧကေပါင္း (၆၃၈၀၃)ဧကအား ျပန္လည္စြန္႔လြတ္ခဲ့ေသာ္လည္း ရွမ္းျပည္နယ္ေတာင္ပိုင္း နမ့္စန္ၿမိဳ႕တြင္ တပ္မေတာ္မွ ျပန္လည္စြန္႔လႊတ္ျခင္းမရွိေသးေၾကာင္း သိမ္းဆည္းခံေတာင္သူမ်ားထံမွ သိရသည္။

"အထက္ကလည္း စာမက်လာေသးဘူး။ ဧၿပီလထဲမွာေတာ့ သိရမွာပါၿပီ။ ေတာင္သူေတြကုိလည္း ေျမမ်ားျပန္လည္စြန္႔လႊတ္ရင္ အခမ္းအနားနဲ႔ေပးမွာပါ။ ေတာင္သူေတြကုိလည္း ဖိတ္မွာပါ"ဟု ေျမယာစီမံခန္႔ခြဲေရးေကာ္မတီဥကၠဌ ဦးမင္းသူရက ေျပာသည္။

အဆိုပါ သိမ္းဆည္းခံလယ္ေျမမ်ားမွာ တပ္မေတာ္မွ သိမ္းဆည္းထားျခင္းျဖစ္ၿပီး ျပည္ထဲေရး၀န္ႀကီးဌာနမွ ကိုင္တြယ္ေဆာင္ရြက္ျခင္းျဖစ္သျဖင့္ ျပန္လည္ စြန္႔လြတ္ျခင္းမျပဳေသးပါက လယ္ယာေျမစီမံခန္႔ခြဲေရးမွ စီမံပိုင္ခြင့္မရွိေသးေၾကာင္း လယ္ယာေျမစီမံခန္႔ခြဲေရးေကာ္မတီမွ သိရသည္။

သတင္း။  ။ သန္းစိုးေအာင္(နမ့္စန္)

............
နမ့်စန်၊ ဧပြီ (၂၄) ရက်
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် အမှတ်(၇၃) သံချပ်ကာတပ်ရင်းမှ ၂၀၁၄ ခုနှစ်တွင် သိမ်းယူထားသည့် မြေ (၁၄၄)ဧကပေါ်တွင် ကမော္ဘဇကုမ္ပဏီမှ ကျောက်မီးသွေးတူးဖော်နေသဖြင့် မူလတောင်သူများ သီးနှံစိုက်ပျိုးခွင့်ဆုံးရှုံးနေကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် အမှတ်(၇၃)သံချပ်ကာတပ်ရင်းမှ ၂၀၁၄ ခုနှစ် မတ်လ(၂၂)ရက်နေ့တွင် တောင်သူ(၁၀)ဦးပိုင် စိုက်ပျိုးမြေ(၁၄၄)ဧကအား သိမ်းယူခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီက ကျောက်မီးသွေး တူးဖော်မှုကြောင့် ၂၀၁၅ ခုနှစ်ကတည်းက စိုက်ပျိုးခွင့်မရတော့ခြင်းဖြစ်ကြောင်း သိရသည်။
"ကမော္ဘဇကုမ္ပဏီကိုတော့ ကျောက်မီးသွေး ပေးတူးထားတယ်။ တောင်သူတွေကိုတော့ လုပ်ကိုင်စားသောက်ခွင့် မပေးဘူး။ အမှတ်(၇၃)သံချပ်ကာတပ်ရင်းက မတရားဘူး။ ဒီမြေပေါ်မှာ မူလတောင်သူတွေ လုပ်စားလာတာ နှစ်ပေါင်း(၄၅)နှစ်ရှိပြီ။ ပြီးတော့ တပ်က သိမ်းထားတဲ့မြေဟာလည်း တပ်အဆောက်အဦးနဲ့အေဝးကြီးပါ"ဟု မြေသိမ်းဆည်းခံ တောင်သူတစ်ဦးဖြစ်သည့် ဦးရီမွန်းက ပြောသည်။
စိုက်ပျိုးမြေအသိမ်းခံရပြီးနောက် သီးနှံစိုက်ပျိုးမှုဖြင့် ရပ်တည်နေသည့် တောင်သူများမှာ စားဝတ်နေရေး အခက်အခဲကြောင့် မိသားစုလိုက် ထိုင်းနိုင်ငံသို့ သွားရောက်၍ ရွှေ့ပြောင်းလုပ်သားများအဖြစ် လုပ်ကိုင်နေရကြောင်း သိရသည်။
"ဒီမြေတွေနဲ့ပတ်သတ်လို့ ကာကွယ်ရေးဦးစီးချုပ်အထိလည်း စာတင်ပါတယ်။ ဘုတ်အဖွဲ့လည်း လာစစ်ပါတယ်။ အခုချိန်ထိတော့ တပ်ကစွန့်လွှတ်မြေတွေကို ပြန်မပေးသေးပါဘူး။ ကျောက်မီးသွေးတူးနေတာကတော့ အချို့ရဲ့လယ်မြေတွေပါသွားပြီ။ တဖြေးဖြေးနဲ့ ကျွန်တော်ရဲ့ လယ်ယာမြေဘက်တောင်ရောက်လာတော့မယ်"ဟု မြေသိမ်းခံရသည့် တောင်သူတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်အတွင်း တပ်မတော်မှ မြေဧကပေါင်း (၆၃၈၀၃)ဧကအား ပြန်လည်စွန့်လွတ်ခဲ့သော်လည်း ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် တပ်မတော်မှ ပြန်လည်စွန့်လွှတ်ခြင်းမရှိသေးကြောင်း သိမ်းဆည်းခံတောင်သူများထံမှ သိရသည်။
"အထက်ကလည်း စာမကျလာသေးဘူး။ ဧပြီလထဲမှာတော့ သိရမှာပါပြီ။ တောင်သူတွေကိုလည်း မြေများပြန်လည်စွန့်လွှတ်ရင် အခမ်းအနားနဲ့ပေးမှာပါ။ တောင်သူတွေကိုလည်း ဖိတ်မှာပါ"ဟု မြေယာစီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဦးမင်းသူရက ပြောသည်။ 
အဆိုပါ သိမ်းဆည်းခံလယ်မြေများမှာ တပ်မတော်မှ သိမ်းဆည်းထားခြင်းဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ ကိုင်တွယ်ဆောင်ရွက်ခြင်းဖြစ်သဖြင့် ပြန်လည် စွန့်လွတ်ခြင်းမပြုသေးပါက လယ်ယာမြေစီမံခန့်ခွဲရေးမှ စီမံပိုင်ခွင့်မရှိသေးကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီမှ သိရသည်။
သတင်း။ သန်းစိုးအောင်(နမ့်စန်)
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~