၀န္ႀကီးေနရာ လက္ခံခဲ့မႈအတြက္ ANP ပါတီမွ အေရးယူႏုိင္ရန္ စီစဥ္ေန

၀န္ႀကီးေနရာ လက္ခံခဲ့မႈအတြက္ ANP ပါတီမွ အေရးယူႏုိင္ရန္ စီစဥ္ေန
ဧပြီ 7, 2016
By Tachileik News Agency
( စုိက္ပ်ဳိးေရးႏွင့္ ေမြးျမဴေရး၊ သတၱဳႏွင့္ သစ္ေတာ၀န္ႀကီး ဦးေက်ာ္လြင္ ။ ဓာတ္ပံု ; RiA )

စစ္ေတြ ၊ ဧၿပီ ( ၇ )
ဧၿပီ(၇)ရက္ေန႔တြင္ က်င္းပျပဳလုပ္ခဲ့သည့္ ဒုတိယအႀကိမ္ေျမာက္ ရခိုင္ျပည္နယ္ လႊတ္ေတာ္ ပုံမွန္အစည္းအေ၀း၌ ရခုိင္ျပည္နယ္ အစုိးရအဖြဲ႔ ၀န္ႀကီး (၇)ဦးအား ခန္႔အပ္ခဲ့ရာ ရခုိင္အမ်ဳိးသားပါတီ (ANP)မွ ၀န္ႀကီးတစ္ဦးပါ၀င္ခဲ့သည့္အတြက္ အေရးယူေဆာင္ရြက္မႈမ်ားျပဳလုပ္ႏုိင္ရန္ လာမည့္ ဗဟုိအလုပ္အမႈေဆာင္ အစည္းအေ၀းတြင္ ဆုံးျဖတ္သြားမည္ျဖစ္ေၾကာင္း ရခုိင္အမ်ဳိးသားပါတီမွ သိရသည္။

" ကုိယ့္စိတ္သေဘာ ဆုံးျဖတ္ခ်က္နဲ႔ အစုိးရတာ၀န္ကုိ လက္ခံယူသြားတယ္ဆုိတာ က်ေနာ္တုိ႔ ပါတီစည္းမ်ဥ္းစည္းကမ္းကုိ ေျပာင္ေျပာင္တင္းတင္း ခ်ဳိးေဖာက္ရာ ေရာက္တယ္။ ယခု ၀န္ႀကီး ဦးေက်ာ္လြင္က အစုိးရတာ၀န္ကုိ ယူတယ္ ဆုိတာ ပါတီရဲ႕ ၁/၂၀၁၆ ေၾကညာခ်က္ကုိ ခ်ဳိးေဖာက္တဲ့ သေဘာေပါ့။ က်ေနာ္တုိ႔ လာမယ့္ အနီးဆုံး ဗဟုိအလုပ္အမႈေဆာင္ အစည္းအေ၀းမွာ ဒီကိစၥကုိ တင္ျပမယ္။ အျပစ္ေပး အေရးယူႏုိင္တာကလည္း ဗဟုိအလုပ္အမႈေဆာင္အဖြဲ႔ဆုိေတာ့ အဲဒီအစည္းအေ၀းၿပီးတဲ့အခါ ဦးေက်ာ္လြင္ကုိ အျပစ္ေပးအေရးယူဖုိ႔ ဆုံးျဖတ္ခ်က္ ထြက္လာပါလိမ့္မယ္။" ရခိုင္အမ်ိဳးသားပါတီ(ANP)မွ အေထြေထြအတြင္းေရးမွဴး ဦးထြန္းေအာင္ေက်ာ္မွ ေျပာၾကားျခင္းျဖစ္သည္။

ေက်ာက္ျဖဴၿမိဳ႕နယ္၊ မဲဆႏၵနယ္မွ ရခုိင္အမ်ဳိးသားပါတီ၏ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေက်ာ္လြင္အား ဧၿပီလ(၇)ရက္ေန႔တြင္ က်င္းပေသာ ရခုိင္ျပည္နယ္လႊတ္ေတာ္ ပံုမွန္အစည္းအေ၀း၌ ျပည္နယ္ စိုက္ပ်ဳိးေရးႏွင့္ ေမြးျမဴေရး၊ သတၱဳႏွင့္ သစ္ေတာ၀န္ႀကီးအျဖစ္ ခန္႔အပ္ခဲ့ျခင္းေၾကာင္းသိရသည္။

ျပည္နယ္လြတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္လြင္မွာ  ရခိုင္အမ်ိဳးသားပါတီ၏ (၁/၂၀၁၆) ႏွင့္ (၂/၂၀၁၆) ထုတ္ျပန္ေၾကညာခ်က္မ်ားအား ဆန္႔က်င္ကာ အစုိးရအဖြဲ႔၀င္ ၀န္ႀကီးေနရာကုိ လက္ခံခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

"ပါတီကေတာ့ ေၾကညာခ်က္အရ ၀န္ႀကီးေနရာကုိ လက္မခံေစလုိတဲ့ သေဘာပါ။ အျခားတစ္ဘက္မွာ ၁/၂၀၁၆ နဲ႔  ၂/၂၀၁၆  တုိ႔ ဆုိတာ ပါတီရဲ႕ ေၾကညာခ်က္သာ ျဖစ္ပါတယ္။ မူ၀ါဒ မဟုတ္ပါဘူး။ ဒီေန႔ခ်ိန္ထိ ကြ်န္ေတာ္ ပါတီရဲ႕ ဘယ္မူ၀ါဒကုိမွ မခ်ဳိးေဖာက္ခဲ့ဖူးပါဘူး။ ေၾကညာခ်က္အေပၚမွာေတာ့ အယူအဆေတြ ကြဲလြဲေကာင္း ကြဲလြဲႏုိင္တယ္ေပါ့။ ဒါေပမယ့္ က်ေနာ္တုိ႔အားလုံး ကုိယ့္ေဒသဖြ႔ံၿဖဳိးေရးကုိ ဦးတည္ၾကတာပါပဲ။ ဒီေတာ့ NLD ရဲ႕ မူ၀ါဒ ေပၚလစီမွာလည္းပဲ ေဒသဖြံ႔ၿဖဳိးတုိးတက္ေရးကုိ ဦးတည္တယ္။ ကြ်န္ေတာ္တုိ႔ ရခုိင္ပါတီမွာလည္းပဲ ဒီအတုိင္းပဲ။ မူ၀ါဒ တူတဲ့အတြက္ ကြ်န္ေတာ္ NLD အစုိးရနဲ႔ ပူးေပါင္းလက္တြဲတာ ျဖစ္ပါတယ္။"ဟု ၀န္ႀကီး ဦးေက်ာ္လြင္မွ ေျပာသည္။

၂၀၁၆ ခုႏွစ္ ဇန္န၀ါရီ (၁၉)ရက္ ေန႔စြဲႏွင့္ ထုတ္ျပန္ခဲ့သည့္ ရခုိင္အမ်ဳိးသားပါတီ၏ ေၾကညာခ်က္ ၁/၂၀၁၆ ႏွင့္ ၂/၂၀၁၆ တုိ႔တြင္ ရခုိင္ျပည္နယ္ ၀န္ႀကီးခ်ဴပ္ ႏွင့္ ျပည္နယ္အစုိးရအား ANP မွ ဖြဲ႔စည္းခြင့္ရရန္ႏွင့္ သုိ႔မဟုတ္ပါက အတုိက္အခံအျဖစ္ ရပ္တည္မည္ဟု ေရးသားေဖာ္ျပပါရွိၿပီး ယင္းေၾကညာခ်က္ပါအတုိင္း လုိက္နာမႈမရွိေသာ ပါတီ၀င္မ်ားကုိ ပါတီမွ ထုတ္ပယ္သြားမည္ျဖစ္ေၾကာင္း ေဖာ္ျပပါရွိေၾကာင္း သိရသည္။

သတင္း ။  ။ RiA

..............

စစ်တွေ၊ ဧပြီ ( ၇ )
ဧပြီ(၇)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ် လွှတ်တော် ပုံမှန်အစည်းအေဝး၌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီး (၇)ဦးအား ခန့်အပ်ခဲ့ရာ ရခိုင်အမျိုးသားပါတီ (ANP)မှ ဝန်ကြီးတစ်ဦးပါဝင်ခဲ့သည့်အတွက် အရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်ရန် လာမည့် ဗဟိုအလုပ်အမှုဆောင် အစည်းအေဝးတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီမှ သိရသည်။

" ကိုယ့်စိတ်သဘော ဆုံးဖြတ်ချက်နဲ့ အစိုးရတာဝန်ကို လက်ခံယူသွားတယ်ဆိုတာ ကျနော်တို့ ပါတီစည်းမျဉ်းစည်းကမ်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ရောက်တယ်။ ယခု ဝန်ကြီး ဦးကျော်လွင်က အစိုးရတာဝန်ကို ယူတယ် ဆိုတာ ပါတီရဲ့ ၁/၂၀၁၆ ကြေညာချက်ကို ချိုးဖောက်တဲ့ သဘောပေါ့။ ကျနော်တို့ လာမယ့် အနီးဆုံး ဗဟိုအလုပ်အမှုဆောင် အစည်းအေဝးမှာ ဒီကိစ္စကို တင်ပြမယ်။ အပြစ်ပေး အရေးယူနိုင်တာကလည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဆိုတော့ အဲဒီအစည်းအေဝးပြီးတဲ့အခါ ဦးကျော်လွင်ကို အပြစ်ပေးအရေးယူဖို့ ဆုံးဖြတ်ချက် ထွက်လာပါလိမ့်မယ်။" ရခိုင်အမျိုးသားပါတီ(ANP)မှ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်မှ ပြောကြားခြင်းဖြစ်သည်။

ကျောက်ဖြူမြို့နယ်၊ မဲဆန္ဒနယ်မှ ရခိုင်အမျိုးသားပါတီ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်အား ဧပြီလ(၇)ရက်နေ့တွင် ကျင်းပသော ရခိုင်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအေဝး၌ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သတ္တုနှင့် သစ်တောဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်းကြောင်းသိရသည်။

ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်မှာ ရခိုင်အမျိုးသားပါတီ၏ (၁/၂၀၁၆) နှင့် (၂/၂၀၁၆) ထုတ်ပြန်ကြေညာချက်များအား ဆန့်ကျင်ကာ အစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာကို လက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ပါတီကတော့ ကြေညာချက်အရ ဝန်ကြီးနေရာကို လက်မခံစေလိုတဲ့ သဘောပါ။ အခြားတစ်ဘက်မှာ ၁/၂၀၁၆ နဲ့ ၂/၂၀၁၆  တို့ ဆိုတာ ပါတီရဲ့ ကြေညာချက်သာ ဖြစ်ပါတယ်။ မူဝါဒ မဟုတ်ပါဘူး။ ဒီနေ့ချိန်ထိ ကျွန်တော် ပါတီရဲ့ ဘယ်မူဝါဒကိုမှ မချိုးဖောက်ခဲ့ဖူးပါဘူး။ ကြေညာချက်အပေါ်မှာတော့ အယူအဆတွေ ကွဲလွဲကောင်း ကွဲလွဲနိုင်တယ်ပေါ့။ ဒါပေမယ့် ကျနော်တို့အားလုံး ကိုယ့်ဒေသဖွံ့ဖြိုးရေးကို ဦးတည်ကြတာပါပဲ။ ဒီတော့ NLD ရဲ့ မူဝါဒ ပေါ်လစီမှာလည်းပဲ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်တယ်။ ကျွန်တော်တို့ ရခိုင်ပါတီမှာလည်းပဲ ဒီအတိုင်းပဲ။ မူဝါဒ တူတဲ့အတွက် ကျွန်တော် NLD အစိုးရနဲ့ ပူးပေါင်းလက်တွဲတာ ဖြစ်ပါတယ်။"ဟု ဝန်ကြီး ဦးကျော်လွင်မှ ပြောသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီ (၁၉)ရက် နေ့စွဲနှင့် ထုတ်ပြန်ခဲ့သည့် ရခိုင်အမျိုးသားပါတီ၏ ကြေညာချက် ၁/၂၀၁၆ နှင့် ၂/၂၀၁၆ တို့တွင် ရခိုင်ပြည်နယ် ဝန်ကြီးချူပ် နှင့် ပြည်နယ်အစိုးရအား ANP မှ ဖွဲ့စည်းခွင့်ရရန်နှင့် သို့မဟုတ်ပါက အတိုက်အခံအဖြစ် ရပ်တည်မည်ဟု ရေးသားဖော်ပြပါရှိပြီး ယင်းကြေညာချက်ပါအတိုင်း လိုက်နာမှုမရှိသော ပါတီဝင်များကို ပါတီမှ ထုတ်ပယ်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိကြောင်း သိရသည်။

သတင်း။ RiA

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~