ေရသြားလွဴသည့္ ေမာ္ေတာ္ယာဥ္ တစ္စီး ေခ်ာက္ထဲလွိမ့္က်ရာမွ အမ်ဳိးသမီးတစ္ဦး ေသဆံုး

ေရသြားလွဴသည့္ ေမာ္ေတာ္ယာဥ္ တစ္စီး ေခ်ာက္ထဲလွိမ့္က်ရာမွ အမ်ဳိးသမီးတစ္ဦး ေသဆံုး
ဧပြီ 28, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီ(၂၈)
ရွမ္းျပည္နယ္၊ အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ အလင္းေရာင္ပရဟိတ အသင္းမွ ဘုန္းႀကီးေက်ာင္း အတြက္ ေရသြားလွဴရာ ကုန္ျမင့္၍ ေရ၀ိတ္ေၾကာင့္ ကားမတက္ႏိုင္ဘဲ ကားေနာက္ျပန္ လိွမ့္က်ရာမွ ကားေခ်ာက္ထဲျပဳတ္ၾကၿပီး အသင္း၀င္  အမ်ိဳးသမီးတစ္ဦး ေသဆုံးသြားေၾကာင္း သိရသည္။

ဧၿပီလ (၂၈) ရက္ေန႔ ေန႔လယ္ပိုင္းက တာခ်ီလိတ္ၿမိဳ႕ ေတာင္ေပၚဘုန္းႀကီးေက်ာင္းျဖစ္သည့္ ကိုးေသာင္း ကိုးေထာင္ဘုန္းႀကီးေက်ာင္းသို႔  ဒိုင္နာကားျဖင့္ ေသာက္ေရသန္႔ဘူးမ်ား တင္ေဆာင္ကာ သြားလွဴရာ ကုန္းတက္တြင္ ကားေနာက္ျပန္လွိမ့္က်ၿပီး လမ္းယာဘက္ ရာဘာေတာထဲသို႔ လိမ့္က်တိမ္းေမွာက္သြားရာမွ အသင္း၀င္ အမ်ဳိးသမီး(၁)ဦး ကြယ္လြန္သြားခဲ့ေၾကာင္း သိရသည္။

“ကုန္းက မက္ေတာ့ ကုန္းတက္ခံနီးမွာ ကၽြန္ေတာ္က ကားဂ်မ္းတုံး ခုမို႔ဆိုၿပီး ဆင္းသြားတယ္။ ကားဂ်မ္းတုံးခုၿပီးေတာ့၊ ကားတက္တဲ့အခါမွာ ကားေပၚမွာပါလာတဲ့ ေရ၀ိတ္ေတြနဲ႔ မႏိုင္ပဲ ကားေနာက္ျပန္က်လာၿပီး ေခ်ာက္ထဲကို (၂)ပတ္ေလာက္ လိွမ့္သြားက်သြားခဲ့တာပါ။”ဟု ေရသြားလွဴရာတြင္ ပါ၀င္သူ အလင္းေရာင္ပရဟိတအသင္း၀င္ ကိုေမာင္၀င္းက ေျပာသည္။

ယင္းဘုန္းႀကီးေက်ာင္းသို႔ ေရသြားလွဴရာမွာ ကားေပၚတြင္ (၂၀)လီတာ ေရသန္႔ဗူး (၅၀) ႏွင့္ ေရစည္ပိုင္း (၂) ခု တင္ေဆာင္ၿပီး၊ အမ်ိဳးသမီး(၄)ဦး ႏွင့္ အမ်ိဳးသား(၄)ဦး စုစုေပါင္းလူ(၈)ဦးသြားလွဴကာ ကုန္းတက္တြင္ ကားမွာ ေရ၏ ၀ိတ္မ်ားေၾကာင့္ ေနာက္ျပန္လွိမ့္သြားၿပီး ကားတိမ္းေမွာက္ခဲ့၍ အမ်ဳိးသား(၂)ဦး ႏွင့္ အမ်ဳိးသမီး(၁)ဦးမွာ ဒဏ္ရာရရွိသြားၿပီး အမ်ဳိးသမီးတစ္ဦးမွာ ေသဆုံးသြားေၾကာင္းႏွင့္ က်န္လူမ်ားမွာ အနည္းငယ္ထိခိုက္ ပြန္းပဲ့သည့္ ဒဏ္ရာသာရရွိခဲ့ေၾကာင္း ၎၏ ေျပာျပခ်က္အရ သိရသည္။

ေသဆုံးသူသြားသူမွာ အသက္(၅၄)ႏွစ္အရြယ္ရွိ ေဒၚတင္တင္ေအး (ေခၚ) မငယ္ျဖစ္ၿပီး ၎သည္ ကားေနာက္တြဲေပၚတြင္ လိုက္ပါခဲ့ၿပီး ယာဥ္မေတာ္တဆျဖစ္ခ်ိန္တြင္ ကားေပၚမွ ျပဳတ္ၾကကာ ထိခိုက္ဒဏ္ရာရရွိၿပီး ေသဆုံးသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါယာဥ္ ယာဥ္တိမ္းေမွာက္မႈႏွင့္ပတ္သက္၍ ယာဥ္ေမာင္း ဇင္ေမာင္ဝင္းအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ယာဥ္(ပ)၁၇/၂၀၁၆၊ ၃၀၄-က/၃၃၈/၃၃၇ အရအမႈဖြင့္ အေရးယူ ေဆာင္ရြက္ထားေၾကာင္း သိရွိရသည္။

သတင္း။  ။ ေဇာင္းညီ
.....................

တာချီလိတ်၊ ဧပြီ(၂၈)
ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့တွင် အလင်းရောင်ပရဟိတ အသင်းမှ ဘုန်းကြီးကျောင်း အတွက် ရေသွားလှူရာ ကုန်မြင့်၍ ရေဝိတ်ကြောင့် ကားမတက်နိုင်ဘဲ ကားနောက်ပြန် လှိမ့်ကျရာမှ ကားချောက်ထဲပြုတ်ကြပြီး အသင်းဝင် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဧပြီလ (၂၈) ရက်နေ့ နေ့လယ်ပိုင်းက တာချီလိတ်မြို့ တောင်ပေါ်ဘုန်းကြီးကျောင်းဖြစ်သည့် ကိုးသောင်း ကိုးထောင်ဘုန်းကြီးကျောင်းသို့ ဒိုင်နာကားဖြင့် သောက်ရေသန့်ဘူးများ တင်ဆောင်ကာ သွားလှူရာ ကုန်းတက်တွင် ကားနောက်ပြန်လှိမ့်ကျပြီး လမ်းယာဘက် ရာဘာတောထဲသို့ လိမ့်ကျတိမ်းမှောက်သွားရာမှ အသင်းဝင် အမျိုးသမီး(၁)ဦး ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

“ကုန်းက မက်တော့ ကုန်းတက်ခံနီးမှာ ကျွန်တော်က ကားဂျမ်းတုံး ခုမို့ဆိုပြီး ဆင်းသွားတယ်။ ကားဂျမ်းတုံးခုပြီးတော့၊ ကားတက်တဲ့အခါမှာ ကားပေါ်မှာပါလာတဲ့ ရေဝိတ်တွေနဲ့ မနိုင်ပဲ ကားနောက်ပြန်ကျလာပြီး ချောက်ထဲကို (၂)ပတ်လောက် လှိမ့်သွားကျသွားခဲ့တာပါ။”ဟု ရေသွားလှူရာတွင် ပါဝင်သူ အလင်းရောင်ပရဟိတအသင်းဝင် ကိုမောင်ဝင်းက ပြောသည်။

ယင်းဘုန်းကြီးကျောင်းသို့ ရေသွားလှူရာမှာ ကားပေါ်တွင် (၂၀)လီတာ ရေသန့်ဗူး (၅၀) နှင့် ရေစည်ပိုင်း (၂) ခု တင်ဆောင်ပြီး၊ အမျိုးသမီး(၄)ဦး နှင့် အမျိုးသား(၄)ဦး စုစုပေါင်းလူ(၈)ဦးသွားလှူကာ ကုန်းတက်တွင် ကားမှာ ရေ၏ ဝိတ်များကြောင့် နောက်ပြန်လှိမ့်သွားပြီး ကားတိမ်းမှောက်ခဲ့၍ အမျိုးသား(၂)ဦး နှင့် အမျိုးသမီး(၁)ဦးမှာ ဒဏ်ရာရရှိသွားပြီး အမျိုးသမီးတစ်ဦးမှာ သေဆုံးသွားကြောင်းနှင့် ကျန်လူများမှာ အနည်းငယ်ထိခိုက် ပွန်းပဲ့သည့် ဒဏ်ရာသာရရှိခဲ့ကြောင်း၎င်း၏ ပြောပြချက်အရ သိရသည်။

သေဆုံးသူသွားသူမှာ အသက်(၅၄)နှစ်အရွယ်ရှိ ဒေါ်တင်တင်အေး (ခေါ်) မငယ်ဖြစ်ပြီး၎င်းသည် ကားနောက်တွဲပေါ်တွင် လိုက်ပါခဲ့ပြီး ယာဉ်မတော်တဆဖြစ်ချိန်တွင် ကားပေါ်မှ ပြုတ်ကြကာ ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ် ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း ဇင်မောင်ဝင်းအား တာချီလိတ်မြို့မရဲစခန်းမှ ယာဉ်(ပ)၁၇/၂၀၁၆၊ ၃၀၄-က/၃၃၈/၃၃၇ အရအမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရှိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~