၂၀၁၆ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေရှင်းလင်းတင်ပြမှု တာချီလိတ်၌ ပြုလုပ်မည်၊ မည်သူမဆို တက်ရောက်ဆွေးနွေးနိုင်

၂၀၁၆ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေရှင်းလင်းတင်ပြမှု တာချီလိတ်၌ ပြုလုပ်မည်၊ မည်သူမဆို တက်ရောက်ဆွေးနွေးနိုင်
ဧပွီ 27, 2016
By Tachileik News Agency

တာချီလိတ်၊ ဧပြီ(၂၇)


........

တာချီလိတ်၊ ဧပြီ(၂၇)
အများပြည်သူများ သိရှိနားလည်စေရန်အတွက် ၂၀၁၆ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေရှင်းလင်းတင်ပြမှုကို တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်မှာ ဖြစ်သည့်အတွက် မည်သူမဆို လာရောက်၍ မေးမြန်းဆွေးနွေးနိုင်မှာ ဖြစ်ကြောင်း တာချီလိတ်မြို့နယ်အခွန်ဦးစီးဌာနမှ သိရသည်။

 ၂၀၁၆ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေရှင်းလင်းတင်ပြမှုကို တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ဧပြီလ(၂၉)ရက်နေ့ နံနက်(၉)နာရီခွဲတွင် ပြုလုပ်မှာ ဖြစ်သည်။

အဆိုပါ အခမ်းအနားတွင် တာချီလိတ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ နှင့် အခွန်ထမ်းပြည်သူများကို ဖိတ်ကြားသွားမှာ ဖြစ်ရာ အခွန်အကောက်ဆိုင်ရာကိစ္စရပ်များကို မေးမြန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~