Update News

စစ္ေၾကာေမးျမန္းမႈမ်ားကုိရပ္ၿပီး ျပစ္ဒဏ္ကို အျမန္ဆံုး စီရင္ေပးရန္ AA ဗုိလ္မွဴး ေတာင္းဆို


စစ္ေတြ၊ ဧၿပီ ( ၆ ) ။  ။ ဖမ္းဆီးခံထားရသည့္ ရခိုင္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ရကၡိဳင့္တပ္မေတာ္ ( AA)မွ တပ္ဖြဲ႔၀င္မ်ားအား ျပစ္ဒဏ္အျမန္ဆုံး စီရင္ေပးရန္ အမႈရင္ဆိုင္ေနသည့္ AA ဗုိလ္မွဴး ေစာရန္ႏုိင္က ေတာင္းဆုိလုိက္သည္။

“အခုျဖစ္ေစခ်င္တာက အမႈကို အျမန္ဆံုးျဖတ္ၿပီးေတာ့ ေထာင္ျမန္ျမန္ ခ်ေစခ်င္ပါတယ္။ တကယ္လုပ္ခဲ့တာပဲ က်ပါေစ။”ဟု ရကၡိဳင့္တပ္မေတာ္ ( AA)မွ ဗိုလ္မွဴး ေစာရန္ႏိုင္က ေျပာသည္။

၂၀၁၅ ခုနွစ္ ဒီဇင္ဘာလ ေနာက္ဆုံးသီတင္းပတ္တြင္ ရခိုင္ျပည္နယ္အတြင္းျဖစ္ပြားခဲ့ေသာ ျမန္မာ့တပ္မေတာ္ႏွင့္ AA တို႔အၾကား တိုက္ပြဲမ်ားအတြင္း ဖမ္းဆီးရမိသည့္
 AA တပ္ဖြဲ႔၀င္ (၁၃) ဦးကုိ ၿပီးခဲ့ေသာ ဧၿပီလ (၄)ရက္ေန႔က စစ္ေတြတရားရုံးတြင္ သတၱမအႀကိမ္ေျမာက္ ရုံးတင္စစ္ေဆးျခင္းျဖစ္သည္။

 “ဒီေန႔ရံုးထုတ္ပါတယ္။ ေလာေလာဆယ္ကေတာ့ သက္ေသေတြကို စစ္ေဆးေနတုန္းပဲ ရွိပါေသးတယ္။ ဒီေန႔ သက္ေသ ႏွစ္ေယာက္ကို စစ္ေဆးပါတယ္။ အမႈၿပီးဖုိ႔က ၾကာဦးမယ္ထင္တယ္။ သက္ေသ ေတာ္ေတာ္မ်ားမ်ား က်န္ပါေသးတယ္။”ဟု အမႈကုိ လုိက္ပါေဆာင္ရြက္ေနေသာ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚေအးႏုစိန္က ေျပာသည္။

ရကၡဳိင့္တပ္မေတာ္ တပ္ဖြဲ႔၀င္မ်ားကုိ ၿပီးခဲ့သည့္ ဇန္န၀ါရီလ ပထမ သီတင္းပတ္က စတင္ကာ ဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး ယခုအခါ စစ္ေတြ၊ ေက်ာက္ေတာ္၊ ေက်ာက္ျဖဴႏွင့္ ေတာင္ကုတ္ တရား႐ုံးမ်ားတြင္ ႐ုံးတင္စစ္ေဆးေနျခင္းျဖစ္သည္။

“ကၽြန္ေတာ့္သားက ထိုင္းမွာ အလုပ္သြားလုပ္တာ သံုးႏွစ္ေက်ာ္ရွိၿပီ။ သူျပန္လာေတာ့ စစ္ေတြၿမိဳ႕ ပညာမ႑ိဳင္ ဘုန္းေတာ္ႀကီးေက်ာင္းမွာ တည္းခုိခဲ့တယ္။ အဲဒီကေန သူဟာ AA နဲ႔ ဆက္စပ္မႈရွိတယ္ဆိုၿပီး ၁၇၊ ၁၊ ၂၀၁၆ ေန႔က ဖမ္းတာပါ။ သူ႔ကို ဖမ္းတဲ့အခါမွာ သက္ေသခံပစၥည္းေတာ့ မရဘူးလို႔ ေျပာတယ္။ တျခားေတာ့ မရွိဘူး။ သင္တန္းေတာ့ တက္ခဲ့တယ္လို႔ သိရပါတယ္။ သင္တန္းၿပီးလို႔ ျပန္လာတာလို႔ ေျပာတာပဲ။” ဟု စစ္ေတြၿမဳိ႕နယ္မွ ဖမ္းဆီးခံထားရသူ AA တပ္ဖြဲ႔၀င္ ကိုေမာင္ဟန္စိုး၏ ဖခင္ျဖစ္သူ ဦးေက်ာ္ဇံေဝက ေျပာသည္။

တဆက္တည္းမွာပင္ ဧၿပီလ ၄ ရက္ေနက ေက်ာက္ေတာ္တရားရံုးမွလည္း AA ႏွင့္ ဆက္စပ္ ဖမ္းဆီးခံထားရသူမ်ားကုိ ရုံးထုတ္ စစ္ေဆးခဲ့ရာ AA တပ္ဖြဲ႔၀င္ (၆) ဦးကုိ ေထာင္ဒဏ္ (၃) ႏွစ္မွ (၅) ႏွစ္စီ အသီးသီး ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာက္ေတာ္ၿမဳိ႕နယ္ တရားရုံးက ၿပီးခဲ့သည့္ မတ္ ၃၀ ႏွင့္ မတ္ ၃၁ ရက္ေန႔မ်ားကလည္း ေက်ာက္ေတာ္ၿမဳိ႕နယ္တရားရုံးက AA တပ္ဖြဲ႔၀င္ (၂၃) ဦးကုိ ေထာင္ဒဏ္ (၃) ႏွစ္မွ (၅) ႏွစ္ထိ အသီးသီး ခ်မွတ္ခဲ့သည္။

သတင္း။  ။ RIA
***********

စစ်တွေ၊ ဧပြီ ( ၆ )။ ဖမ်းဆီးခံထားရသည့် ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရက္ခိုင့်တပ်မတော် ( AA)မှ တပ်ဖွဲ့ဝင်များအား ပြစ်ဒဏ်အမြန်ဆုံး စီရင်ပေးရန် အမှုရင်ဆိုင်နေသည့် AA ဗိုလ်မှူး စောရန်နိုင်က တောင်းဆိုလိုက်သည်။

“အခုဖြစ်စေချင်တာက အမှုကို အမြန်ဆုံးဖြတ်ပြီးတော့ ထောင်မြန်မြန် ချစေချင်ပါတယ်။ တကယ်လုပ်ခဲ့တာပဲ ကျပါစေ။”ဟု ရက္ခိုင့်တပ်မတော် ( AA)မှ ဗိုလ်မှူး စောရန်နိုင်က ပြောသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးသီတင်းပတ်တွင် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော မြန်မာ့တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများအတွင်း ဖမ်းဆီးရမိသည့်
 AA တပ်ဖွဲ့ဝင် (၁၃) ဦးကို ပြီးခဲ့သော ဧပြီလ (၄)ရက်နေ့က စစ်တွေတရားရုံးတွင် သတ္တမအကြိမ်မြောက် ရုံးတင်စစ်ဆေးခြင်းဖြစ်သည်။

 “ဒီနေ့ရုံးထုတ်ပါတယ်။ လောလောဆယ်ကတော့ သက်သေတွေကို စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်။ ဒီနေ့ သက်သေ နှစ်ယောက်ကို စစ်ဆေးပါတယ်။ အမှုပြီးဖို့က ကြာဦးမယ်ထင်တယ်။ သက်သေ တော်တော်များများ ကျန်ပါသေးတယ်။”ဟု အမှုကို လိုက်ပါဆောင်ရွက်နေသော တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။

ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့် ဇန်နဝါရီလ ပထမ သီတင်းပတ်က စတင်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယခုအခါ စစ်တွေ၊ ကျောက်တော်၊ ကျောက်ဖြူနှင့် တောင်ကုတ် တရားရုံးများတွင် ရုံးတင်စစ်ဆေးနခြေင်းဖြစ်သည်။

“ကျွန်တော့်သားက ထိုင်းမှာ အလုပ်သွားလုပ်တာ သုံးနှစ်ကျော်ရှိပြီ။ သူပြန်လာတော့ စစ်တွမြေို့ ပညာမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်းမှာ တည်းခိုခဲ့တယ်။ အဲဒီကနေ သူဟာ AA နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ၁၇၊ ၁၊ ၂၀၁၆ နေ့က ဖမ်းတာပါ။ သူ့ကို ဖမ်းတဲ့အခါမှာ သက်သေခံပစ္စည်းတော့ မရဘူးလို့ ပြောတယ်။ တခြားတော့ မရှိဘူး။ သင်တန်းတော့ တက်ခဲ့တယ်လို့ သိရပါတယ်။ သင်တန်းပြီးလို့ ပြန်လာတာလို့ ပြောတာပဲ။” ဟု စစ်တွမြေို့နယ်မှ ဖမ်းဆီးခံထားရသူ AA တပ်ဖွဲ့ဝင် ကိုမောင်ဟန်စိုး၏ ဖခင်ဖြစ်သူ ဦးကျော်ဇံဝေက ပြောသည်။

တဆက်တည်းမှာပင် ဧပြီလ ၄ ရက်နေက ကျောက်တော်တရားရုံးမှလည်း AA နှင့် ဆက်စပ် ဖမ်းဆီးခံထားရသူများကို ရုံးထုတ် စစ်ဆေးခဲ့ရာ AA တပ်ဖွဲ့ဝင် (၆) ဦးကို ထောင်ဒဏ် (၃) နှစ်မှ (၅) နှစ်စီ အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်တော်မြို့နယ် တရားရုံးက ပြီးခဲ့သည့် မတ် ၃၀ နှင့် မတ် ၃၁ ရက်နေ့များကလည်း ကျောက်တော်မြို့နယ်တရားရုံးက AA တပ်ဖွဲ့ဝင် (၂၃) ဦးကို ထောင်ဒဏ် (၃) နှစ်မှ (၅) နှစ်ထိ အသီးသီး ချမှတ်ခဲ့သည်။

သတင်း။ RIA
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »