တာခ်ီလိတ္ၿမိဳ႕ စက္မႈဇံု ၀မ္ပံုျဖတ္လမ္း( ဦးထြန္းေအာင္ဂိတ္) ဂိတ္ျဖတ္သန္းခအမ်ားဆံုး ေကာက္ခံေန၍ ေလွ်ာ့ေပ့ါေပးရန္ ေဒသခံမ်ား လိုလား

တာခ်ီလိတ္ၿမိဳ႕ စက္မႈဇံု ၀မ္ပံုျဖတ္လမ္း( ဦးထြန္းေအာင္ဂိတ္) ဂိတ္ျဖတ္သန္းခအမ်ားဆံုး ေကာက္ခံေန၍ ေလွ်ာ့ေပ့ါေပးရန္ ေဒသခံမ်ား လိုလား
ဧပြီ 7, 2016
By Tachileik News Agency
( ဦးထြန္းေအာင္ဂိတ္ )

တာခ်ီလိတ္၊ ဧၿပီလ(၇) ။  ။ သမၼတေဟာင္း ဦးသိန္းစိန္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ႀတိဂံတိုင္းမွဴး အျဖစ္ တာ၀န္ထမ္းေဆာင္စဥ္က လမ္းျဖတ္သန္းခ ေကာက္ခံခြင့္ျပဳထားခဲ့သည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ ၀မ္ပံု - တာခ်ီလိတ္လမ္းေပၚမွ ဦးထြန္းေအာင္ဂိတ္မွာ အဆိုပါလမ္းပိုင္းတြင္ ဂိတ္ေၾကးအမ်ားဆံုး ေကာက္ခံေန၍ ေဒသခံမ်ားမွ ေလွ်ာ့ေပ့ါေပးရန္ လိုလားေနေၾကာင္း သိရသည္။

"ကၽြန္မတို႔ စိုက္ထားတဲ့ ဟင္းသီးဟင္းရြက္ေတြကုိ ၿမိဳ႕ထဲ ေစ်းသြားေရာင္းရင္ ဂိတ္မွာ ျဖတ္သန္းခေပးေနတာနဲ႔ အျမတ္မက်န္ေတာ့ဘူး။ ဒါမ်ိဳးေပးလာတာၾကာေတာ့ ေဒသခံေတြအထိနာလာၿပီ။ ဟိုဘက္ ဧရာမြန္ကုမၸဏီက လမ္းအရွည္ႀကီးကို (၅)ဘတ္ပဲ ေကာက္တယ္။ ဒီဘက္မွာ(၂)မိုင္ေလာက္ရွိတာကို (၂၀)ဘတ္ဆိုေတာ့ မျဖစ္သင့္ေတာ့ဘူး၊ ေလွ်ာ့ေပါ့ေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္"ဟု အဆိုပါလမ္းပိုင္းအား အသံုးျပဳေနရသည့္ ေ၀ွေလလွန္ေက်းရြာေန မနန္းလာက ေျပာသည္။

တာခ်ီလိတ္ - ၀မ္ပံုလမ္းမွာ (၂၆)မိုင္ခန္႔ရွိရာ ျမန္မာဧရာမြန္ကုမၸဏီမွ (၂၄)မိုင္ေဖာက္လုပ္ထားၿပီး လမ္းျဖတ္သန္းခအျဖစ္ (၅)ဘတ္ေကာက္ခံေနေသာ္လည္း၊ ယခင္ ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီ အစိုးရလက္ထက္ကတည္းက ခြင့္ျပဳေပးခဲ့သည့္ ဦးထြန္းေအာင္(ပုဂၢလိက)မွ လယ္ေျမ(၂.၂)မိုင္အား လမ္းေဖာက္လုပ္ထားျခင္းအေပၚ ဘတ္(၂၀) ေကာက္ခံေနျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

"၀မ္ပံုဘက္ကို အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔သြားရင္ လမ္းမွာ ဂိတ္က (၂)ခုေတာင္ရွိတယ္။ ျဖတ္သန္းခ ေပးရတာလည္း (၂)ခါေပးရတယ္။ ဟိုဘက္(၂၄)မိုင္အတြက္ (၅)ဘတ္ပဲေပးရၿပီး ဒီဘက္(၂)မိုင္ေက်ာ္ေက်ာ္ေလးကို ဘတ္(၂၀)ေပးရတယ္ဆိုတာ လံုး၀မျဖစ္သင့္ဘူး။ သူတို႔ ပိုက္ဆံေကာက္လာတာလည္း (၁၅)ႏွစ္ေက်ာ္ေလာက္ ရွိၿပီ။ အရင္းလည္း ေက်ေလာက္ပါၿပီဗ်ာ။ ဒီဂိတ္ျဖဳတ္သင့္ပါၿပီ"ဟု မိုင္းဖုန္း(က)ေက်းရြာအုပ္စုမွ ေဒသခံ ဦးစိုင္းလံုက ေျပာသည္။

ယခင္က အဆိုပါလမ္းအား ျဖတ္သန္းသြားလာသည့္ ကား၊ ဆိုင္ကယ္ နည္းပါးေသာ္လည္း ယခုအခ်ိန္တြင္ ကား၊ဆိုင္ကယ္ျဖတ္သန္းမႈမ်ားလာသျဖင့္ ေလွ်ာ့ေပါ့ ေကာက္ယူသင့္သည္ဟု ေဒသခံမ်ားက ေဝဖန္ေနၾကျခင္းျဖစ္သည္။

"သက္တမ္းကုန္မွာက (၂၀၁၉)ခုႏွစ္မွ ကုန္မွာ။ အဲဒါကို ၿပီးခဲ့တဲ့ အစိုးရသက္တမ္းကုန္ခါနီး သက္တမ္းတိုးဖို႔ လုပ္ေသးတယ္။ ကၽြန္ေတာ္တို႔ ေဆာက္လုပ္ေရးဦးစီးဌာနက စစ္ေဆးေဆာင္ရြက္ျပီး  သက္တမ္း မတိုးေပးဖို႔ လုပ္ထားပါတယ္"ဟု ေဆာက္လုပ္ေရးဦးစီးဌာနမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

အဆိုပါဂိတ္၏ ျဖတ္သန္းခေကာက္ယူမႈနွင့္ ပတ္သက္၍ အမ်ားျပည္သူလက္ခံႏိုင္ေသာ ႏွဳန္းထားတစ္ခုခုသို႔ ေလွ်ာ့ခ်ႏိုင္ရန္ တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲေရးေကာ္မတီသို႔ တာခ်ီလိတ္ ေဆာက္လုပ္ေရးဦးစီးဌာနက ၂၀၁၆ ခုႏွစ္  ႏွစ္ဆန္းပိုင္းမွာတင္ျပေဆြးေႏြးထားေၾကာင္း သိရသည္။

ဦးထြန္းေအာင္ဂိတ္အား ၁၉၉၈ ခုႏွစ္ ၾသဂုတ္လ (၂၂)ရက္ေန႔က ႏိုင္ငံေတာ္သမၼတေဟာင္း ဦးသိန္းစိန္မွ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ေအးခ်မ္းသာယာေရးႏွင့္ဖြံ႕ၿဖိဳေရးေကာင္စီ ဥကၠဌအျဖစ္ တာ၀န္ယူစဥ္ ကာလအတြင္း စက္မႈဇုန္ႀကီးၾကပ္ေရးေကာ္မတီ ႏွင့္ ဦးထြန္းေအာင္(ပုဂၢလိက)တို႔မွ BOT စနစ္ျဖင့္ ႏွစ္ေပါင္း(၂၀) စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါဂိတ္အား လုပ္ပိုင္ခြင့္အေနျဖင့္ ႏွစ္(၂၀)ရရွိထားၿပီး သက္တမ္းမွာ ၂၀၁၉  ခုႏွစ္ မတ္လ(၁)ရက္ေန႔တြင္ ကုန္ဆံုးမွာ ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း ။  ။ ကိုဇက္

************
တာချီလိတ်၊ ဧပြီလ(၇)။ သမ္မတဟောင်း ဦးသိန်းစိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တြိဂံတိုင်းမှူး အဖြစ် တာဝန်ထမ်းဆောင်စဉ်က လမ်းဖြတ်သန်းခ ကောက်ခံခွင့်ပြုထားခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဝမ်ပုံ - တာချီလိတ်လမ်းပေါ်မှ ဦးထွန်းအောင်ဂိတ်မှာ အဆိုပါလမ်းပိုင်းတွင် ဂိတ်ကြေးအများဆုံး ကောက်ခံနေ၍ ဒေသခံများမှ လျှော့ပေါ့ပေးရန် လိုလားနေကြောင်း သိရသည်။

"ကျွန်မတို့ စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို မြို့ထဲ ဈေးသွားရောင်းရင် ဂိတ်မှာ ဖြတ်သန်းခပေးနေတာနဲ့ အမြတ်မကျန်တော့ဘူး။ ဒါမျိုးပေးလာတာကြာတော့ ဒေသခံတွေအထိနာလာပြီ။ ဟိုဘက် ဧရာမွန်ကုမ္ပဏီက လမ်းအရှည်ကြီးကို (၅)ဘတ်ပဲ ကောက်တယ်။ ဒီဘက်မှာ(၂)မိုင်လောက်ရှိတာကို (၂၀)ဘတ်ဆိုတော့ မဖြစ်သင့်တော့ဘူး၊ လျှော့ပေါ့ပေးဖို့ တောင်းဆိုချင်ပါတယ်"ဟု အဆိုပါလမ်းပိုင်းအား အသုံးပြုနေရသည့် ဝှေလေလှန်ကျေးရွာနေ မနန်းလာက ပြောသည်။

တာချီလိတ် - ဝမ်ပုံလမ်းမှာ (၂၆)မိုင်ခန့်ရှိရာ မြန်မာဧရာမွန်ကုမ္ပဏီမှ (၂၄)မိုင်ဖောက်လုပ်ထားပြီး လမ်းဖြတ်သန်းခအဖြစ် (၅)ဘတ်ကောက်ခံနေသော်လည်း၊ ယခင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်ကတည်းက ခွင့်ပြုပေးခဲ့သည့် ဦးထွန်းအောင်(ပုဂ္ဂလိက)မှ လယ်မြေ(၂.၂)မိုင်အား လမ်းဖောက်လုပ်ထားခြင်းအပေါ် ဘတ်(၂၀) ကောက်ခံနခြေင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

"ဝမ်ပုံဘက်ကို အကြောင်းအမျိုးမျိုးနဲ့သွားရင် လမ်းမှာ ဂိတ်က (၂)ခုတောင်ရှိတယ်။ ဖြတ်သန်းခ ပေးရတာလည်း (၂)ခါပေးရတယ်။ ဟိုဘက်(၂၄)မိုင်အတွက် (၅)ဘတ်ပဲပေးရပြီး ဒီဘက်(၂)မိုင်ကျော်ကျော်လေးကို ဘတ်(၂၀)ပေးရတယ်ဆိုတာ လုံးဝမဖြစ်သင့်ဘူး။ သူတို့ ပိုက်ဆံကောက်လာတာလည်း (၁၅)နှစ်ကျော်လောက် ရှိပြီ။ အရင်းလည်း ကျေလောက်ပါပြီဗျာ။ ဒီဂိတ်ဖြုတ်သင့်ပါပြီ"ဟု မိုင်းဖုန်း(က)ကျေးရွာအုပ်စုမှ ဒေသခံ ဦးစိုင်းလုံက ပြောသည်။

ယခင်က အဆိုပါလမ်းအား ဖြတ်သန်းသွားလာသည့် ကား၊ ဆိုင်ကယ် နည်းပါးသော်လည်း ယခုအချိန်တွင် ကား၊ဆိုင်ကယ်ဖြတ်သန်းမှုများလာသဖြင့် လျှော့ပေါ့ ကောက်ယူသင့်သည်ဟု ဒေသခံများက ဝေဖန်နကြခြေင်းဖြစ်သည်။

"သက်တမ်းကုန်မှာက (၂၀၁၉)ခုနှစ်မှ ကုန်မှာ။ အဲဒါကို ပြီးခဲ့တဲ့ အစိုးရသက်တမ်းကုန်ခါနီး သက်တမ်းတိုးဖို့ လုပ်သေးတယ်။ ကျွန်တော်တို့ ဆောက်လုပ်ရေးဦးစီးဌာနက စစ်ဆေးဆောင်ရွက်ပြီး သက်တမ်း မတိုးပေးဖို့ လုပ်ထားပါတယ်"ဟု ဆောက်လုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဂိတ်၏ ဖြတ်သန်းခကောက်ယူမှုနှင့် ပတ်သက်၍ အများပြည်သူလက်ခံနိုင်သော နှုန်းထားတစ်ခုခုသို့ လျှော့ချနိုင်ရန် တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးကော်မတီသို့ တာချီလိတ် ဆောက်လုပ်ရေးဦးစီးဌာနက ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှာတင်ပြဆွေးနွေးထားကြောင်း သိရသည်။

ဦးထွန်းအောင်ဂိတ်အား ၁၉၉၈ ခုနှစ် သြဂုတ်လ (၂၂)ရက်နေ့က နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုရေးကောင်စီ ဥက္ကဌအဖြစ် တာဝန်ယူစဉ် ကာလအတွင်း စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ နှင့် ဦးထွန်းအောင်(ပုဂ္ဂလိက)တို့မှ BOT စနစ်ဖြင့် နှစ်ပေါင်း(၂၀) စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဂိတ်အား လုပ်ပိုင်ခွင့်အနဖြေင့် နှစ်(၂၀)ရရှိထားပြီး သက်တမ်းမှာ ၂၀၁၉ ခုနှစ် မတ်လ(၁)ရက်နေ့တွင် ကုန်ဆုံးမှာ ဖြစ်ကြောင်း သိရှိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~