ထိုင္းႏုိင္ငံတြင္ လစာမေပးလို၍ ေသနတ္ျဖင့္ ၿခိမ္းေျခာက္ခံရသည့္ ျမန္မာလုပ္သားႏွစ္ဦး လစာေငြမ်ား ျပန္ရ

ထိုင္းႏုိင္ငံတြင္ လစာမေပးလို၍ ေသနတ္ျဖင့္ ၿခိမ္းေျခာက္ခံရသည့္ ျမန္မာလုပ္သားႏွစ္ဦး လစာေငြမ်ား ျပန္ရ
ဧပြီ 2, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီလ (၂) ရက္ ။   ။ ထိုင္းႏိုင္ငံတြင္ အလုပ္ရွင္မွ လုပ္ခလစာမေပးလို၍ ေသနတ္ျဖင့္ ၿခိမ္းေျခာက္ အၾကပ္ကိုင္ျခင္းခံခဲ့ရသည့္ ျမန္မာႏိုင္ငံသား လုပ္သားႏွစ္ဦး၏ လစာေငြ (၆)လစာမ်ား ျပန္လည္ရရိွသြားေၾကာင္း သိရသည္။

အဆိုပါလုပ္သားႏွစ္ဦးမွ  ျမန္မာသံရံုးအလုပ္သမားကူညီေစာင့္ေရွာက္ေရး ေကာ္မတီ၀င္"AAC" မဟာမိတ္ထံ  တိုင္ၾကားခဲ့သျဖင့္ မတ္လ(၂၉)ရက္ေန႔တြင္ လုပ္ခလစာမ်ား ျပန္လည္ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"အလုပ္ရွင္က အလုပ္သမား လင္မယားႏွစ္ေယာက္စလံုးကို (၆)လစာမေပးဘူး။ မေပးတဲ့အျပင္ကို ေသနတ္ျပၿပီး ၿခိမ္းေျခာက္တာ၊ အလုပ္သမားေတြက ကၽြန္ေတာ္တို႔ကို လာတိုင္ေတာ့ အလုပ္သမား ကာကြယ္ေရးဌာန(ဆ၀ါဒီကန္)နဲ႔ေပါင္းၿပီး အလုပ္ရွင္သူေဌးကို ေသနတ္ျပၿပီး ၿခိမ္းေျခာက္လို႔ အလုပ္သမားေတြဘက္ကေန တရားစြဲမယ္လို႔ေျပာလို႔ လုပ္ခေတြလည္း ျပန္ရပါၿပီ။ ျပန္လည္း ေတာင္းပန္သြားတယ္"ဟု "AAC"မဟာမိတ္အဖြဲ႕၀င္ ကိုရဲမင္းက ေျပာသည္။

ထိုင္းႏိုင္ငံ၊ ကထုဘန္႔ၿမိဳ႕နယ္၊ ဆီသကစ္(၄၄)လမ္းတြင္ရွိေသာ ေကာ္ပစၥည္းထုတ္လုပ္သည့္စက္ရံုမွ ျမန္မာေရႊ႕ေျပာင္း အလုပ္သမား လင္မယား(၂)ဦးအား အလုပ္ရွင္မွ (၆)လစာ ထိုင္းေငြ (၅၅၀၀၀)ဘတ္ လုပ္ခ လစာ မေပးလိုသျဖင့္ ေသနတ္ျပ၍ ၿခိမ္းေျခာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အလုပ္သမားႏွစ္ဦးကလည္း လုပ္ခလစာမ်ား ျပန္လည္ရရွိသြားသျဖင့္ အမႈဖြင့္လွစ္ျခင္းမျပဳေတာ့ေၾကာင္း ျမန္မာသံရံုးအလုပ္သမားကူညီေစာင့္ေရွာက္ေရး ေကာ္မတီ၀င္"AAC"မဟာမိတ္ မွသိရသည္။

သတင္း။  ။ ကိုဇက္
......................

( unicode )

တာချီလိတ်၊ ဧပြီလ (၂) ရက်။ ထိုင်းနိုင်ငံတွင် အလုပ်ရှင်မှ လုပ်ခလစာမပေးလို၍ သေနတ်ဖြင့် ခြိမ်းခြောက် အကြပ်ကိုင်ခြင်းခံခဲ့ရသည့် မြန်မာနိုင်ငံသား လုပ်သားနှစ်ဦး၏ လစာငွေ (၆)လစာများ ပြန်လည်ရရှိသွားကြောင်း သိရသည်။

အဆိုပါလုပ်သားနှစ်ဦးမှ မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီဝင်"AAC" မဟာမိတ်ထံ တိုင်ကြားခဲ့သဖြင့် မတ်လ(၂၉)ရက်နေ့တွင် လုပ်ခလစာများ ပြန်လည်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အလုပ်ရှင်က အလုပ်သမား လင်မယားနှစ်ယောက်စလုံးကို (၆)လစာမပေးဘူး။ မပေးတဲ့အပြင်ကို သေနတ်ပြပြီး ခြိမ်းခြောက်တာ၊ အလုပ်သမားတွေက ကျွန်တော်တို့ကို လာတိုင်တော့ အလုပ်သမား ကာကွယ်ရေးဌာန(ဆဝါဒီကန်)နဲ့ပေါင်းပြီး အလုပ်ရှင်သူဌေးကို သေနတ်ပြပြီး ခြိမ်းခြောက်လို့ အလုပ်သမားတွေဘက်ကနေ တရားစွဲမယ်လို့ပြောလို့ လုပ်ခတွေလည်း ပြန်ရပါပြီ။ ပြန်လည်း တောင်းပန်သွားတယ်"ဟု "AAC"မဟာမိတ်အဖွဲ့ဝင် ကိုရဲမင်းက ပြောသည်။

ထိုင်းနိုင်ငံ၊ ကထုဘန့်မြို့နယ်၊ ဆီသကစ်(၄၄)လမ်းတွင်ရှိသော ကော်ပစ္စည်းထုတ်လုပ်သည့်စက်ရုံမှ မြန်မာရွှေ့ပြောင်း အလုပ်သမား လင်မယား(၂)ဦးအား အလုပ်ရှင်မှ (၆)လစာ ထိုင်းငွေ (၅၅၀၀၀)ဘတ် လုပ်ခ လစာ မပေးလိုသဖြင့် သေနတ်ပြ၍ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်သမားနှစ်ဦးကလည်း လုပ်ခလစာများ ပြန်လည်ရရှိသွားသဖြင့် အမှုဖွင့်လှစ်ခြင်းမပြုတော့ကြောင်း မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီဝင်"AAC"မဟာမိတ် မှသိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~