ေတာင္ႀကီး၌ သႀကၤန္ကာလအတြင္း သံုးေရဝယ္ယူရန္ ခက္ခဲလာ

ေတာင္ႀကီး၌ သႀကၤန္ကာလအတြင္း သံုးေရဝယ္ယူရန္ ခက္ခဲလာ
ဧပြီ 16, 2016
By Tachileik News Agency

ေတာင္ႀကီး၊ ဧၿပီလ (၁၆)ရက္
ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမဳိ႕တြင္ သႀကၤန္ကာလအတြင္း သုံးေရဝယ္ယူရန္ ခက္ခဲၿပီး ဝယ္ယူရသည့္ ေစ်းႏႈန္းလည္းတက္လာေၾကာင္း သိရသည္။

"အရင္ႏွစ္ေတြက သႀကၤန္ဆိုရင္ ေရဝယ္ရတာ သိပ္မခက္ဘူး။ ေရလည္း ဒီႏွစ္ေလာက္မရွားဘူး။ ေရွ႕ႏွစ္ေတြက သႀကၤန္ေရာက္ရင္ ေရဝယ္မယ္ဆိုရင္ ႀကဳိမွာရတာပဲရွိတယ္။ အခုႏွစ္က ေရလာျဖည့္ဖို႔ ေလးငါးရက္ေလာက္ ႀကဳိမွာတာေတာင္ မရဘူး။ ေရေစ်းလည္း တက္တယ္"ဟုေတာင္ႀကီးၿမဳိ႕ေဒသခံ ကိုသန္းႏိုင္က ေျပာသည္။

ယခင္ႏွစ္မ်ားတြင္ သႀကၤန္ကာလေရာက္လွ်င္ ေရေစ်းတက္ေသာ္လည္း ေရဝယ္ရန္ အခက္ခဲမရွိေသာ္လည္း ယခုႏွစ္တြင္ ေရေစ်းတက္သည့္ အျပင္ ေရဝယ္ရန္ ပိုမိုခက္ခဲေနျခင္းျဖစ္ေၾကာင္း သိရသည္။

" ဒီႏွစ္က ရာသီဥတုကလည္းပိုဆိုးေတာ့ ေရေလွာင္ကန္ေတြခန္းတဲ့အျပင္ အဝီစိတြင္းေတြကလည္း ေရသိပ္မထြက္ေတာ့ ေရေရာင္းဖို႔မေျပာနဲ႔ ေရဝယ္ဖို႔ေတာင္ ခက္တယ္"ဟု ေရေရာင္းသူ ေဒၚသန္းစိန္က ေျပာသည္။

သႀကၤန္ကာလအတြင္း သုံးေရဝယ္ယူရန္ ခက္ခဲျခင္းကို ယခုႏွစ္တြင္ ပထမဆုံးႀကဳံေတြ႕ရျခင္းျဖစ္ၿပီး၊ ေရကား တစ္စီးလွ်င္ ယခင္က (၃၀၀၀)က်ပ္မွ (၃၅၀၀)က်ပ္အထိသာရွိေသာ္လည္း၊ ယခုႏွစ္တြင္ သႀကၤန္ကာလအတြင္း ေရကစားရန္ ေရဝယ္ယူသူ ပိုမ်ားလာသျဖင့္ ေရကားတစ္စီးလွ်င္ က်ပ္ (၈၀၀၀)မွ က်ပ္ (၁၀၀၀၀)အထိရွိေၾကာင္း သိရသည္။

သတင္း။  ။ မင္းမင္း(ေတာင္ႀကီး)

.................
တောင်ကြီး၊ ဧပြီလ (၁၆)ရက်
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် သင်္ကြန်ကာလအတွင်း သုံးရေဝယ်ယူရန် ခက်ခဲပြီး ဝယ်ယူရသည့် ဈေးနှုန်းလည်းတက်လာကြောင်း သိရသည်။
"အရင်နှစ်တွေက သင်္ကြန်ဆိုရင် ရေဝယ်ရတာ သိပ်မခက်ဘူး။ ရေလည်း ဒီနှစ်လောက်မရှားဘူး။ ရှေ့နှစ်တွေက သင်္ကြန်ရောက်ရင် ရေဝယ်မယ်ဆိုရင် ကြိုမှာရတာပဲရှိတယ်။ အခုနှစ်က ရေလာဖြည့်ဖို့ လေးငါးရက်လောက် ကြိုမှာတာတောင် မရဘူး။ ရေဈေးလည်း တက်တယ်"ဟုတောင်ကြီးမြို့ဒေသခံ ကိုသန်းနိုင်က ပြောသည်။
ယခင်နှစ်များတွင် သင်္ကြန်ကာလရောက်လျှင် ရေဈေးတက်သော်လည်း ရေဝယ်ရန် အခက်ခဲမရှိသော်လည်း ယခုနှစ်တွင် ရေဈေးတက်သည့် အပြင် ရေဝယ်ရန် ပိုမိုခက်ခဲနခြေင်းဖြစ်ကြောင်း သိရသည်။
" ဒီနှစ်က ရာသီဥတုကလည်းပိုဆိုးတော့ ရေလှောင်ကန်တွေခန်းတဲ့အပြင် အဝီစိတွင်းတွေကလည်း ရေသိပ်မထွက်တော့ ရေရောင်းဖို့မပြောနဲ့ ရေဝယ်ဖို့တောင် ခက်တယ်"ဟု ရေရောင်းသူ ဒေါ်သန်းစိန်က ပြောသည်။
သင်္ကြန်ကာလအတွင်း သုံးရေဝယ်ယူရန် ခက်ခဲခြင်းကို ယခုနှစ်တွင် ပထမဆုံးကြုံတွေ့ရခြင်းဖြစ်ပြီး၊ ရေကား တစ်စီးလျှင် ယခင်က (၃၀၀၀)ကျပ်မှ (၃၅၀၀)ကျပ်အထိသာရှိသော်လည်း၊ ယခုနှစ်တွင် သင်္ကြန်ကာလအတွင်း ရေကစားရန် ရေဝယ်ယူသူ ပိုများလာသဖြင့် ရေကားတစ်စီးလျှင် ကျပ် (၈၀၀၀)မှ ကျပ် (၁၀၀၀၀)အထိရှိကြောင်း သိရသည်။
သတင်း။ မင်းမင်း(တောင်ကြီး)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~