တာခ်ီလိတ္ဖုန္းေစ်းကြက္တြင္ ထိုင္းႏိုင္ငံထုတ္ဖုန္းမ်ား ေရာင္းအားက်ဆင္း

တာခ်ီလိတ္ဖုန္းေစ်းကြက္တြင္ ထိုင္းႏိုင္ငံထုတ္ဖုန္းမ်ား ေရာင္းအားက်ဆင္း
ဧပြီ 24, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီလ (၂၄) ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ၿမိဳ႕ မိုဘိုင္းဖုန္းေစ်းကြက္တြင္ ထုိင္းႏိုင္ငံထုတ္ဖုန္းမ်ားထက္ ျပည္တြင္းမွ မွာယူတင္သြင္းေသာ Brand ဖုန္းမ်ားသာ ၀ယ္ယူမႈပိုမ်ားေၾကာင္း Mobile ဖုန္းအေရာင္းဆိုင္မ်ားမွ သိရသည္။

"အခု ဆုိင္မွာ ေရာင္းေကာင္းတာေတာ့ Oppo က အမ်ားဆံုးပဲ။ တာခ်ီလိတ္ကလူေတြ အေတာ္ႀကိဳက္တယ္။ တစ္လထဲကို ကၽြန္ေတာ့္ဆိုင္မွာ အလံုး(၆၀)ေလာက္ေရာင္းရတယ္။ ေနာက္တစ္မ်ိဳးက Lenovo တန္ဖိုးနည္းဖုန္း ေရာင္းရတယ္။ လြန္ခဲ့တဲ့ (၂)ႏွစ္ေလာက္ကေတာ့ ထုိင္းႏိုင္ငံထုတ္ဖုန္းေတြ ေရာင္းေကာင္းခဲ့ပါတယ္။ အခုေတာ့ ျပည္တြင္းက ဖုန္းေတြက အာမခံရတာေၾကာင့္ ပို၀ယ္လာၾကတာနဲ႔တူတယ္"ဟု Top Mobile ဖုန္းအေရာင္းဆိုင္ႏွင့္ျပဳျပင္ေရးမွ ကိုဆန္းမင္းဦးက ေျပာသည္။

တာခ်ီလိတ္ ဖုန္းေစ်းကြက္အတြင္း  လက္ရိွလူႀကိဳက္အမ်ားဆံုးမွာ Oppo Neo7ႏွင့္ Oppo F1 တို႔ျဖစ္ၿပီး Vivoႏွင့္ Kenbo ဖုန္းတို႔မွာ တျဖည္းျဖည္းေရာင္းအား က်ဆင္းလွ်က္ရွိေၾကာင္း မိုဘိုင္းဖုန္း အေရာင္းဆိုင္မ်ားမွ သိရသည္။

"ကၽြန္ေတာ္တို႔ Oppo ဖုန္းကေတာ့ သၾကၤန္ကာလအတြင္းမွာ တစ္ၿမိဳ႕လံုးနဲ႔ဆိုရင္ အလံုး(၇၀)ေလာက္ ေရာင္းရတယ္။  ရွမ္း/အေရွ႕ တစ္ခုလံုး တစ္လကို အလံုးေရ(၇၀၀)ေလာက္ရွိတယ္။ ေရာင္းအားကေတာ့ ပံုမွန္ပါပဲ။ တစ္လကို အလံုးေရ(၁၀၀၀)ပတ္၀န္းက်င္ ေရာင္းရတယ္။ အမ်ိဳးအစားအကုန္ေတာ့ ေရာင္းေနရတာပဲ"ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း) Oppo ဖုန္းအေရာင္းတာ၀န္ခံ ကိုမ်ိဳးထိုက္က ေျပာသည္။

ေစ်းကြက္အတြင္း Opop Neo7 တစ္လံုးလွ်င္ က်ပ္(၁၇၉၀၀၀) ႏွင့္ Oppo F1 တစ္လံုးလွ်င္ က်ပ္(၂၉၉၀၀၀)က်ပ္၊ Neo 5 တစ္လံုးလွ်င္ (၁၂၉၀၀၀)က်ပ္ အသီးသီးရိွေနေၾကာင္း Mobile ဖုန္းအေရာင္းဆိုင္မ်ားမွ သိရသည္။

သတင္း။  ။ ကိုဇက္
.............

တာချီလိတ်၊ ဧပြီလ (၂၄) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ မိုဘိုင်းဖုန်းဈေးကွက်တွင် ထိုင်းနိုင်ငံထုတ်ဖုန်းများထက် ပြည်တွင်းမှ မှာယူတင်သွင်းသော Brand ဖုန်းများသာ ဝယ်ယူမှုပိုများကြောင်း Mobile ဖုန်းအရောင်းဆိုင်များမှ သိရသည်။

"အခု ဆိုင်မှာ ရောင်းကောင်းတာတော့ Oppo က အများဆုံးပဲ။ တာချီလိတ်ကလူတွေ အတော်ကြိုက်တယ်။ တစ်လထဲကို ကျွန်တော့်ဆိုင်မှာ အလုံး(၆၀)လောက်ရောင်းရတယ်။ နောက်တစ်မျိုးက Lenovo တန်ဖိုးနည်းဖုန်း ရောင်းရတယ်။ လွန်ခဲ့တဲ့ (၂)နှစ်လောက်ကတော့ ထိုင်းနိုင်ငံထုတ်ဖုန်းတွေ ရောင်းကောင်းခဲ့ပါတယ်။ အခုတော့ ပြည်တွင်းက ဖုန်းတွေက အာမခံရတာကြောင့် ပိုဝယ်လာကြတာနဲ့တူတယ်"ဟု Top Mobile ဖုန်းအရောင်းဆိုင်နှင့်ပြုပြင်ရေးမှ ကိုဆန်းမင်းဦးက ပြောသည်။

တာချီလိတ် ဖုန်းဈေးကွက်အတွင်း လက်ရှိလူကြိုက်အများဆုံးမှာ Oppo Neo7နှင့် Oppo F1 တို့ဖြစ်ပြီး Vivoနှင့် Kenbo ဖုန်းတို့မှာ တဖြည်းဖြည်းရောင်းအား ကျဆင်းလျှက်ရှိကြောင်း မိုဘိုင်းဖုန်း အရောင်းဆိုင်များမှ သိရသည်။

"ကျွန်တော်တို့ Oppo ဖုန်းကတော့ သင်္ကြန်ကာလအတွင်းမှာ တစ်မြို့လုံးနဲ့ဆိုရင် အလုံး(၇၀)လောက် ရောင်းရတယ်။ ရှမ်း/အရှေ့ တစ်ခုလုံး တစ်လကို အလုံးရေ(၇၀၀)လောက်ရှိတယ်။ ရောင်းအားကတော့ ပုံမှန်ပါပဲ။ တစ်လကို အလုံးရေ(၁၀၀၀)ပတ်ဝန်းကျင် ရောင်းရတယ်။ အမျိုးအစားအကုန်တော့ ရောင်းနေရတာပဲ"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) Oppo ဖုန်းအရောင်းတာဝန်ခံ ကိုမျိုးထိုက်က ပြောသည်။

ဈေးကွက်အတွင်း Opop Neo7 တစ်လုံးလျှင် ကျပ်(၁၇၉၀၀၀) နှင့် Oppo F1 တစ်လုံးလျှင် ကျပ်(၂၉၉၀၀၀)ကျပ်၊ Neo 5 တစ်လုံးလျှင် (၁၂၉၀၀၀)ကျပ် အသီးသီးရှိနေကြောင်း Mobile ဖုန်းအရောင်းဆိုင်များမှ သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~