ပြည်နယ်ဝန်ကြီး(၈)ဦးအမည်စာရင်းတင်သွင်းပြီးနောက် (၉)ဦးဖြင့် အတည်ပြု

ပြည်နယ်ဝန်ကြီး(၈)ဦးအမည်စာရင်းတင်သွင်းပြီးနောက် (၉)ဦးဖြင့် အတည်ပြု
ဧပွီ 5, 2016
By Tachileik News Agency

တောင်ကြီး၊ ဧပြီ(၅) ။   ။ ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒဿမအကြိမ် လွှတ်တော် ပုံမှန်အစည်းအဝေး ကို ဧပြီ လ (၅)ရက်နေ့တွင် ပြည်နယ်ဝန်ကြီး(၉)ဦး၏ အမည်စာရင်းဖြင့် အတည်ပြုခန့်အပ်လိုက်ကြောင်း သိရသည်။



ရှမ်းပြည်နယ်လွတ်တော် န၀မ မြောက်နေ့အစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်နယ်ဝန်ကြီး(၅)ဦးနှင့် ပြင်ပ ပညာရှင်(၁)ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၁)ဦး၊ စုစုပေါင်း(၇)ဦး တို့အား ပြည်နယ်ဝန်ကြီးများအဖြစ် အဆိုတင်သွင်းခဲ့ရာ ယနေ့ ဧပြီ(၅)ရက်နေ့ ဒဿမအကြိမ်မြောက် ပြည်နယ်လွှတ်တော် ပုံမှန် အစည်းအဝေး၌ အတည်ပြုရာတွင် ပြင်ပ ပညာရှင်ပါဝင်ခြင်း မရှိဘဲ NLD ပါတီမှ ပြည်နယ်ဝန်ကြီး အဖြစ် (၅)ဦးပါဝင်ပြီး USDP ပါတီမှ (၃)ဦးနှင့် တပ်မတော်သားကိုယ်စားလှယ်များမှ အဆိုပြုသော လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး (၁)ဦး စုစုပေါင်း(၉)ဦး တို့အား အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်လွှတ်တော်မှ ဒဿမအကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးတွင် အမည်စာရင်း အတည်ပြုခဲ့သော ရှမ်းပြည်နယ်ဝန်ကြီးများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ ဦးစိုးညွှန့်လွင်(ခ)ဦးစိုးကြီး- ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ဦးစိုင်းစွံဆိုင်း- တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ဦးစိုင်းရှဲန်တစ်လုံ- မိုင်းယောင်း မဲဆန္ဒနယ်အမှတ်(၂)၊ ဦးဆွေသိန်း- မိုးမိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ဒေါက်တာ ညီညီအောင်-နောင်ချိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တို့ဖြစ်ကြပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ပါတီမှ ဦးခွန်ရဲထွေး - တောင်ကြီးမြိ့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ဒေါက်တာမျိုးထွန်း- ကွမ်လုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)နှင့် ဦးစိုင်းလုံးကျော်- ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တို့ဖြစ်ကြပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး စိုးမိုးအောင်တို့ဖြစ်ကြောင်း သိရသည်။

သတင်း။  ။ ကိုဇက်
..........................

( unicode )

တောင်ကြီး၊ ဧပြီ(၅)။ ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒဿမအကြိမ် လွှတ်တော် ပုံမှန်အစည်းအေဝး ကို ဧပြီ လ (၅)ရက်နေ့တွင် ပြည်နယ်ဝန်ကြီး(၉)ဦး၏ အမည်စာရင်းဖြင့် အတည်ပြုခန့်အပ်လိုက်ကြောင်း သိရသည်။

ဧပြီလ(၄)ရက်နေ့တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးအမည်စာရင်း (၈) ဦး တင်သွင်းခဲ့ခြင်းဖြစ်သည်။

"ဒီနေ့လွှတ်တော်က အတည်ပြုခန့်အပ်ခဲ့တဲ့ ပြည်နယ်ဝန်ကြီးတွေက (၉)ဦးပါ။ အဲဒီထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက (၅)ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက (၃)ဦး၊ တပ်မတော်သား နယ်/လုံဝန်ကြီးက(၁)ဦးပါ။ မနေ့က အဆိုပြုတဲ့စာရင်းနဲ့ဆို အပြောင်းအလဲက မနေ့က ဝန်ကြီးချုပ်က (၈)ဦးအဆိုပြုတယ်။ ဒီနေ့ (၉)ဦးခန့်တယ်၊ တစ်ယောက်ပိုသွားတာပေါ့။ နောက်ထပ် အမည်စာရင်းပြောင်းတာဆိုရင် NLD ပါတီက တာချီလိတ်မဲဆန္ဒနယ်အမှတ်(၂)က ကိုယ်စားလှယ် ဦးခင်မောင်တင့်နဲ့ မိုင်းယောင်း မဲဆန္ဒနယ်အမှတ်(၂)က ဦးစိုင်းရှဲန်တစ်လုံ တို့(၂)ဦး ပြောင်းသွားတာပဲရှိတယ်"ဟု တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းစွံဆိုင်းမှ ပြောသည်။

ရှမ်းပြည်နယ်လွတ်တော် နဝမ မြောက်နေ့အစည်းအေဝးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်နယ်ဝန်ကြီး(၅)ဦးနှင့် ပြင်ပ ပညာရှင်(၁)ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၁)ဦး၊ စုစုပေါင်း(၇)ဦး တို့အား ပြည်နယ်ဝန်ကြီးများအဖြစ် အဆိုတင်သွင်းခဲ့ရာ ယနေ့ ဧပြီ(၅)ရက်နေ့ ဒဿမအကြိမ်မြောက် ပြည်နယ်လွှတ်တော် ပုံမှန် အစည်းအေဝး၌ အတည်ပြုရာတွင် ပြင်ပ ပညာရှင်ပါဝင်ခြင်း မရှိဘဲ NLD ပါတီမှ ပြည်နယ်ဝန်ကြီး အဖြစ် (၅)ဦးပါဝင်ပြီး USDP ပါတီမှ (၃)ဦးနှင့် တပ်မတော်သားကိုယ်စားလှယ်များမှ အဆိုပြုသော လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး (၁)ဦး စုစုပေါင်း(၉)ဦး တို့အား အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်လွှတ်တော်မှ ဒဿမအကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအေဝးတွင် အမည်စာရင်း အတည်ပြုခဲ့သော ရှမ်းပြည်နယ်ဝန်ကြီးများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ ဦးစိုးညွှန့်လွင်(ခ)ဦးစိုးကြီး- ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ဦးစိုင်းစွံဆိုင်း- တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ဦးစိုင်းရှဲန်တစ်လုံ- မိုင်းယောင်း မဲဆန္ဒနယ်အမှတ်(၂)၊ ဦးဆွေသိန်း- မိုးမိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ဒေါက်တာ ညီညီအောင်-နောင်ချိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တို့ဖြစ်ကြပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ပါတီမှ ဦးခွန်ရဲထွေး - တောင်ကြီးမြိ့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ဒေါက်တာမျိုးထွန်း- ကွမ်လုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)နှင့် ဦးစိုင်းလုံးကျော်- ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တို့ဖြစ်ကြပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး စိုးမိုးအောင်တို့ဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~