ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ အလယ္တန္းအဆင့္ ေအာင္ခ်က္ ၈၀.၄ ရာခိုင္ႏႈန္းရိွ

ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ အလယ္တန္းအဆင့္ ေအာင္ခ်က္ ၈၀.၄ ရာခိုင္ႏႈန္းရိွ
ဧပြီ 18, 2016
By Tachileik News Agency

က်ဳိင္းတံု၊ ဧၿပီလ (၁၈) ရက္
ရွမ္းျပည္နယ္အေရွ႕ပိုင္း၌ ၂၀၁၅ -၂၀၁၆ ခုႏွစ္ ပညာသင္ႏွစ္အတြက္ အလယ္တန္းအဆင့္ အ႒မတန္း အစိုးရစစ္ စာေမးပြဲတြင္ (၈၀.၄) ရာခိုင္ႏႈန္း ေအာင္ျမင္ေၾကာင္း သိရသည္။

၂၀၁၅ - ၂၀၁၆ ခုႏွစ္ ပညာသင္ႏွစ္ အေျခခံပညာအဆင့္ ေအာင္စာရင္းမ်ားကို ၂၀၁၆ခုႏွစ္ ဧၿပီလ (၁၈) ရက္တြင္ ထုတ္ျပန္လိုက္ျခင္း ျဖစ္သည္။

"ကြၽန္ေတာ္တို႔ က်ဳိင္းတံုျပည္နယ္ပညာေရးမွဴး႐ံုး (႐ံုးခြဲ) အေနနဲ႔ ယေန႔ထုတ္ျပန္တဲ့ ေအာင္စာရင္းေတြ အနက္ ရွမ္း/အေရွ႕တစ္ခုလံုးရဲ႕ အလယ္တန္းအဆင့္ကိုပဲ တာဝန္ယူထားတာပါ။ မူလတန္း အဆင့္ေတြကိုေတာ့ သက္ဆိုင္ရာ ခ႐ိုင္ေတြကေန တာဝန္ယူၾကတဲ့အတြက္ မူလတန္းအဆင့္ရဲ႕ ေအာင္ခ်က္စာရင္းကို ႐ံုးဖြင့္ရက္ေရာက္မွ သိရမွာပါ။ " ဟု က်ဳိင္းတံုျပည္နယ္ပညာေရးမွဴး၏ ၫႊန္ၾကားခ်က္အရ တာဝန္ရိွသူတစ္ဦးက ေျပာသည္။

ရွမ္းျပည္နယ္ အေရွ႕ပိုင္းတြင္ ၂၀၁၅ - ၂၀၁၆ ခုႏွစ္ ပညာသင္ႏွစ္၌ အေျခခံပညာအလယ္တန္းအဆင့္ အ႒မတန္း ေက်ာင္းသား၊ ေက်ာင္းသူေပါင္း (၃,၈၇၂) ဦး ေျဖဆိုခဲ့ရာ (၃,၀၉၉) ဦး ေအာင္ျမင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ဇင္ေအာင္

................

ကျိုင်းတုံ၊ ဧပြီလ (၁၈) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း၌ ၂၀၁၅ -၂၀၁၆ ခုနှစ် ပညာသင်နှစ်အတွက် အလယ်တန်းအဆင့် အဋ္ဌမတန်း အစိုးရစစ် စာမေးပွဲတွင် (၈၀.၄) ရာခိုင်နှုန်း အောင်မြင်ကြောင်း သိရသည်။

၂၀၁၅ - ၂၀၁၆ ခုနှစ် ပညာသင်နှစ် အခြေခံပညာအဆင့် အောင်စာရင်းများကို ၂၀၁၆ခုနှစ် ဧပြီလ (၁၈) ရက်တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ကျိုင်းတုံပြည်နယ်ပညာရေးမှူးရုံး (ရုံးခွဲ) အနေနဲ့ ယနေ့ထုတ်ပြန်တဲ့ အောင်စာရင်းတွေ အနက် ရှမ်း/အရှေ့တစ်ခုလုံးရဲ့ အလယ်တန်းအဆင့်ကိုပဲ တာဝန်ယူထားတာပါ။ မူလတန်း အဆင့်တွေကိုတော့ သက်ဆိုင်ရာ ခရိုင်တွေကနေ တာဝန်ယူကြတဲ့အတွက် မူလတန်းအဆင့်ရဲ့ အောင်ချက်စာရင်းကို ရုံးဖွင့်ရက်ရောက်မှ သိရမှာပါ။ " ဟု ကျိုင်းတုံပြည်နယ်ပညာရေးမှူး၏ ညွှန်ကြားချက်အရ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ၂၀၁၅ - ၂၀၁၆ ခုနှစ် ပညာသင်နှစ်၌ အခြေခံပညာအလယ်တန်းအဆင့် အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူပေါင်း (၃,၈၇၂) ဦး ဖြေဆိုခဲ့ရာ (၃,ဝ၉၉) ဦး အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~