ပါတီ၏ ရည်မှန်းချက်များ မပြီးမြောက်သဖြင့် အစိုးရအဖွဲ့တွင် ပါဝင်ခြင်းမရှိသော်လည်း ပူးပေါင်းကူညီမည်
ပါတီ၏ ရည်မှန်းချက်များ မပြီးမြောက်သဖြင့် အစိုးရအဖွဲ့တွင် ပါဝင်ခြင်းမရှိသော်လည်း ပူးပေါင်းကူညီမည်
ဧပွီ 26, 2016
By Tachileik News Agency
ဦးစိုင်းလိတ် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်) 
ဓာတ်ပုံ။  ။ fB
တာချီလိတ်၊ ဧပြီလ (၂၆) ရက်
ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် လက်ရှိအစိုးရ၊ တပ်မတော်၊ လက်နက်ကိုင်များနှင့် တတ်သိပညာရှင်များ ပူးပေါင်း၍ လုပ်ဆောင်ရမည်ဖြစ်သဖြင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)အနေဖြင့် လက်ရှိအစိုးရ၏ ရည်မှန်းချက်ဖြစ်သော ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ဧပြီလ(၅)ရက်နေ့တွင် ၂၀၁၆ ခုနှစ် မြို့နယ်စုံညီ အစည်းအဝေး ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံအား အမျိုးသားတန်းတူကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်ရာ၌ မဟာမိတ်အဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သတင်း။  ။ ကိုဇက်
......................
တာချီလိတ်၊ ဧပြီလ (၂၆) ရက်
ပါတီ၏ ရည်မှန်းချက်ဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်များ ဖော်ဆောင်မှု မပြီးပြတ်သေးခြင်းကြောင့် ရှမ်းပြည်နယ်အစိုးရနှင့် အစိုးရအဖွဲ့အစည်းအဆင့်ဆင့်တွင် ပါဝင်ခြင်းမရှိသေးခြင်းဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ သိရသည်။
"ပထမဆုံး လုပ်ရမှာက ပြည်တွင်းငြိမ်းချမ်းရေးပဲ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ချုပ်ငြိမ်းသွားအောင် လုပ်ရမယ်။ ပြီးရင် စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဖြစ်အောင် စုပေါင်းဆွေးနွေးပြီး လုပ်ရမယ်။ ဒီလိုကိစ္စကနေ ပင်လုံညီလာခံလို နိုင်ငံရေးညီလာခံတစ်ခုကို ကျင်းပရမယ်။ အဲဒီညီလာခံကရရှိလာတဲ့ သဘောတူညီချက်တွေနဲ့ ဖွဲ့စည်းပုံအခြေခံကို ပြင်ဆင်ရမှာပါ"ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒပြေင်ဆင်ရေးသည် လက်ရှိအစိုးရ၊ တပ်မတော်၊ လက်နက်ကိုင်များနှင့် တတ်သိပညာရှင်များ ပူးပေါင်း၍ လုပ်ဆောင်ရမည်ဖြစ်သဖြင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)အနဖြေင့် လက်ရှိအစိုးရ၏ ရည်မှန်းချက်ဖြစ်သော ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒပြေင်ဆင်ရေး လုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၎င်းကဆိုသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ဧပြီလ(၅)ရက်နေ့တွင် ၂၀၁၆ ခုနှစ် မြို့နယ်စုံညီ အစည်းအေဝး ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံအား အမျိုးသားတန်းတူကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်ရာ၌ မဟာမိတ်အဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~