တာခ်ီလိတ္ မီးေဘးသင့္ျပည္သူ (၁၆၅)ဦးအတြက္ ဆန္အိတ္(၁၂၀)ခန္႔ အေရးေပၚလိုအပ္ေန

တာခ်ီလိတ္ မီးေဘးသင့္ျပည္သူ (၁၆၅)ဦးအတြက္ ဆန္အိတ္(၁၂၀)ခန္႔ အေရးေပၚလိုအပ္ေန
ဧပြီ 10, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီ(၁၀)
တာခ်ီလိတ္ၿမိဳ႕ မီးေဘးသင့္ေဒသခံမ်ားအတြက္ အေရးေပၚစားသံုးရန္ ဆန္အိတ္ေပါင္း(၁၂၀)ခန္႔ လိုအပ္လွ်က္ရွိေၾကာင္း ခရိုင္စီမံခန္႔ခြဲေရးေကာ္မတီမွ သိရသည္။

မီးေလာင္ကၽြမ္းခဲ့ျခင္းေၾကာင့္ ျပန္လည္ထူေထာင္ေရးကာလအတြင္း စားသံုးရန္အတြက္ တစ္အိမ္ေထာင္လွ်င္ (၄)အိတ္ႏွဳန္းျဖင့္ ခန္႔မွန္းတြက္ခ်က္မႈအရ ဆန္အိတ္ေပါင္း(၁၂၀)အိတ္ခန္႔ လိုအပ္လွ်က္ရွိေၾကာင္း သိရသည္။

"သူတို႔မီးေလာင္သြားလို႔ အခုခ်ိန္မွာ ဘာမွမက်န္ေတာ့ဘူး အဓိက အခုခ်ိန္မွာ စားဖို႔အတြက္ ဆန္လိုအပ္တာပါ၊ ဘာဆန္ဘဲလာလွဴလွဴ ရတယ္၊ မဟာျမတ္မုနိေက်ာင္းထဲ ယာယီကယ္ဆယ္ေရးစခန္း ဖြင့္ထားပါတယ္"ဟု တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲေရးေကာ္မတီ ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက ေျပာသည္။

ယခုလက္ရွိတြင္ တာခ်ီလိတ္ၿမိဳ႕ေပၚမွ ေစတနာရွင္ အလွဴရွင္မ်ားႏွင့္ ထိုင္းႏိုင္ငံမွ အလွဴရွင္မ်ား ပစၥည္းအမ်ိဳးအစားစံုလင္စြာ လာေရာက္လွဴဒါန္းလွ်က္ရွိေၾကာင္းႏွင့္ တစ္အိမ္ေထာင္ကို ဆန္(၄)အိတ္ႏွဳန္း ျဖင့္ (၁၁၆)အိတ္လိုလွ်က္ရွိျခင္းျဖစ္ၿပီး၊ ခန္႔မွန္းေျခ စုစုေပါင္းလိုအပ္ခ်က္မွာ အိတ္ေပါင္း(၁၂၀)ေက်ာ္ခန္႔ လိုအပ္လွ်က္ရွိျခင္းျဖစ္ေၾကာင္း သိရသည္။

ဧၿပီလ(၉)ရက္ေန႔ ည(၇)နာရီ၀န္းက်င္မွ စ၍ အခ်ိန္(၂)နာရီေက်ာ္အၾကာ ေလာင္ကြ်မ္းခဲ့ေသာ အဆိုပါ မီးေလာင္မႈေၾကာင့္ ၀ါးထရံအိမ္(၉)လံုး၊ ပ်ဥ္ေထာင္အိမ္ (၁၅)လံုး ႏွင့္ အုတ္ညႇပ္အိမ္ (၅)လံုး စုစုေပါင္း အိမ္ေျခ (၂၉)လံုး ျပာက်သြားခဲ့ရၿပီး က်ား(၇၆)ဦး ႏွင့္ မ (၈၉)ဦး စုစုေပါင္း (၁၆၅)ဦး အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရေၾကာင္း သိရသည္။
**********

တာချီလိတ်၊ ဧပြီ(၁၀)
တာချီလိတ်မြို့ မီးဘေးသင့်ဒေသခံများအတွက် အရေးပေါ်စားသုံးရန် ဆန်အိတ်ပေါင်း(၁၂၀)ခန့် လိုအပ်လျှက်ရှိကြောင်း ခရိုင်စီမံခန့်ခွဲရေးကော်မတီမှ သိရသည်။

မီးလောင်ကျွမ်းခဲ့ခြင်းကြောင့် ပြန်လည်ထူထောင်ရေးကာလအတွင်း စားသုံးရန်အတွက် တစ်အိမ်ထောင်လျှင် (၄)အိတ်နှုန်းဖြင့် ခန့်မှန်းတွက်ချက်မှုအရ ဆန်အိတ်ပေါင်း(၁၂၀)အိတ်ခန့် လိုအပ်လျှက်ရှိကြောင်း သိရသည်။

"သူတို့မီးလောင်သွားလို့ အခုချိန်မှာ ဘာမှမကျန်တော့ဘူး အဓိက အခုချိန်မှာ စားဖို့အတွက် ဆန်လိုအပ်တာပါ၊ ဘာဆန်ဘဲလာလှူလှူ ရတယ်၊ မဟာမြတ်မုနိကျောင်းထဲ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်ထားပါတယ်"ဟု တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

ယခုလက်ရှိတွင် တာချီလိတ်မြို့ပေါ်မှ စေတနာရှင် အလှူရှင်များနှင့် ထိုင်းနိုင်ငံမှ အလှူရှင်များ ပစ္စည်းအမျိုးအစားစုံလင်စွာ လာရောက်လှူဒါန်းလျှက်ရှိကြောင်းနှင့် တစ်အိမ်ထောင်ကို ဆန်(၄)အိတ်နှုန်း ဖြင့် (၁၁၆)အိတ်လိုလျှက်ရှိခြင်းဖြစ်ပြီး၊ ခန့်မှန်းခြေ စုစုပေါင်းလိုအပ်ချက်မှာ အိတ်ပေါင်း(၁၂၀)ကျော်ခန့် လိုအပ်လျှက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

ဧပြီလ(၉)ရက်နေ့ ည(၇)နာရီဝန်းကျင်မှ စ၍ အချိန်(၂)နာရီကျော်အကြာ လောင်ကျွမ်းခဲ့သော အဆိုပါ မီးလောင်မှုကြောင့် ဝါးထရံအိမ်(၉)လုံး၊ ပျဉ်ထောင်အိမ် (၁၅)လုံး နှင့် အုတ်ညှပ်အိမ် (၅)လုံး စုစုပေါင်း အိမ်ခြေ (၂၉)လုံး ပြာကျသွားခဲ့ရပြီး ကျား(၇၆)ဦး နှင့် မ (၈၉)ဦး စုစုပေါင်း (၁၆၅)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~