မေကြး ပရဟိတအဖဲြ႔မ်ားက ဦးေဆာင္ၿပီး ဗိုလ္ခ်ဳပ္ ျမင္းစီးေၾကးရုပ္ပန္းျခံကို မ်ိဳးဆက္သစ္မ်ားထံ ျပန္လည္အပ္ႏွံျခင္းျဖင့္ အစိုးရသစ္ကို ႀကိဳဆို

မေကြး ပရဟိတအဖဲြ႔မ်ားက ဦးေဆာင္ၿပီး ဗိုလ္ခ်ဳပ္ ျမင္းစီးေၾကးရုပ္ပန္းျခံကို မ်ိဳးဆက္သစ္မ်ားထံ ျပန္လည္အပ္ႏွံျခင္းျဖင့္ အစိုးရသစ္ကို ႀကိဳဆို
ဧပြီ 1, 2016
By Tachileik News Agency

မေကြး၊ ဧၿပီလ(၁) ။   ။ အစိုးရသစ္ သမၼတ ဦးထင္ေက်ာ္ႏွင့္ လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္အား ႀကိဳဆိုဂုဏ္ျပဳသည့္ အေနျဖင့္ မေကြးၿမိဳ႕၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ျမင္းစီးေၾကးရုပ္ပန္းျခံတြင္ မတ္လ(၃၁)ရက္ေန႔က စတင္ကာ (၂)ရက္တိုင္တိုင္ ေဖ်ာ္ေျဖပြဲမ်ားႏွင့္ စတုဒီတာေကၽြးေမြးျခင္းမ်ား ျပဳလုပ္လွ်က္ရွိေၾကာင္း သိရသည္။

"အစိုးရသစ္ကိုႀကိဳဆိုတဲ့ အေနနဲ႔ မေကြးၿမိဳ႕ေပၚမွာရိွတဲ့ ပရဟိတအသင္း (၁၈)သင္းေပါင္းစပ္ၿပီး ဒီပဲြကို ျပဳလုပ္ၾကတာပါ။ ဗိုလ္ခ်ဳပ္ ျမင္းစီးေၾကးရုပ္ပန္းျခံမွာ ျပဳလုပ္ျဖစ္ရတဲ့ ရည္ရြယ္ခ်က္ကေတာ႔ ဒီပန္းျခံဟာ ႏွစ္ေပါင္းမ်ားစြာ တံခါးပိတ္ မီးအေမွာင္ခ်ခံခဲ့ရတာျဖစ္လို႔ ျပည္သူလူထုနဲ႔ ကင္းကြာသလိုျဖစ္ခဲ႔ရပါတယ္။ ဒါ႔ေၾကာင့္ ျပည္သူလူထု၊အထူးသျဖင့္ ကေလးေတြကို ဗိုလ္ခ်ဳပ္ရင္ခြင္ထဲ ျပန္လည္အပ္ႏွံခ်င္တာေၾကာင့္ ဒီမွာျပဳလုပ္ဖို႔ေရြးခ်ယ္ခဲ့ၾကတာပါ၊ ဒီပြဲကို မတ္(၃၁)ရက္နဲ႔ ဧၿပီ(၁)ရက္ေန႔ (၂)ရက္ က်င္းပမွာပါ။”ဟု စားေသာက္ဆိုင္လုပ္ငန္းရွင္အသင္း ဥကၠဌ ဦးသက္တင္က ေျပာသည္။

မေကြးၿမိဳ႕၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေၾကးရုပ္ပန္းျခံမွာ ႏွစ္ရွည္ကာလၾကာစြာ တခါးပိတ္ထားျခင္းျဖစ္ၿပီး မတ္လ(၃၁)ရက္ေန႔တြင္ မ်ိဳဆက္သစ္ရင္ေသြးငယ္မ်ားထံ တံခါးဖြင့္လွစ္၍ ျပန္လည္အပ္ႏွံကာ ေရာင္စံုမီးမ်ားထြန္းညႇိ၍ ေဖ်ာ္ေျဖပြဲမ်ားျဖင့္ ဖြင့္လွစ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အစိုးရသစ္ ႀကိဳဆိုဂုဏ္ျပဳပြဲတြင္ မ်ိဳးဆက္သစ္ရင္ေသြးငယ္မ်ားမွ ျမန္မာ့ရိုးရာ တိုင္းရင္းသားအကမ်ား၊ ဆင္အက၊ ျခင္းခတ္ကစားစြမ္းရည္ျပပြဲမ်ားျဖင့္ မတ္လ(၃၁)ရက္ေန႔ညပိုင္းတြင္ ေျဖေဖ်ာ္ခဲ့ၿပီး၊ ဧၿပီ(၁)ရက္ေန႔တြင္ ပဲျပဳတ္ႏွင့္ နံျပား၊ အခ်ိဳရည္၊ မုန္႔မ်ိဳးစံု၊ ၾကာဆန္ဟင္းခါး၊ ၾကာဆန္ေၾကာ္ မုန္႔ဟင္းခါး မ်ားအား စတုဒီတာ ေကၽြးေမြးခဲ့ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ လက္သန္းမွာ မင္အစြန္းခံၿပီး ေရြးခ်ယ္ခဲ့တဲ့ အစိုးရတစ္ရပ္ ေပၚထြက္လာတာျဖစ္လို႔ ႀကိဳဆိုတာပါ။ လြတ္လပ္ေရးကို ရယူေပးခဲ့တဲ့ ဗိုလ္ခ်ဳပ္က ပန္းျခံထဲမွာ ႏွစ္ရွည္လမ်ား အက်ဥ္းခ်ခံခဲ့ရတာ၊ အခုမွ လြတ္လပ္ေရးျပန္ရသြားတယ္လို႔ ခံစားရတယ္”ဟု မင္းဘူးၿမိဳ႕မွ ဦးတင္ေရႊက ေျပာသည္။

အစိုးရသစ္ ႀကိဳဆိုပဲြသို႔ တက္ေရာက္လာသည့္ မင္းဘူးမဲဆႏၵနယ္အမွတ္(၂)မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနမ်ိဳးေက်ာ္က “အႏိုင္ရပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္၌က သူ႔ရဲ႕ျပည္ေထာင္စု အစိုးရအဖဲြ႔မွာေရာ တိုင္းနဲ႔ျပည္နယ္အစိုးရအဖဲြ႔ေတြမွာပါ အႏိုင္ရတဲ့ ပါတီဝင္ေတြနဲ႔ပဲ ဖဲြ႔စည္းတာမ်ိဳး မဟုတ္ဘဲ အမ်ိဳးသားျပန္ လည္ရင္ၾကားေစ့ေရးမူအရ ပူးေပါင္းေဆာင္ရြက္ေနတာျဖစ္လို႔ ဒီေန႔လုပ္တဲ႔ပဲြဟာ မဲအႏိုင္ရ သူေတြအတြက္ သက္သက္လုပ္တာ မဟုတ္ဘူး။ NLD ကို မဲမေပးခဲ့တဲ့ သူေတြအေနနဲ႔လည္း ကိုယ့္ႏိုင္ငံရဲ႕ အစိုးရသစ္ ေပၚေပါက္လာတာျဖစ္တဲ႔အတြက္ အားလံုးပူးေပါင္းပါဝင္ၾကပါလို႔ တိုက္တြန္းခ်င္ပါတယ္”ဟု ေျပာၾကားသည္။

ယခုျပဳလုပ္က်င္းပေသာပဲြသည္ အႏိုင္ရပါတီမွျဖစ္ေပၚလာသည့္ အစိုးရသစ္ကို ႀကိဳဆိုဂုဏ္ျပဳေသာ ပဲြဟု ဆိုေသာ္လည္း အႏိုင္ရသူကိုခ်ီးေျမွာက္၍ ရံွဴးနိမ္႔သူကို ပ်က္ရယ္ျပဳျခင္း သေဘာေဆာင္သည့္ပဲြ မဟုတ္ဟု ၎ကဆိုသည္။

သတင္း/ဓာတ္ပံု ။  ။ ဖီးနစ္
****************
မကွေး၊ ဧပြီလ(၁)။ အစိုးရသစ် သမ္မတ ဦးထင်ကျော်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုဂုဏ်ပြုသည့် အနဖြေင့် မကွေးမြို့၊ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်ကြေးရုပ်ပန်းခြံတွင် မတ်လ(၃၁)ရက်နေ့က စတင်ကာ (၂)ရက်တိုင်တိုင် ဖျော်ဖြေပွဲများနှင့် စတုဒီတာကျွေးမွေးခြင်းများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

"အစိုးရသစ်ကိုကြိုဆိုတဲ့ အနေနဲ့ မကွေးမြို့ပေါ်မှာရှိတဲ့ ပရဟိတအသင်း (၁၈)သင်းပေါင်းစပ်ပြီး ဒီပွဲကို ပြုလုပ်ကြတာပါ။ ဗိုလ်ချုပ် မြင်းစီးကြေးရုပ်ပန်းခြံမှာ ပြုလုပ်ဖြစ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဒီပန်းခြံဟာ နှစ်ပေါင်းများစွာ တံခါးပိတ် မီးအမှောင်ချခံခဲ့ရတာဖြစ်လို့ ပြည်သူလူထုနဲ့ ကင်းကွာသလိုဖြစ်ခဲ့ရပါတယ်။ ဒါ့ကြောင့် ပြည်သူလူထု၊အထူးသဖြင့် ကလေးတွေကို ဗိုလ်ချုပ်ရင်ခွင်ထဲ ပြန်လည်အပ်နှံချင်တာကြောင့် ဒီမှာပြုလုပ်ဖို့ရွေးချယ်ခဲ့ကြတာပါ၊ ဒီပွဲကို မတ်(၃၁)ရက်နဲ့ ဧပြီ(၁)ရက်နေ့ (၂)ရက် ကျင်းပမှာပါ။”ဟု စားသောက်ဆိုင်လုပ်ငန်းရှင်အသင်း ဥက္ကဌ ဦးသက်တင်က ပြောသည်။

မကွေးမြို့၊ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ပန်းခြံမှာ နှစ်ရှည်ကာလကြာစွာ တခါးပိတ်ထားခြင်းဖြစ်ပြီး မတ်လ(၃၁)ရက်နေ့တွင် မျိုဆက်သစ်ရင်သွေးငယ်များထံ တံခါးဖွင့်လှစ်၍ ပြန်လည်အပ်နှံကာ ရောင်စုံမီးများထွန်းညှိ၍ ဖျော်ဖြေပွဲများဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရသစ် ကြိုဆိုဂုဏ်ပြုပွဲတွင် မျိုးဆက်သစ်ရင်သွေးငယ်များမှ မြန်မာ့ရိုးရာ တိုင်းရင်းသားအကများ၊ ဆင်အက၊ ခြင်းခတ်ကစားစွမ်းရည်ပြပွဲများဖြင့် မတ်လ(၃၁)ရက်နေ့ညပိုင်းတွင် ဖြေဖျော်ခဲ့ပြီး၊ ဧပြီ(၁)ရက်နေ့တွင် ပဲပြုတ်နှင့် နံပြား၊ အချိုရည်၊ မုန့်မျိုးစုံ၊ ကြာဆန်ဟင်းခါး၊ ကြာဆန်ကြော် မုန့်ဟင်းခါး များအား စတုဒီတာ ကျွေးမွေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ လက်သန်းမှာ မင်အစွန်းခံပြီး ရွေးချယ်ခဲ့တဲ့ အစိုးရတစ်ရပ် ပေါ်ထွက်လာတာဖြစ်လို့ ကြိုဆိုတာပါ။ လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ ဗိုလ်ချုပ်က ပန်းခြံထဲမှာ နှစ်ရှည်လများ အကျဉ်းချခံခဲ့ရတာ၊ အခုမှ လွတ်လပ်ရေးပြန်ရသွားတယ်လို့ ခံစားရတယ်”ဟု မင်းဘူးမြို့မှ ဦးတင်ရွှေက ပြောသည်။

အစိုးရသစ် ကြိုဆိုပွဲသို့ တက်ရောက်လာသည့် မင်းဘူးမဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က “အနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်၌က သူ့ရဲ့ပြည်ထောင်စု အစိုးရအဖွဲ့မှာရော တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေမှာပါ အနိုင်ရတဲ့ ပါတီဝင်တွေနဲ့ပဲ ဖွဲ့စည်းတာမျိုး မဟုတ်ဘဲ အမျိုးသားပြန် လည်ရင်ကြားစေ့ရေးမူအရ ပူးပေါင်းဆောင်ရွက်နေတာဖြစ်လို့ ဒီနေ့လုပ်တဲ့ပွဲဟာ မဲအနိုင်ရ သူတွေအတွက် သက်သက်လုပ်တာ မဟုတ်ဘူး။ NLD ကို မဲမပေးခဲ့တဲ့ သူတွေအနေနဲ့လည်း ကိုယ့်နိုင်ငံရဲ့ အစိုးရသစ် ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် အားလုံးပူးပေါင်းပါဝင်ကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ပြောကြားသည်။

ယခုပြုလုပ်ကျင်းပသောပွဲသည် အနိုင်ရပါတီမှဖြစ်ပေါ်လာသည့် အစိုးရသစ်ကို ကြိုဆိုဂုဏ်ပြုသော ပွဲဟု ဆိုသော်လည်း အနိုင်ရသူကိုချီးမြှောက်၍ ရှူံးနိမ့်သူကို ပျက်ရယ်ပြုခြင်း သဘောဆောင်သည့်ပွဲ မဟုတ်ဟု၎င်းကဆိုသည်။

သတင်း/ဓာတ်ပုံ။ ဖီးနစ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~