ေမြးရာပါ အူထြက္ေရာဂါ ခံစားေနရသည့္ တာခ်ီလိတ္မွ ကေလးငယ္အတြက္ အကူအညီမ်ား လိုအပ္ေန

ေမြးရာပါ အူထြက္ေရာဂါ ခံစားေနရသည့္ တာခ်ီလိတ္မွ ကေလးငယ္အတြက္ အကူအညီမ်ား လိုအပ္ေန
ဧပြီ 25, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီ(၂၅)
တာခ်ီလိတ္ျပည္သူ႔ေဆးရုံတြင္ ဧၿပီလ (၂၄)ရက္ ညပိုင္းအခ်ိန္က လမျပည့္ဘဲ ေမြးဖြားခဲ့သည့္ မိန္းကေလး ကေလးငယ္တစ္ဦးမွာ( Neonatal Gastroschisis ) ေခၚ ေမြးရာပါ အူထြက္သည့္ ေရာဂါခံစားေနရၿပီး ေငြေၾကးမျပည့္စုံ၍ ခြဲစိတ္ကုသစရိတ္အတြက္ အလွဴရွင္မ်ား လိုအပ္ေနေၾကာင္း သိရသည္။

“ကေလးက လမျပည့္ဘဲ (၇)လခြဲနဲ႔ ေမြးလာတာရယ္ ၊ ေနာက္ၿပီး ေမြးရာပါ အူထြက္လာတာရယ္ ဆိုေတာ့ အျမန္ဆုံးခြဲစိတ္ကုသဖို႔ေတာ့လိုတယ္။ ကေလးရဲ႕အေျခအေနၾကည့္ၿပီး ဒီမွာခြဲစိတ္ဖို႔ မျဖစ္ႏိုင္ဘူး။ ခြဲစိတ္မယ္ဆို ရန္ကုန္ ၊ မႏၱေလးတို႔မွာ ခြဲမွရမွာ။ အျမန္ဆုံးခြဲစိတ္မွ ရမွာဆိုေတာ့ ထိုင္းႏိုင္ငံခ်င္းရိုင္းတို႔မွာ တရား၀င္ သြားေရာက္ၿပီး ခြဲစိတ္ဖို႔ လိုအပ္တယ္။ ကေလးဘက္ေငြေၾကးမျပည့္စုံေတာ့ အလွဴရွင္ေတြက လိုအပ္တယ္။ ျဖစ္ႏိုင္ရင္ အျမန္ဆုံးပို႔ေဆာင္ရင္ ပိုေကာင္းပါတယ္။” တာခ်ီလိတ္ျပည္သူ႔ေဆးရုံမွ ကေလးအထူးကုဆရာ၀န္ ေဒါက္တာ ေက်ာ္စြာျမင့္ က ေျပာသည္။

ယင္းကေလးငယ္သည္ (၇)လခြဲျဖင့္ လမျပည့္ဘဲ ေမြးဖြားလာ၍ ကိုယ္အေလးခ်ိန္မွာ (၁.၅) ကီလိုသာ ရွိၿပီး ကေလးငယ္အား အျမန္ဆုံး ခြဲစိတ္မည္ဆိုပါက ရာႏႈန္းျပည့္ အသက္ရွင္ႏိုင္ေၾကာင္း သိရသည္။

“အခုေလာေလာဆယ္မွာ လက္ထဲ ပိုက္ဆံမရွိေတာ့ ဘာလုပ္လို႔ လုပ္ရန္မွန္မသိဘူး ။ ဆုံးျဖတ္ရလည္းခက္ေနတယ္။ ရြာမွာလည္း ပိုက္ဆံရစရာက မရွိဘူး။” ဟု ကေလး၏ ဖခင္ျဖစ္သူ ကိုအိုက္ပီး ကေျပာသည္။

အဆိုပါ ကေလးငယ္၏ မိသားစု အသိုလ္အ၀ိုင္းမ်ားမွာ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စု၊ နမ့္တြန္း ကူေလာင္း ရြာတြင္ ေနထိုင္ၿပီး ေတာင္ယာလုပ္ငန္းကို အဓိက လုပ္ကိုင္ေၾကာင္းသိရသည္။

သတင္း။  ။ ေဇာင္းညီ
*************

တာချီလိတ်၊ ဧပြီ(၂၅)
တာချီလိတ်ပြည်သူ့ဆေးရုံတွင် ဧပြီလ (၂၄)ရက် ညပိုင်းအချိန်က လမပြည့်ဘဲ မွေးဖွားခဲ့သည့် မိန်းကလေး ကလေးငယ်တစ်ဦးမှာ( Neonatal Gastroschisis ) ခေါ် မွေးရာပါ အူထွက်သည့် ရောဂါခံစားနေရပြီး ငွေကြေးမပြည့်စုံ၍ ခွဲစိတ်ကုသစရိတ်အတွက် အလှူရှင်များ လိုအပ်နေကြောင်း သိရသည်။

“ကလေးက လမပြည့်ဘဲ (၇)လခွဲနဲ့ မွေးလာတာရယ်၊ နောက်ပြီး မွေးရာပါ အူထွက်လာတာရယ် ဆိုတော့ အမြန်ဆုံးခွဲစိတ်ကုသဖို့တော့လိုတယ်။ ကလေးရဲ့အခြေအနကြေည့်ပြီး ဒီမှာခွဲစိတ်ဖို့ မဖြစ်နိုင်ဘူး။ ခွဲစိတ်မယ်ဆို ရန်ကုန်၊ မန္တလေးတို့မှာ ခွဲမှရမှာ။ အမြန်ဆုံးခွဲစိတ်မှ ရမှာဆိုတော့ ထိုင်းနိုင်ငံချင်းရိုင်းတို့မှာ တရားဝင် သွားရောက်ပြီး ခွဲစိတ်ဖို့ လိုအပ်တယ်။ ကလေးဘက်ငွေကြေးမပြည့်စုံတော့ အလှူရှင်တွေက လိုအပ်တယ်။ ဖြစ်နိုင်ရင် အမြန်ဆုံးပို့ဆောင်ရင် ပိုကောင်းပါတယ်။” တာချီလိတ်ပြည်သူ့ဆေးရုံမှ ကလေးအထူးကုဆရာဝန် ဒေါက်တာ ကျော်စွာမြင့် က ပြောသည်။

ယင်းကလေးငယ်သည် (၇)လခွဲဖြင့် လမပြည့်ဘဲ မွေးဖွားလာ၍ ကိုယ်အလေးချိန်မှာ (၁.၅) ကီလိုသာ ရှိပြီး ကလေးငယ်အား အမြန်ဆုံး ခွဲစိတ်မည်ဆိုပါက ရာနှုန်းပြည့် အသက်ရှင်နိုင်ကြောင်း သိရသည်။

“အခုလောလောဆယ်မှာ လက်ထဲ ပိုက်ဆံမရှိတော့ ဘာလုပ်လို့ လုပ်ရန်မှန်မသိဘူး။ ဆုံးဖြတ်ရလည်းခက်နေတယ်။ ရွာမှာလည်း ပိုက်ဆံရစရာက မရှိဘူး။” ဟု ကလေး၏ ဖခင်ဖြစ်သူ ကိုအိုက်ပီး ကပြောသည်။

အဆိုပါ ကလေးငယ်၏ မိသားစု အသိုလ်အဝိုင်းများမှာ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ နမ့်တွန်း ကူလောင်း ရွာတွင် နေထိုင်ပြီး တောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြောင်းသိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~