ရေရှားပါးသည့် ရပ်ကွက်သို့ တာချီလိတ်စည်ပင်မှ သွားရောက်ကာ ရေများ အခမဲ့ဖြန့်ဝေ

ရေရှားပါးသည့် ရပ်ကွက်သို့ တာချီလိတ်စည်ပင်မှ သွားရောက်ကာ ရေများ အခမဲ့ဖြန့်ဝေ
ဧပွီ 10, 2016
By Tachileik News Agency

တာချီလိတ်၊ ဧပြီ(၁၀)
တာချီလိတ်မြို့ပေါ် ရပ်ကွက်များတွင် ရေရှားပါးမှုများ ဖြစ်ပေါ်နေလျှက်ရှိရာ မြို့နယ်စည်ပင်သာယာရေး ဌာနက ရေလိုအပ်နေလျှက်ရှိသည့် ရပ်ကွက်သို့ သွားရောက်ကာ ရေများအခမဲ့ ဖြန့်ဝေပေးနေလျှက် ရှိကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် ပုန်းထွန်ရပ်ကွက် နယ်မြေ(၁၄)သို့ ဧပြီလ(၉)ရက်နေ့က သွားရောက်ကာ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ရေဂါလံပေါင်း (၃၂၀၀)ကို အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။

"ရပ်ကွက်ရေကန်ထဲကို စည်ပင်ဌာနပိုင် ရေလိုင်းကနေ (၁)လက်မပိုက်နဲ့ သွယ်တန်းပေးခဲ့ပါတယ်၊ အခုလို ရေအခက်အခဲဖြစ်ပေါ်နေလို့ ရေလိုအပ်နေတယ်ဆိုရင် ကျွန်တော်တို့ စည်ပင်သာယာရေးဌာနရုံးကို လာရောက်အကူညီ တောင်းခံနိုင်ပါတယ်၊ အခမဲ့ဖြန့်ဝေပေးသွားမှာပါ"ဟု အငယ်တန်းအင်ဂျင်နီယာ(၂) ဦးအေးချမ်းမိုးက ပြောသည်။

တာချီလိတ်မြို့ပေါ် ရပ်ကွက်များတွင် ရေရှားပါးမှုများဖြစ်ပေါ်နေလျှက်ရှိရာ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ ရေများအား အခမဲ့ဖြန့်ဝေပေးနေလျှက်ရှိကြောင်း သိရသည်။
.............

( unicode )

တာချီလိတ်၊ ဧပြီ(၁၀)
တာချီလိတ်မြို့ပေါ် ရပ်ကွက်များတွင် ရေရှားပါးမှုများ ဖြစ်ပေါ်နေလျှက်ရှိရာ မြို့နယ်စည်ပင်သာယာရေး ဌာနက ရေလိုအပ်နေလျှက်ရှိသည့် ရပ်ကွက်သို့ သွားရောက်ကာ ရေများအခမဲ့ ဖြနေ့်ဝပေးနေလျှက် ရှိကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် ပုန်းထွန်ရပ်ကွက် နယ်မြေ(၁၄)သို့ ဧပြီလ(၉)ရက်နေ့က သွားရောက်ကာ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ရေဂါလံပေါင်း (၃၂၀၀)ကို အခမဲ့ပေးေဝခဲ့ကြောင်း သိရသည်။

"ရပ်ကွက်ရေကန်ထဲကို စည်ပင်ဌာနပိုင် ရေလိုင်းကနေ (၁)လက်မပိုက်နဲ့ သွယ်တန်းပေးခဲ့ပါတယ်၊ အခုလို ရေအခက်အခဲဖြစ်ပေါ်နေလို့ ရေလိုအပ်နေတယ်ဆိုရင် ကျွန်တော်တို့ စည်ပင်သာယာရေးဌာနရုံးကို လာရောက်အကူညီ တောင်းခံနိုင်ပါတယ်၊ အခမဲ့ဖြနေ့်ဝပေးသွားမှာပါ"ဟု အငယ်တန်းအင်ဂျင်နီယာ(၂) ဦးအေးချမ်းမိုးက ပြောသည်။

တာချီလိတ်မြို့ပေါ် ရပ်ကွက်များတွင် ရေရှားပါးမှုများဖြစ်ပေါ်နေလျှက်ရှိရာ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ ရေများအား အခမဲ့ဖြနေ့်ဝပေးနေလျှက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~