မိုင်းဆတ်မြို့တွင် သက်ကယ်နှင့် ဝါးတော (၅) ဧကခန့် မီးလောင်ကျွမ်း

မိုင်းဆတ်မြို့တွင် သက်ကယ်နှင့် ဝါးတော (၅) ဧကခန့် မီးလောင်ကျွမ်း
ဧပွီ 6, 2016
By Tachileik News Agency

မိုင်းဆတ်၊ ဧပြီလ (၆) ။   ။ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်၊ မယ်ဆွမ်(မြောက်)ရပ်ကွက်၊ ဝမ်ဟုန်ကွက်သစ်၊ အမှတ် (၇၀၀၃) သံချပ်ကာတပ်ရင်းတောင်ဘက်ရှိ သက်ကယ်တောနှင့် ဝါးတော (၅) ဧကခန့် မီးလောင်ကျွမ်းသွားကြောင်း သတင်းရရှိသည်။


အဆိုပါ တောမီးလောင်ရာသို့ တယ်လီဖုန်းသတင်းအရ ဧပြီလ (၅)ရက်နေ့ နံနက် (၁၁) နာရီ (၃၇) မိနစ် အချိန်ခန့်က မိုင်းဆတ်မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ် (၂) စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် (၁၆) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀) ဦးတို့ဖြင့် စတင်ထွက်ခွာလာပြီး (၁၁) နာရီ (၄၀) မိနစ် အချိန်၌ တောမီးလောင်ရာသို့ ရောက်ရှိငြိမ်းသတ်ကြရာ (၁၂) နာရီ (၅၀) အချိန်၌ မီးလုံးဝ ငြိမ်းသတ်နိုင်ခဲ့ပြီး ရေဂါလန် ပေါင်း (၃၆၀၀) ခန့် သုံးစွဲကာ မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

သတင်း။  ။ ဇင်အောင်
**********

( unicode )

မိုင်းဆတ်၊ ဧပြီလ (၆)။ ရှမ်းပြည်နယ်အရှေ့ပိုင်း မို်င်းဆတ်မြို့နယ်၊ မယ်ဆွမ်(မြောက်)ရပ်ကွက်၊ ဝမ်ဟုန်ကွက်သစ်၊ အမှတ် (၇၀၀၃) သံချပ်ကာတပ်ရင်းတောင်ဘက်ရှိ သက်ကယ်တောနှင့် ဝါးတော (၅) ဧကခန့် မီးလောင်ကျွမ်းသွားကြောင်း သတင်းရရှိသည်။

" ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှာ ဝန်ထမ်းဖွဲ့စည်းပုံအရ မီးသတ်ဝန်ထမ်းအင်အားတွေ အများကြီး လစ်လပ်နေသေးပါတယ်။ မီးသတ်ဝန်ထမ်းအင်အားတောင့်တင်းရင် မီးဘေးအတွက် ပိုပြီးတော့ စိတ်ချရတာပေါ့။" ဟု ကျိုင်းတုံတွဲဖက်ပြည်နယ်မီးသတ်ဦးစီးမှူး ဦးသိန်းမြင့်က ပြောသည်။

အဆိုပါ တောမီးလောင်ရာသို့ တယ်လီဖုန်းသတင်းအရ ဧပြီလ (၅)ရက်နေ့ နံနက် (၁၁) နာရီ (၃၇) မိနစ် အချိန်ခန့်က မိုင်းဆတ်မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ် (၂) စီး၊ သန္ဓမေီးသတ် တပ်ဖွဲ့ဝင် (၁၆) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀) ဦးတို့ဖြင့် စတင်ထွက်ခွာလာပြီး (၁၁) နာရီ (၄၀) မိနစ် အချိန်၌ တောမီးလောင်ရာသို့ ရောက်ရှိငြိမ်းသတ်ကြရာ (၁၂) နာရီ (၅၀) အချိန်၌ မီးလုံးဝ ငြိမ်းသတ်နိုင်ခဲ့ပြီး ရေဂါလန် ပေါင်း (၃၆၀၀) ခန့် သုံးစွဲကာ မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ကြော်ငြာ ~~~~~~~~~