မေကြးတိုင္းအတြင္းမွ စီးပြားေရးလုပ္ငန္းရွင္မ်ား အခြန္မပ်က္မကြက္ေပးသြင္းရန္ ဝန္ႀကီးခ်ဳပ္တိုက္တြန္း

မေကြးတိုင္းအတြင္းမွ စီးပြားေရးလုပ္ငန္းရွင္မ်ား အခြန္မပ်က္မကြက္ေပးသြင္းရန္ ဝန္ႀကီးခ်ဳပ္တိုက္တြန္း
ဧပြီ 25, 2016
By Tachileik News Agency

မေကြး၊ ဧၿပီလ (၂၅) ရက္
မေကြးတိုင္းေဒသႀကီးအတြင္းမွ စီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ အစိုးရသို႔ ေပးသင့္ေပးထိုက္ေသာ အခြန္မ်ားကို မပ်က္မကြက္ေပးသြင္းၾကရန္ မေကြးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က တိုက္တြန္းလိုက္သည္။

မေကြးၿမိဳ႕ကုန္စည္ဒိုင္ခန္းမတြင္ ဧၿပီလ (၂၃)ရက္က မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ႏွင့္ ကုန္သည္မ်ား၊ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းတို႔ ေတြ႔ဆံုပဲြတြင္ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ယင္းသို႔ တိုက္တြန္းလိုက္ျခင္း ျဖစ္သည္။

“အထူးသျဖင့္ လုပ္ငန္းတင္ဒါကိစၥေတြမွာ စီးပြားေရးလုပ္ငန္းရွင္ႀကီးတစ္ဦးတည္းကိုပဲ လုပ္ကိုင္ခြင့္ ရရိွေစတဲ့ စနစ္နဲ႔ သြားမွာမ်ိဳးကို ကၽြန္ေတာ့္အေနနဲ႔ ရပ္တည္ေပးသြားမွာ မဟုတ္ပါဘူး။ လုပ္ငန္းလုပ္ကိုင္ခြင့္ ရဖို႔အတြက္ လုပ္ငန္းရွင္ေတြအေနနဲ႔ ကၽြန္ေတာ္နဲ႔တကြ ကၽြန္ေတာ့ဝန္ႀကီးအဖဲြ႔ကို ငါးျပားတစ္ေစ့မွ ေပးစရာ မလိုပါဘူး။ ဒါေပမဲ့ လုပ္ငန္းေတြကို ေအာင္ျမင္ေအာင္ႀကိဳးစားၿပီး ေအာင္ျမင္တာနဲ႔အမွ် ေပးသင့္ေပး ထိုက္တဲ့ အခြန္ကိုေတာ့မရ ရေအာင္ ေတာင္းယူရပါလိမ္႔မယ္”ဟု ေဒါက္တာေအာင္မိုးညိဳက ဆိုသည္။

အဆိုပါ ေတြ႔ဆံုပဲြသို႔ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳ၊ စိုက္ပ်ိဳး ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီး ဦးစိုးျမင့္၊ စီမံကိန္း ဘ႑ာေရးႏွင့္ စည္ပင္သာယာေရး ဝန္ႀကီးဦးေဇာ္မင္း ႏွင့္ မေကြးတိုင္းကိုယ္စားျပဳ ျပည္သူ႔လႊတ္ေတာ္၊အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ မေကြးၿမိဳ႕ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္ အသင္းဝင္မ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား တက္ေရာက္ၾကၿပီး အစည္းအေဝးအၿပီးတြင္ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္အသင္းဝင္မ်ားက ဝန္ႀကီးခ်ဳပ္သို႔ အိတ္ပိတ္ေပးစာမ်ား ေပးၾကေၾကာင္း သိရသည္။

သတင္း။  ။ ဖီးနစ္(မေကြး)
..................

မကွေး၊ ဧပြီလ (၂၅) ရက်
မကွေးတိုင်းဒေသကြီးအတွင်းမှ စီးပွားရေးလုပ်ငန်းရှင်များအနဖြေင့် အစိုးရသို့ ပေးသင့်ပေးထိုက်သော အခွန်များကို မပျက်မကွက်ပေးသွင်းကြရန် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုက်တွန်းလိုက်သည်။

မကွေးမြို့ကုန်စည်ဒိုင်ခန်းမတွင် ဧပြီလ (၂၃)ရက်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ယင်းသို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

“အထူးသဖြင့် လုပ်ငန်းတင်ဒါကိစ္စတွေမှာ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးတည်းကိုပဲ လုပ်ကိုင်ခွင့် ရရှိစေတဲ့ စနစ်နဲ့ သွားမှာမျိုးကို ကျွန်တော့်အနေနဲ့ ရပ်တည်ပေးသွားမှာ မဟုတ်ပါဘူး။ လုပ်ငန်းလုပ်ကိုင်ခွင့် ရဖို့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ ကျွန်တော်နဲ့တကွ ကျွန်တော့ဝန်ကြီးအဖွဲ့ကို ငါးပြားတစ်စေ့မှ ပေးစရာ မလိုပါဘူး။ ဒါပေမဲ့ လုပ်ငန်းတွေကို အောင်မြင်အောင်ကြိုးစားပြီး အောင်မြင်တာနဲ့အမျှ ပေးသင့်ပေး ထိုက်တဲ့ အခွန်ကိုတော့မရ ရအောင် တောင်းယူရပါလိမ့်မယ်”ဟု ဒေါက်တာအောင်မိုးညိုက ဆိုသည်။

အဆိုပါ တွေ့ဆုံပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ စိုက်ပျိုး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့်၊ စီမံကိန်း ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဦးဇော်မင်း နှင့် မကွေးတိုင်းကိုယ်စားပြု ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ မကွေးမြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် အသင်းဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြပြီး အစည်းအဝေးအပြီးတွင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းဝင်များက ဝန်ကြီးချုပ်သို့ အိတ်ပိတ်ပေးစာများ ပေးကြကြောင်း သိရသည်။

သတင်း။ ဖီးနစ်(မကွေး)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~