မေကြးတိုင္းေဒသႀကီးအတြင္း အခြန္အမ်ားဆံုးေဆာင္သူ (၆)ဦးရိွသာရွိၿပီး ကုမၸဏီအခ်ိဳ႕ အခြန္ေရွာင္မႈမ်ားရိွေနဆဲ

မေကြးတိုင္းေဒသႀကီးအတြင္း အခြန္အမ်ားဆံုးေဆာင္သူ (၆)ဦးရိွသာရွိၿပီး ကုမၸဏီအခ်ိဳ႕ အခြန္ေရွာင္မႈမ်ားရိွေနဆဲ
ဧပြီ 29, 2016
By Tachileik News Agency

မေကြး၊ ဧၿပီ(၂၉)
မေကြးတိုင္းေဒသႀကီးအတြင္းရိွ အခြန္အမ်ားဆံုး ထမ္းေဆာင္ေသာ လုပ္ငန္းရွင္(၆)ဦးရွိေသာ္လည္း ကုမၸဏီအခ်ိဳ႕ အခြန္ေရွာင္တိမ္းမႈမ်ားရိွေနေၾကာင္း တိုင္းေဒသႀကီး အခြန္ဦးစီးဌာနမွ သိရသည္။

“ၿပီးခဲ့တဲ့ႏွစ္က တစ္ႏိုင္ငံလံုး အတိုင္းအတာနဲ႔ အခြန္အမ်ားဆံုးထမ္းေဆာင္သူ (၁၀၀၀)ထဲမွာ မေကြးတိုင္းအတြင္းမွာရိွတဲ့ လုပ္ငန္းရွင္ေတြထဲကဆိုရင္ မေကြးက ေကာင္းမြန္၊ ေအာင္လံက UKT နဲ႔ ေရနံ လက္ယက္တြင္းလုပ္ငန္းရွင္ေတြ အပါအဝင္ (၆)ဦးေလာက္ပါရိွခဲ့ပါတယ္။ ဒါေပမဲ့ အခြန္ေရွာင္တဲ့ ကုမၸဏီေတြေၾကာင့္ ရသင့္ရထိုက္တဲ႔ အခြန္ေငြ ဆံုးရံႈးရတာမ်ိဳးေတြရိွေနလို႔ ႏိုင္ငံေတာ္အတြက္ အရမ္း နစ္နာပါတယ္”ဟု တိုင္းေဒသႀကီး အခြန္ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ဦးေက်ာ္သိန္းက ေျပာသည္။

အထူးသျဖင့္ ေဆာက္လုပ္ေရးလုပ္ငန္းကုမၸဏီအခ်ိဳ႕၏ အခြန္ေရွာင္တိမ္းမႈအေပၚ ကုစားမႈျပဳလုပ္ရန္မွာ အခက္အခဲမ်ားစြာရိွေနၿပီး အခြန္ေရွာင္တိမ္းနည္းလမ္းမွာလည္း (၃)မ်ိဳးခန္႔ေတြ႔ရိွရေၾကာင္း ၎က ဆိုသည္။

“အစိုးရဌာန ဆိုင္ရာေတြရဲ႕ ေဆာက္လုပ္ေရးလုပ္ငန္းကိုရရိွတဲ့ ကုမၸဏီက မလဲႊသာမေရွာင္သာတဲ႔ အဲဒီေဆာက္လုပ္ေရးလုပ္ငန္းအေပၚမွာပဲ အခြန္စည္းၾကပ္မႈခံယူၿပီး ကၽြန္ေတာ္တို႔ လက္လွမ္းမမီတဲ့ ပုဂၢလိက ေဆာက္လုပ္ေရးလုပ္ငန္းေတြအတြက္က်ေတာ့ တင္ျပၿပီး အခြန္စည္းၾကပ္မႈခံယူတာမ်ိဳး မရိွၾကဘူး။ ေနာက္ တစ္မ်ိဳးက အစိုးရတင္ဒါ မရရိွတဲ့ ေဆာက္လုပ္ေရးကုမၸဏီေတြ၊ သူတို႔က်ေတာ့ လာကိုမလာၾကေတာ့ဘူး။ အခြန္ဝန္ထမ္းေတြက သြားျပန္ေတာ့လည္း လုပ္ငန္းမရိွပါဘူးဆိုၿပီး အေၾကာင္းျပေရွာင္ၾကတယ္။ ေနာက္ တစ္မ်ိဳးကေတာ႔ ေတာထဲေတာင္ထဲမွာတည္ရိွတဲ႔ ေက်ာက္မီးေသြးကုမၸဏီလိုမ်ိဳး ၊ သစ္ကုမၸဏီလိုမ်ိဳးေတြ က်ေတာ့လည္း အခြန္ဝန္ထမ္းေတြက မေရာက္ ေရာက္ေအာင္သြားတာေတာင္ ကုမၸဏီမေတြ႔ရတာနဲ႔၊ ေတြ႔တဲ့ ကုမၸဏီက်ျပန္ေတာ့လည္း ရန္ကုန္မွာပဲ အခြန္ထမ္းတာလိုလိုနဲ႔ ေရွာင္ၾကတာမ်ိဳးေတြရိွတယ္”ဟု ဦးေက်ာ္သိန္းက ေျပာသည္။

အခြန္စည္းၾကပ္ရန္ တာဝန္အရိွဆံုးဌာနမွာ အခြန္ဦးစီးဌာနျဖစ္ေသာ္လည္း တစ္ႏိုင္ငံလံုးရိွ ဌာနေပါင္းစံုက ရရိွသည့္ အခြန္ေငြအား ရယူသံုးစဲြၾကရျခင္းျဖစ္၍ ဌာနဆိုင္ရာအားလံုး ပူးေပါင္းေဆာင္ရြက္မည္ဆိုပါက အခြန္ေရွာင္ျခင္းအေပၚ ကုစားႏိုင္မည္ဟု အခြန္ဦိးစီးဌာမွ အႀကံျပဳလိုက္သည္။

“ဘယ္လိုကုမၸဏီပဲျဖစ္ျဖစ္ သူတို႔လုပ္တဲ့လုပ္ငန္းဟာ ဌာနဆိုင္ရာတစ္ခုခုရဲ႕လက္ေအာက္မွာရိွေနမွာပဲ ျဖစ္တယ္။ အဲဒီဌာနက လုပ္ငန္းလိုင္စင္သက္တမ္းတိုးေပးရတဲ႔အခါမွာ အခြန္ေပးေဆာင္ ၿပီးစီးေၾကာင္းျပႏိုင္မွ သက္တမ္းတိုးေပးတာမ်ိဳးလုပ္မယ္ဆိုရင္ အခြန္ေရွာင္ႏိုင္တဲ႔ အခြင့္ အေရးဟာ မရိွသေလာက္ျဖစ္သြားမွာပါ”ဟု ဦးေက်ာ္သိန္းက ဆိုသည္။

ျပည္တြင္းအခြန္မ်ားဦးစီးဌာန မေကြးတိုင္းေဒသႀကီး အခြန္အရပ္ရပ္ ေကာက္ခံရရိွမႈ အေျခအေနမွာ ၂၀၁၃-၂၀၁၄ တြင္ လ်ာထား က်ပ္ သန္းေပါင္း (၁၄၁၅၇.၀၂၃)၊ ေကာက္ခံရရိွေငြ  က်ပ္သန္းေပါင္း (၂၇၂၄၃.၆၃၃)၊ ၂၀၁၄-၂၀၁၅ တြင္ လ်ာထား က်ပ္သန္းေပါင္း(၁၈၂၄၈.၄၄၈)၊ေကာက္ခံရရိွေငြ က်ပ္ သန္းေပါင္း (၂၅၉၂၇.၃၈၅)၊ ၂၀၁၅-၂၀၁၆ တြင္ လ်ာထား က်ပ္သန္းေပါင္း(၁၈၀၈၇.၂၃၇)၊ ေကာက္ခံရရိွေငြ က်ပ္သန္းေပါင္း(၃၂၃၇၅.၀၄၀) ျဖစ္ေၾကာင္း တိုင္းေဒသႀကီးအခြန္ဦးစီးဌာနမွ သိရိွရသည္။

သတင္း။  ။ ဖီးနစ္(မေကြး)
.............
မကွေး၊ ဧပြီ(၂၉)
မကွေးတိုင်းဒေသကြီးအတွင်းရှိ အခွန်အများဆုံး ထမ်းဆောင်သော လုပ်ငန်းရှင်(၆)ဦးရှိသော်လည်း ကုမ္ပဏီအချို့ အခွန်ရှောင်တိမ်းမှုများရှိနေကြောင်း တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ သိရသည်။
“ပြီးခဲ့တဲ့နှစ်က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အခွန်အများဆုံးထမ်းဆောင်သူ (၁၀၀၀)ထဲမှာ မကွေးတိုင်းအတွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေထဲကဆိုရင် မကွေးက ကောင်းမွန်၊ အောင်လံက UKT နဲ့ ရေနံ လက်ယက်တွင်းလုပ်ငန်းရှင်တွေ အပါအဝင် (၆)ဦးလောက်ပါရှိခဲ့ပါတယ်။ ဒါပေမဲ့ အခွန်ရှောင်တဲ့ ကုမ္ပဏီတွေကြောင့် ရသင့်ရထိုက်တဲ့ အခွန်ငွေ ဆုံးရှုံးရတာမျိုးတွေရှိနေလို့ နိုင်ငံတော်အတွက် အရမ်း နစ်နာပါတယ်”ဟု တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်သိန်းက ပြောသည်။
အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီအချို့၏ အခွန်ရှောင်တိမ်းမှုအပေါ် ကုစားမှုပြုလုပ်ရန်မှာ အခက်အခဲများစွာရှိနပြေီး အခွန်ရှောင်တိမ်းနည်းလမ်းမှာလည်း (၃)မျိုးခန့်တွေ့ရှိရကြောင်း၎င်းက ဆိုသည်။
“အစိုးရဌာန ဆိုင်ရာတွေရဲ့ ဆောက်လုပ်ရေးလုပ်ငန်းကိုရရှိတဲ့ ကုမ္ပဏီက မလွှဲသာမရှောင်သာတဲ့ အဲဒီဆောက်လုပ်ရေးလုပ်ငန်းအပေါ်မှာပဲ အခွန်စည်းကြပ်မှုခံယူပြီး ကျွန်တော်တို့ လက်လှမ်းမမီတဲ့ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက်ကျတော့ တင်ပြပြီး အခွန်စည်းကြပ်မှုခံယူတာမျိုး မရှိကြဘူး။ နောက် တစ်မျိုးက အစိုးရတင်ဒါ မရရှိတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေ၊ သူတို့ကျတော့ လာကိုမလာကြတော့ဘူး။ အခွန်ဝန်ထမ်းတွေက သွားပြန်တော့လည်း လုပ်ငန်းမရှိပါဘူးဆိုပြီး အကြောင်းပြရှောင်ကြတယ်။ နောက် တစ်မျိုးကတော့ တောထဲတောင်ထဲမှာတည်ရှိတဲ့ ကျောက်မီးသွေးကုမ္ပဏီလိုမျိုး၊ သစ်ကုမ္ပဏီလိုမျိုးတွေ ကျတော့လည်း အခွန်ဝန်ထမ်းတွေက မရောက် ရောက်အောင်သွားတာတောင် ကုမ္ပဏီမတွေ့ရတာနဲ့၊ တွေ့တဲ့ ကုမ္ပဏီကျပြန်တော့လည်း ရန်ကုန်မှာပဲ အခွန်ထမ်းတာလိုလိုနဲ့ ရှောင်ကြတာမျိုးတွေရှိတယ်”ဟု ဦးကျော်သိန်းက ပြောသည်။
အခွန်စည်းကြပ်ရန် တာဝန်အရှိဆုံးဌာနမှာ အခွန်ဦးစီးဌာနဖြစ်သော်လည်း တစ်နိုင်ငံလုံးရှိ ဌာနပေါင်းစုံက ရရှိသည့် အခွန်ငွေအား ရယူသုံးစွဲကြရခြင်းဖြစ်၍ ဌာနဆိုင်ရာအားလုံး ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အခွန်ရှောင်ခြင်းအပေါ် ကုစားနိုင်မည်ဟု အခွန်ဦိးစီးဌာမှ အကြံပြုလိုက်သည်။
“ဘယ်လိုကုမ္ပဏီပဲဖြစ်ဖြစ် သူတို့လုပ်တဲ့လုပ်ငန်းဟာ ဌာနဆိုင်ရာတစ်ခုခုရဲ့လက်အောက်မှာရှိနေမှာပဲ ဖြစ်တယ်။ အဲဒီဌာနက လုပ်ငန်းလိုင်စင်သက်တမ်းတိုးပေးရတဲ့အခါမှာ အခွန်ပေးဆောင် ပြီးစီးကြောင်းပြနိုင်မှ သက်တမ်းတိုးပေးတာမျိုးလုပ်မယ်ဆိုရင် အခွန်ရှောင်နိုင်တဲ့ အခွင့် အရေးဟာ မရှိသလောက်ဖြစ်သွားမှာပါ”ဟု ဦးကျော်သိန်းက ဆိုသည်။
ပြည်တွင်းအခွန်များဦးစီးဌာန မကွေးတိုင်းဒေသကြီး အခွန်အရပ်ရပ် ကောက်ခံရရှိမှု အခြေအနေမှာ ၂၀၁၃-၂၀၁၄ တွင် လျာထား ကျပ် သန်းပေါင်း (၁၄၁၅၇.ဝ၂၃)၊ ကောက်ခံရရှိငွေ ကျပ်သန်းပေါင်း (၂၇၂၄၃.၆၃၃)၊ ၂၀၁၄-၂၀၁၅ တွင် လျာထား ကျပ်သန်းပေါင်း(၁၈၂၄၈.၄၄၈)၊ကောက်ခံရရှိငွေ ကျပ် သန်းပေါင်း (၂၅၉၂၇.၃၈၅)၊ ၂၀၁၅-၂၀၁၆ တွင် လျာထား ကျပ်သန်းပေါင်း(၁၈၀၈၇.၂၃၇)၊ ကောက်ခံရရှိငွေ ကျပ်သန်းပေါင်း(၃၂၃၇၅.ဝ၄၀) ဖြစ်ကြောင်း တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှ သိရှိရသည်။
သတင်း။ ဖီးနစ်(မကွေး)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~