တာခ်ီလိတ္ၿမိဳ႕ က်ထီးနား မီးေဘးသင့္ ျပည္သူမ်ားအား ျပန္လည္ထူေထာင္ေရးအတြက္ သြားေရာက္ေထာက္ပံ့

တာခ်ီလိတ္ၿမိဳ႕ က်ထီးနား မီးေဘးသင့္ ျပည္သူမ်ားအား ျပန္လည္ထူေထာင္ေရးအတြက္ သြားေရာက္ေထာက္ပံ့
ဧပြီ 13, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီ(၁၃)
တာခ်ီလိတ္ၿမိဳ႕၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ က်ထီးနား မီးသင့္ျပည္သူမ်ားအတြက္ ဧၿပီလ(၁၃)ရက္ သႀကၤန္အက်ေန႔ နံနက္ပိုင္းက  ေထာက္ပံ့ေရးႏွင့္ ျပန္လည္ထူေထာင္ေရးအတြက္ ျမန္မာႏိုင္ငံ ၾကက္ေျခနီအသင္းႏွင့္ ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဦးစီးဌာနမွ ေထာက္ပံ့ေရး ပစၥည္းမ်ားေပးကို လက္၀ယ္အေရာက္ ေပးအပ္ခဲ့ေၾကာင္း သိရသည္။

မီးေဘးသင့္ျပည္သူ အိမ္ေထာင္စု(၁၃)စုအတြက္ ျမန္မာႏုိင္ငံၾကက္ေျခနီအသင္းမွ တာခ်ီလိတ္ခရိုင္ ဦးစီးမွဴး ဒုတိယတန္း ဦးဘမိုးျမင့္ ႏွင့္ တာ၀န္ရွိသူမ်ားက မိသားစုသံုးပစၥည္း (၁၃)ပံုး၊ တစ္ကိုယ္ေရသန္႔ရွင္းေရးႏွင့္ က်န္းမာေရးသံုးပစၥည္း (၁၃)ပံုး၊ အမ်ဳိးသမီးသံုး ပစၥည္းအိတ္ (၁၃)အိတ္ ႏွင့္ ေဆာက္လုပ္ေရးသံုး ပစၥည္းအိတ္ (၆)အိတ္တို႔ကို ေပးအပ္ေထာက္ပံ့ခဲ့ေၾကာင္း သိရသည္။

ယင္းအျပင္ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာ ခ်ထားေရးဦးစီးဌာမွ ဒုတိယဦးစီးမွဴး ေဒၚျမင့္ျမင့္ခင္ ႏွင့္ တာ၀န္ရွိသူမ်ားက က်ား၀တ္လံုခ်ည္၊ မ၀တ္လံုခ်ည္၊ ေစာင္၊ မ်က္ႏွာသုတ္ပု၀ါ၊ ဒန္အုိး၊ ဇလံု၊ တီရွပ္၊ ကာေဘာလစ္ဆပ္ျပာ၊ ႏွစ္ေယာက္ အိပ္ျခင္ေထာင္ စသည့္ပစၥည္း(၉)မ်ဳိးပါ အစုံ(၁၂)စံု အျပင္ ေနအိမ္မ်ား ျပန္လည္ေဆာက္လုပ္ႏိုင္ရန္ႏွင့္ စားသံုးႏိုင္ရန္အတြက္ ဆန္၀ယ္ႏိုင္ရန္ က်ပ္(၁,၀၈၆,၀၀၀)ကို မီးေဘးသင့္ျပည္သူမ်ားထံ လက္၀ယ္အေရာက္ ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း သိရသည္။

ယင္းသို႔  ေထာက္ပံ့ေပးအပ္ရာတြင္ တာခ်ီလိတ္ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ အပါအ၀င္ လြယ္ေတာ္ခမ္းေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးခ်စ္ေဂြ်႕အျပင္ တာ၀န္ရွိသူမ်ား၊ ေရွ႕တန္းေရာက္ အရာရွိ စစ္သည္မ်ားပါ၀င္ၿပီး မီးေဘးသင့္ တိုင္းရင္းသား ျပည္သူမ်ားထံ လက္၀ယ္အေရာက္ေပးအပ္ျခင္း ျဖစ္ေၾကာင္း သိရသည္။

"အခု သြားေရာက္ ေထာက္ပံ့တာနဲ႔ဆို (၃)ႀကိမ္ရွိပါၿပီ၊ စျဖစ္ျဖစ္ခ်င္း ညကလည္း သြားေထာက္ပံ့တယ္ မေန႔ မနက္ကလည္း သြားေထာက္ပံ့တယ္။ ျပန္လည္ထူေထာင္ေရးအတြက္ ဖူလံုသေလာက္ရွိေနပါၿပီ"ဟု လြယ္ေတာ္ခမ္းေက်းရြာအုပ္ခ်ဳပ္ေရးအဖြဲ႕မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

အဆိုပါ မီးေလာင္မႈျဖစ္ပြားရာတြင္ ခရစ္ယာန္ဘုရားေက်ာင္း (၁)ေက်ာင္း ျပာက်သြားခဲ့ၿပီး လူေနအိမ္(၁၃)လံုး ျပာက်သြားခဲ့ကာ က်ား(၂၃)ဦး ႏွင့္ မ(၁၇)ဦး စုစုေပါင္း လူဦးေရ (၄၀) အိုးမဲ့ အိမ္မဲ့ ျဖစ္သြားခဲ့ရေၾကာင္း သိရသည္။

.............

တာချီလိတ်၊ ဧပြီ(၁၃)
တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ကျထီးနား မီးသင့်ပြည်သူများအတွက် ဧပြီလ(၁၃)ရက် သင်္ကြန်အကျနေ့ နံနက်ပိုင်းက ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့ရေး ပစ္စည်းများပေးကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

မီးဘေးသင့်ပြည်သူ အိမ်ထောင်စု(၁၃)စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာချီလိတ်ခရိုင် ဦးစီးမှူး ဒုတိယတန်း ဦးဘမိုးမြင့် နှင့် တာဝန်ရှိသူများက မိသားစုသုံးပစ္စည်း (၁၃)ပုံး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေးသုံးပစ္စည်း (၁၃)ပုံး၊ အမျိုးသမီးသုံး ပစ္စည်းအိတ် (၁၃)အိတ် နှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းအိတ် (၆)အိတ်တို့ကို ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်ခင် နှင့် တာဝန်ရှိသူများက ကျားဝတ်လုံချည်၊ မဝတ်လုံချည်၊ စောင်၊ မျက်နှာသုတ်ပုဝါ၊ ဒန်အိုး၊ ဇလုံ၊ တီရှပ်၊ ကာဘောလစ်ဆပ်ပြာ၊ နှစ်ယောက် အိပ်ခြင်ထောင် စသည့်ပစ္စည်း(၉)မျိုးပါ အစုံ(၁၂)စုံ အပြင် နေအိမ်များ ပြန်လည်ဆောက်လုပ်နိုင်ရန်နှင့် စားသုံးနိုင်ရန်အတွက် ဆန်ဝယ်နိုင်ရန် ကျပ်(၁,ဝ၈၆,ဝဝဝ)ကို မီးဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် အပါအဝင် လွယ်တော်ခမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးချစ်ဂျွေ့အပြင် တာဝန်ရှိသူများ၊ ရှေ့တန်းရောက် အရာရှိ စစ်သည်များပါဝင်ပြီး မီးဘေးသင့် တိုင်းရင်းသား ပြည်သူများထံ လက်ဝယ်အရောက်ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

"အခု သွားရောက် ထောက်ပံ့တာနဲ့ဆို (၃)ကြိမ်ရှိပါပြီ၊ စဖြစ်ဖြစ်ချင်း ညကလည်း သွားထောက်ပံ့တယ် မနေ့ မနက်ကလည်း သွားထောက်ပံ့တယ်။ ပြန်လည်ထူထောင်ရေးအတွက် ဖူလုံသလောက်ရှိနေပါပြီ"ဟု လွယ်တော်ခမ်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာတွင် ခရစ်ယာန်ဘုရားကျောင်း (၁)ကျောင်း ပြာကျသွားခဲ့ပြီး လူနေအိမ်(၁၃)လုံး ပြာကျသွားခဲ့ကာ ကျား(၂၃)ဦး နှင့် မ(၁၇)ဦး စုစုပေါင်း လူဦးရေ (၄၀) အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့ရကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~