Update News

က်ိဳင္းတံုၿမိဳ႕ က်ိဳင္းေဖာင္းေခ်ာင္းတြင္ သႀကၤန္ကာလဆိုင္ခန္းမ်ား ထက္ဝက္ေလ်ာ့လာ







က်ဳိင္းတံု၊ ဧၿပီလ (၁၂)
ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ဳိင္းတံုၿမိဳ႕တြင္ သႀကၤန္ကာလအတြင္း လည္ပတ္သူမ်ားသည့္ က်ဳိင္းေဖာင္းေခ်ာင္း၌ ယခင္ႏွစ္ကထက္ ဆိုင္ခန္းအေရအတြက္ ထက္ဝက္ခန္႔ နည္းလာေၾကာင္း သိရသည္။

"က်ဳိင္းေဖာင္းေခ်ာင္းက က်ဳိင္းတံုသႀကၤန္အတြက္ ေရကစားဖို႔ လူအစည္ဆံုးေနရာပါ။ ၿမိဳ႕တြင္းမွာ အဲဒီေလာက္ မစည္ပါဘူး။ ဒါေၾကာင့္ ဒီမွာ ေစ်းလာေရာင္းတာပါ။ " ဟု ေစ်းဆိုင္လာဖြင့္သူတစ္ဦးက ေျပာသည္။

ၿပီးခဲ့သည့္ႏွစ္ သႀကၤန္ကာလအတြင္း က်ဳိင္းေဖာင္းေခ်ာင္းတြင္ ဆိုင္ခန္းေပါင္း (၅၀) ရိွခဲ့ၿပီး ယခုႏွစ္တြင္ ဆိုင္ခန္းေပါင္း (၃၀) သာရိွေသးေၾကာင္း သိရသည္။

" ကြၽန္ေတာ္တို႔က သႀကၤန္တြင္း က်ဳိင္းေဖာင္းေခ်ာင္းမွာ ေစ်းဆိုင္လာဖြင့္သူေတြကို ေစ်းဆိုင္ခန္း ေျမေနရာအတြက္ ရံပံုေငြေကာက္ခံပါတယ္။ က်ဳိင္းေဖာင္းေခ်ာင္းရဲ႕ သန္႔ရွင္းေရး ေဆာင္ရြက္မႈ ကုန္က်စရိတ္ အတြက္ပါ။ တကယ္လို႔ ေကာက္ခံရရိွေငြေတြပိုခဲ့ရင္လည္း ရပ္ရြာအတြက္ ရံပံုေငြ အျဖစ္ထားရိွသြားမွာပါ။ ဒီဟာကို ႏွစ္စဥ္ႏွစ္တိုင္း ျပဳလုပ္ေနၾကပါ " ဟု က်ဳိင္းေဖာင္းရြာသူႀကီး ဦး စိုင္းဆမ္တစ္က ေျပာသည္။

က်ဳိင္းေဖာင္းေခ်ာင္းသည္ သႀကၤန္ပြဲေတာ္ကာလအတြင္း ဆိုင္ခန္းဖြင့္လွစ္ရန္အတြက္ ေျမေနရာကို  (၁၀) ေပ ပတ္လည္ တစ္ကြက္လွ်င္ က်ပ္တစ္ေသာင္းခြဲႏႈန္းျဖင့္ က်ဳိင္းေဖာင္းရြာသူႀကီးမွ ေကာက္ခံေၾကာင္း သိရၿပီး၊ အဆိုပါ ေကာက္ခံရရိွေငြျဖင့္ သႀကၤန္ရက္ၿပီးဆံုးခ်ိန္တြင္ ေခ်ာင္းအတြင္း က်န္ရစ္ ခဲ့ေသာ စြန္႔ပစ္ပစၥည္းအမိႈက္မ်ားအား သန္႔ရွင္းေရးေဆာင္ရြက္ရန္ သံုးစြဲျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု။  ။ ဇင္ေအာင္
............

ကျိုင်းတုံ၊ ဧပြီလ (၁၂)
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် သင်္ကြန်ကာလအတွင်း လည်ပတ်သူများသည့် ကျိုင်းဖောင်းချောင်း၌ ယခင်နှစ်ကထက် ဆိုင်ခန်းအရေအတွက် ထက်ဝက်ခန့် နည်းလာကြောင်း သိရသည်။

"ကျိုင်းဖောင်းချောင်းက ကျိုင်းတုံသင်္ကြန်အတွက် ရေကစားဖို့ လူအစည်ဆုံးနေရာပါ။ မြို့တွင်းမှာ အဲဒီလောက် မစည်ပါဘူး။ ဒါကြောင့် ဒီမှာ ဈေးလာရောင်းတာပါ။ " ဟု ဈေးဆိုင်လာဖွင့်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် သင်္ကြန်ကာလအတွင်း ကျိုင်းဖောင်းချောင်းတွင် ဆိုင်ခန်းပေါင်း (၅၀) ရှိခဲ့ပြီး ယခုနှစ်တွင် ဆိုင်ခန်းပေါင်း (၃၀) သာရှိသေးကြောင်း သိရသည်။

" ကျွန်တော်တို့က သင်္ကြန်တွင်း ကျိုင်းဖောင်းချောင်းမှာ ဈေးဆိုင်လာဖွင့်သူတွေကို ဈေးဆိုင်ခန်း မြေနေရာအတွက် ရံပုံငွေကောက်ခံပါတယ်။ ကျိုင်းဖောင်းချောင်းရဲ့ သန့်ရှင်းရေး ဆောင်ရွက်မှု ကုန်ကျစရိတ် အတွက်ပါ။ တကယ်လို့ ကောက်ခံရရှိငွေတွေပိုခဲ့ရင်လည်း ရပ်ရွာအတွက် ရံပုံငွေ အဖြစ်ထားရှိသွားမှာပါ။ ဒီဟာကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်နကြေပါ " ဟု ကျိုင်းဖောင်းရွာသူကြီး ဦး စိုင်းဆမ်တစ်က ပြောသည်။

ကျိုင်းဖောင်းချောင်းသည် သင်္ကြန်ပွဲတော်ကာလအတွင်း ဆိုင်ခန်းဖွင့်လှစ်ရန်အတွက် မြေနေရာကို (၁၀) ပေ ပတ်လည် တစ်ကွက်လျှင် ကျပ်တစ်သောင်းခွဲနှုန်းဖြင့် ကျိုင်းဖောင်းရွာသူကြီးမှ ကောက်ခံကြောင်း သိရပြီး၊ အဆိုပါ ကောက်ခံရရှိငွဖြေင့် သင်္ကြန်ရက်ပြီးဆုံးချိန်တွင် ချောင်းအတွင်း ကျန်ရစ် ခဲ့သော စွန့်ပစ်ပစ္စည်းအမှိုက်များအား သန့်ရှင်းရေးဆောင်ရွက်ရန် သုံးစွဲခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။ ဇင်အောင်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »