ကြမ္းစားသံုးျခင္းႏွင့္ စည္းကမ္းမဲ့ ကြမ္းတံေတြးေထြးမႈ က်ဆင္းပေပ်ာက္ေရး တာခ်ီလိတ္၌ မၾကာမီ ေဆာင္ရြက္မည္

ကြမ္းစားသံုးျခင္းႏွင့္ စည္းကမ္းမဲ့ ကြမ္းတံေတြးေထြးမႈ က်ဆင္းပေပ်ာက္ေရး တာခ်ီလိတ္၌ မၾကာမီ ေဆာင္ရြက္မည္
ဧပြီ 29, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီ(၂၉)
ကြမ္းစားသံုးျခင္းဓေလ့မွာ ျမန္မာ့ရိုးရာ ထံုးတမ္းစဥ္လာအရ ရာစုႏွစ္ေပါင္းမ်ားစြာကပင္ ထြန္းကား ခဲ့ေသာ္လည္း ယခုအခါ ကြမ္းစားသံုးသူမ်ား၏ စည္းကမ္းမဲ့ ကြမ္းတံေတြး ေထြးမႈမ်ားေၾကာင့္ ၿမိဳ႕ရြာ၊ ေက်ာင္း၊ ရံုးမ်ား၏ သန္႕ရွင္းသာယာလွပမႈကို ထိခိုက္ေစသလို ပါးစပ္ကင္ဆာ၊ ပါးေစာင္ကင္ဆာ၊ သြားဖံုး ကင္ဆာ၊ လည္ေခ်ာင္းကင္ဆာႏွင့္ လွ်ာကင္ဆာကဲ့သို႔ေသာ ေရာဂါဆိုးမ်ားျဖစ္ပြားကာ လူတို႔၏ အသက္ အႏၱရာယ္ကိုပင္ ၿခိမ္းေျခာက္လာသည့္ အေနအထားသို႔ ေရာက္ရွိလာၿပီျဖစ္သည့္ အတြက္ ျမန္မာႏိုင္ငံ တ၀ွမ္းတြင္ ကြမ္းစားသံုးျခင္းႏွင့္ စည္းကမ္းမဲ့ ကြမ္းတံေတြးေထြးမႈ က်ဆင္း ပေပ်ာက္ေရး လုပ္ငန္းမ်ားအား တာခ်ီလိတ္ေဒသတြင္ မၾကာမီ ကာလအတြင္း စတင္ ေဆာင္ရြက္သြားေတာ့မည္ ျဖစ္ေၾကာင္း သိရွိရသည္။

ထိုသို႔ေဆာင္ရြက္ရာတြင္ ပညာေပးလုပ္ငန္း၊ ကြမ္းဆက္စပ္ပစၥည္း(ေဆး၀ါး) တားျမစ္ျခင္း လုပ္ငန္း ၊ အေရးယူ အျပစ္ေပးျခင္း လုပ္ငန္း ႏွင့္ အျခားျဖည့္စြက္ေဆာင္ရြက္ရမည့္ လုပ္ငန္းဟူ၍ အဆင့္လိုက္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ပညာေပးလုပ္ငန္းမ်ားအား ေဆာင္ရြက္ရာတြင္ ကြမ္းစားသံုးမႈေၾကာင့္ ျဖစ္ေပၚခံစားရသည့္ ေရာဂါမ်ား၏ ဆိုးက်ိဳးမ်ားအား ဓာတ္ပံု ဗီႏိုင္မ်ားျဖင့္ အသိပညာေပးျခင္း၊ အမ်ားျပည္သူႏွင့္ သက္ဆိုင္သည့္ ေနရာမ်ားတြင္ ကြမ္းစားသံုးမႈ တားျမစ္ျခင္း ႏွင့္ ကြမ္းတံေတြးအား စည္းကမ္းတက် သတ္မွတ္ ေနရာ တြင္သာ ေထြးရန္ ေဆာင္ရြက္ေပးျခင္း ၊ ျပည္သူမ်ားအား အသိပညာေပး ေဟာေျပာျခင္းစသည့္ လုပ္ငန္းရပ္မ်ားအား ေဆာင္ရြက္သြားမည္ျဖစ္ကာ ကြမ္းယာတြင္ ထည့္သြင္း အသံုးျပဳေနသည့္ ျပည္ပမွ တရားမ၀င္ တင္သြင္းလာေသာ ေဆး၀ါးမ်ားတြင္ လူကိုေဘးအႏၱရာယ္ျဖစ္ပြားေစသည့္ ဓာတုေဆး၀ါးမ်ား ပါ၀င္မႈ ရွိ/မရွိစစ္ေဆးျခင္း လုပ္ငန္းမ်ားအား ေဆာင္ရြက္သြားမည္ ျဖစ္သည္။

အလားတူပင္ အေရးယူ အျပစ္ေပးျခင္း လုပ္ငန္းအေနျဖင့္ ပညာေပးကာလ ေက်ာ္လြန္သြားပါက ကြမ္းမစားရ/ကြမ္းတံေတြးမေထြးရ သတ္မွတ္နယ္ေျမမ်ားတြင္ လိုက္နာပ်က္ကြက္ပါက သင့္ေတာ္ေသာ ေငြပမာဏျဖင့္ ဒဏ္ရိုက္ျခင္း၊ ကြမ္းတံေတြး ေထြးသည့္ ေနရာအား ျပန္လည္သန္႔ရွင္းေစျခင္း ၊ အေရးယူ ေဆာင္ရြက္မႈျပဳႏိုင္ရန္ ေဒသႏၱရ တည္ၿမဲ အမိန္႔ ထုတ္ျပန္ျခင္းစသည့္ လုပ္ငန္းရပ္မ်ားအား ေဆာင္ရြက္ သြားမည္ျဖစ္ကာ အျခားျဖည့္စြက္ ေဆာင္ရြက္ရမည့္ လုပ္ငန္းစဥ္မ်ား အျဖစ္ ကြမ္းႏွင့္ဆက္စပ္ပစၥည္း အေရာင္းဆိုင္မ်ားအား မွတ္ပံုတင္ျခင္း၊ ပံုမွန္ေကာက္ခံေနသည့္ အခြန္အခမ်ားထက္ တိုးျမႇင့္ေကာက္ခံျခင္း၊ ကြမ္းအေရာင္းဆိုင္မ်ား အေနျဖင့္ ကြမ္းယာႏွင့္အတူ ကြမ္းတံေတြး ေထြးရန္(ဗူး)မ်ားအား တပါတည္း မယူမေနရထည့္သြင္းေရာင္းခ်သည့္စနစ္အား ေဆာင္ရြက္ေစျခင္း အပါအ၀င္ စည္းကမ္း သတ္မွတ္ ခ်က္မ်ားအား ဆင့္ကဲ ဆင့္ကဲ ေဆာင္ရြက္သြားမည္ျဖစ္ကာ ယင္းကြမ္းစားသံုးမႈ ေလ်ာ့နည္း က်ဆင္းေရး လုပ္ငန္းစဥ္မ်ားအား မၾကာမီကာလတြင္ စတင္အေကာင္အထည္ေဖာ္ ေဆာင္ရြက္ သြားေတာ့မည္ ျဖစ္ေၾကာင္း သိရွိရပါသည္။

ေမာင္ယဥ္ေက်း
........................................

ကွမ်းစားသုံးခြင်းဓလေ့မှာ မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာအရ ရာစုနှစ်ပေါင်းများစွာကပင် ထွန်းကား ခဲ့သော်လည်း ယခုအခါ ကွမ်းစားသုံးသူများ၏ စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးမှုများကြောင့် မြို့ရွာ၊ ကျောင်း၊ ရုံးများ၏ သန့်ရှင်းသာယာလှပမှုကို ထိခိုက်စေသလို ပါးစပ်ကင်ဆာ၊ ပါးစောင်ကင်ဆာ၊ သွားဖုံး ကင်ဆာ၊ လည်ချောင်းကင်ဆာနှင့် လျှာကင်ဆာကဲ့သို့သော ရောဂါဆိုးများဖြစ်ပွားကာ လူတို့၏ အသက် အန္တရာယ်ကိုပင် ခြိမ်းခြောက်လာသည့် အနေအထားသို့ ရောက်ရှိလာပြီဖြစ်သည့် အတွက် မြန်မာနိုင်ငံ တဝှမ်းတွင် ကွမ်းစားသုံးခြင်းနှင့် စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးမှု ကျဆင်း ပပျောက်ရေး လုပ်ငန်းများအား တာချီလိတ်ဒေသတွင် မကြာမီ ကာလအတွင်း စတင် ဆောင်ရွက်သွားတော့မည် ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပညာပေးလုပ်ငန်း၊ ကွမ်းဆက်စပ်ပစ္စည်း(ဆေးဝါး) တားမြစ်ခြင်း လုပ်ငန်း၊ အရေးယူ အပြစ်ပေးခြင်း လုပ်ငန်း နှင့် အခြားဖြည့်စွက်ဆောင်ရွက်ရမည့် လုပ်ငန်းဟူ၍ အဆင့်လိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပညာပေးလုပ်ငန်းများအား ဆောင်ရွက်ရာတွင် ကွမ်းစားသုံးမှုကြောင့် ဖြစ်ပေါ်ခံစားရသည့် ရောဂါများ၏ ဆိုးကျိုးများအား ဓာတ်ပုံ ဗီနိုင်များဖြင့် အသိပညာပေးခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ကွမ်းစားသုံးမှု တားမြစ်ခြင်း နှင့် ကွမ်းတံတွေးအား စည်းကမ်းတကျ သတ်မှတ် နေရာ တွင်သာ ထွေးရန် ဆောင်ရွက်ပေးခြင်း၊ ပြည်သူများအား အသိပညာပေး ဟောပြောခြင်းစသည့် လုပ်ငန်းရပ်များအား ဆောင်ရွက်သွားမည်ဖြစ်ကာ ကွမ်းယာတွင် ထည့်သွင်း အသုံးပြုနေသည့် ပြည်ပမှ တရားမဝင် တင်သွင်းလာသော ဆေးဝါးများတွင် လူကိုဘေးအန္တရာယ်ဖြစ်ပွားစေသည့် ဓာတုဆေးဝါးများ ပါဝင်မှု ရှိ/မရှိစစ်ဆေးခြင်း လုပ်ငန်းများအား ဆောင်ရွက်သွားမည် ဖြစ်သည်။

အလားတူပင် အရေးယူ အပြစ်ပေးခြင်း လုပ်ငန်းအနဖြေင့် ပညာပေးကာလ ကျော်လွန်သွားပါက ကွမ်းမစားရ/ကွမ်းတံတွေးမထွေးရ သတ်မှတ်နယ်မြေများတွင် လိုက်နာပျက်ကွက်ပါက သင့်တော်သော ငွေပမာဏဖြင့် ဒဏ်ရိုက်ခြင်း၊ ကွမ်းတံတွေး ထွေးသည့် နေရာအား ပြန်လည်သန့်ရှင်းစခြေင်း၊ အရေးယူ ဆောင်ရွက်မှုပြုနိုင်ရန် ဒေသန္တရ တည်မြဲ အမိန့် ထုတ်ပြန်ခြင်းစသည့် လုပ်ငန်းရပ်များအား ဆောင်ရွက် သွားမည်ဖြစ်ကာ အခြားဖြည့်စွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အဖြစ် ကွမ်းနှင့်ဆက်စပ်ပစ္စည်း အရောင်းဆိုင်များအား မှတ်ပုံတင်ခြင်း၊ ပုံမှန်ကောက်ခံနေသည့် အခွန်အခများထက် တိုးမြှင့်ကောက်ခံခြင်း၊ ကွမ်းအရောင်းဆိုင်များ အနဖြေင့် ကွမ်းယာနှင့်အတူ ကွမ်းတံတွေး ထွေးရန်(ဗူး)များအား တပါတည်း မယူမနေရထည့်သွင်းရောင်းချသည့်စနစ်အား ဆောင်ရွက်စခြေင်း အပါအဝင် စည်းကမ်း သတ်မှတ် ချက်များအား ဆင့်ကဲ ဆင့်ကဲ ဆောင်ရွက်သွားမည်ဖြစ်ကာ ယင်းကွမ်းစားသုံးမှု လျော့နည်း ကျဆင်းရေး လုပ်ငန်းစဉ်များအား မကြာမီကာလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက် သွားတော့မည် ဖြစ်ကြောင်း သိရှိရပါသည်။

မောင်ယဉ်ကျေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~