မေကြးေထာပတ္ပဲမ်ားတြင္ ပိုးသတ္ေဆးဓာတ္ၾကြင္းေတြ႔၍ ဂ်ပန္အဝယ္ရပ္ဆိုင္း

မေကြးေထာပတ္ပဲမ်ားတြင္ ပိုးသတ္ေဆးဓာတ္ၾကြင္းေတြ႔၍ ဂ်ပန္အဝယ္ရပ္ဆိုင္း
ဧပြီ 19, 2016
By Tachileik News Agency

မေကြး၊ ဧၿပီလ (၁၉) ရက္
မေကြးတိုင္းေဒသႀကီးမွ အဓိက သီးႏွံတစ္ခုျဖစ္သည့္ ေထာပတ္ပဲမ်ားတြင္ ပိုးသတ္ေဆးဓာတ္ၾကြင္း ေတြ႔ရွိမွဳအေပၚ  ဂ်ပန္ႏိုင္ငံ အေနျဖင့္ ႏွစ္စဥ္အဝယ္ေလ်ာ့နည္းလာရာမွ ယခုႏွစ္တြင္ အဝယ္ ရပ္ဆိုင္းလိုက္ျခင္းေၾကာင့္ ေစ်းႏႈန္းက်ဆင္းေနေၾကာင္း သိရသည္။

“ပိုးသတ္ေဆးဓာတ္ ၾကြင္းက်န္မႈ ေတြ႔ရိွရတာေၾကာင့္ သီးႏွံစံခ်ိန္စံညႊန္းက်ဆင္းသြားလို႔  ဂ်ပန္က မဝယ္ေတာ႔တာလို႔ သိရပါတယ္။”ဟု မေကြးၿမိဳ႕မွ ပြဲရံုလုပ္ငန္းရွင္ ဦးဖိုးနီက ေျပာသည္။

မေကြးတိုင္းေဒသႀကီးမွထြက္သည့္ ေထာပတ္ပဲကို ရန္ကုန္သို႔ တင္ပို႔ရၿပီး ဂ်ပန္ႏိုင္ငံမွ ရိုးရာ အစားအစာအတြက္ အဓိကဝယ္ယူျခင္းျဖစ္ေသာ္လည္း ပဲမ်ားတြင္ ပိုးသတ္ေဆးဓာတ္ၾကြင္း ေတြ႔ရိွမႈေၾကာင့္ တစ္ႏွစ္ထက္တစ္ႏွစ္ အဝယ္ေလ်ာ့နည္းလာျခင္းျဖစ္ေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီး၏ ေထာပတ္ပဲေစ်းကြက္သည္ ဂ်ပန္အဝယ္ရပ္လိုက္သျဖင့္ ယခင္ႏွစ္မ်ားက ေထာပတ္ပဲ (၁၉)ပိႆာ တစ္အိတ္လွ်င္ က်ပ္ (၂၅,၀၀၀)/ က်ပ္ (၃၀,၀၀၀) ဝန္းက်င္ ေစ်းေပါက္ေနရာမွ ၂၀၁၅ ခုႏွစ္တြင္ က်ပ္ (၁၇,၀၀၀)ႏွင့္ ၂၀၁၆ ခုႏွစ္တြင္ တစ္အိတ္လွ်င္ က်ပ္(၁၁,၀၀၀)သာ ေစ်းႏႈန္းရိွေတာ့ေၾကာင္း မေကြးၿမိဳ႕မွ ပြဲရံုလုပ္ငန္းမ်ားမွ သိရသည္။

ေထာပတ္ပဲအား မေကြးတိုင္းေဒသႀကီးအတြင္း ဧရာဝတီျမစ္ရိုးတစ္ေလွ်ာက္ရိွေက်းရြာမ်ား၊ ပြင္႔ျဖဴ၊ စလင္း ႏွင္႔ ပခုကၠဴၿမိဳ႕နယ္တို႔တြင္ အဓိကစိုက္ပ်ိဳးၾကၿပီး ပဲစိုက္ခင္းမ်ားအတြက္ ပိုးသတ္ေဆးႏွင့္ အပင္အားတိုးေဆးမ်ားကို သံုးစြဲရေလ့ရိွေၾကာင္း သိရသည္။

“ပိုုးသတ္ေဆးနဲ႔ အပင္အားတိုးေဆး သံုးရပါတယ္။ တံဆိပ္ကေတာ့ အမ်ိဳးစံုပါပဲ။ ေဆးထုပ္မွာပါတဲ့ အန္းအတိုင္းသံုးတာပါ။ ေစ်းကေတာ့ ၿပီးခဲ့တဲ့ႏွစ္ကတည္းက က်ေနလို႔ ဒီႏွစ္ေလွ်ာ့စိုက္ၾကတယ္။ ထင္တဲ့အတိုင္းပဲ ဒီႏွစ္ေစ်းက ထိုးက်ေနေတာ့ ေတာင္သူေတြ ငိုရမလို ရယ္ရမလိုျဖစ္ေနၾကတယ္”ဟု မေကြးၿမိဳ႕နယ္ ကၽြန္းျပတ္ေက်းရြာမွ ေတာင္သူ ဦးဖိုးညိဳက ဆိုသည္။

ေဒသတြင္း ေတာင္သူမ်ားအေနျဖင့္ ပိုးသတ္ေဆးမ်ားကို စနစ္တက်မသံုးတတ္သျဖင့္ ေစ်းကြက္ ထိခိုက္ျခင္းျဖစ္ရာ စိုက္ပ်ိဳးေရးေဆးကုမၸဏီမ်ားအေနျဖင့္ တာဝန္ယူမႈရိွသင့္သည္ဟု မေကြးၿမိဳ႕မွ ပဲပြဲရံုလုပ္ငန္းပိုင္ရွင္ျဖစ္သူ ဦးဖိုးနီကဆိုသည္။

“စိုက္ပ်ိဳးေရးဌာနနဲ႔ စားသံုးသူကာကြယ္ေရးအသင္းတို႔က စိုက္ပ်ိဳးေရးေဆးေတြနဲ႔ ပိုးသတ္ေဆးေတြကို ေသခ်ာစစ္ေဆးအေရးယူသင့္ေနပါၿပီ။ စိုက္ပ်ိဳးေရးေဆးကုမၸဏီေတြအေနနဲ႔လည္း တာဝန္ယူမႈ တာဝန္ခံမႈေတြရိွဖို႔ လိုအပ္ေနပါၿပီ”ဟု ဦးဖိုးနီက ဆိုသည္။

လက္ရိွတြင္ ပိုးသတ္ေဆးဥပေဒ ပုဒ္မ(၁၆)အရ အရည္အေသြးမမီ၊ သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္ မညီေသာ ပိုးသတ္ေဆး ထုတ္လုပ္ေရာင္းခ်မႈအား စိစစ္၍ ေရာင္းခ်ခြင့္ လိုင္စင္ထုတ္ေပးျခင္း၊ ျငင္းပယ္ျခင္း ၊ ပိုးသတ္ေဆး နမူနာမ်ားကိုစစ္ေဆးျခင္း ၊ မမွန္မကန္ ေရာင္းခ်ျခင္းကိုစစ္ေဆးေတြ႔႐ွိပါက ပုဒ္မ (၄၃)အရ ေငြ ဒဏ္ ၅၀၀၀ က်ပ္ အထိျဖစ္ေစ၊ ေထာင္ ဒဏ္(၃)လအထိျဖစ္ေစ ၊ ျပစ္ဒဏ္ႏွစ္ရပ္လံုးကိုျဖစ္ေစ က်ခံေစျခင္း ၊ ျပစ္မႈတြင္အက်ံဳး၀င္ေသာ သက္ေသခံပစၥည္းမ်ားကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းျခင္း စသည့္ဥပေဒ မ်ားျဖင့္ အေရးယူႏိုင္ေၾကာင္း မေကြးတိုင္းေဒသႀကီးစိုက္ပ်ိဳးေရးဦးစီးဌာနမွ သိရသည္။

သတင္း။  ။ ဖီးနစ္(မေကြး)

............

မကွေး၊ ဧပြီလ (၁၉) ရက်
မကွေးတိုင်းဒေသကြီးမှ အဓိက သီးနှံတစ်ခုဖြစ်သည့် ထောပတ်ပဲများတွင် ပိုးသတ်ဆေးဓာတ်ကြွင်း တွေ့ရှိမှုအပေါ် ဂျပန်နိုင်ငံ အနဖြေင့် နှစ်စဉ်အဝယ်လျော့နည်းလာရာမှ ယခုနှစ်တွင် အဝယ် ရပ်ဆိုင်းလိုက်ခြင်းကြောင့် ဈေးနှုန်းကျဆင်းနေကြောင်း သိရသည်။

“ပိုးသတ်ဆေးဓာတ် ကြွင်းကျန်မှု တွေ့ရှိရတာကြောင့် သီးနှံစံချိန်စံညွှန်းကျဆင်းသွားလို့ ဂျပန်က မဝယ်တော့တာလို့ သိရပါတယ်။”ဟု မကွေးမြို့မှ ပွဲရုံလုပ်ငန်းရှင် ဦးဖိုးနီက ပြောသည်။

မကွေးတိုင်းဒေသကြီးမှထွက်သည့် ထောပတ်ပဲကို ရန်ကုန်သို့ တင်ပို့ရပြီး ဂျပန်နိုင်ငံမှ ရိုးရာ အစားအစာအတွက် အဓိကဝယ်ယူခြင်းဖြစ်သော်လည်း ပဲများတွင် ပိုးသတ်ဆေးဓာတ်ကြွင်း တွေ့ရှိမှုကြောင့် တစ်နှစ်ထက်တစ်နှစ် အဝယ်လျော့နည်းလာခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၏ ထောပတ်ပဲဈေးကွက်သည် ဂျပန်အဝယ်ရပ်လိုက်သဖြင့် ယခင်နှစ်များက ထောပတ်ပဲ (၁၉)ပိဿါ တစ်အိတ်လျှင် ကျပ် (၂၅,ဝဝဝ)/ ကျပ် (၃၀,ဝဝဝ) ဝန်းကျင် ဈေးပေါက်နေရာမှ ၂၀၁၅ ခုနှစ်တွင် ကျပ် (၁၇,ဝဝဝ)နှင့် ၂၀၁၆ ခုနှစ်တွင် တစ်အိတ်လျှင် ကျပ်(၁၁,ဝဝဝ)သာ ဈေးနှုန်းရှိတော့ကြောင်း မကွေးမြို့မှ ပွဲရုံလုပ်ငန်းများမှ သိရသည်။

ထောပတ်ပဲအား မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိကျေးရွာများ၊ ပွင့်ဖြူ၊ စလင်း နှင့် ပခုက္ကူမြို့နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီး ပဲစိုက်ခင်းများအတွက် ပိုးသတ်ဆေးနှင့် အပင်အားတိုးဆေးများကို သုံးစွဲရလေ့ရှိကြောင်း သိရသည်။

“ပိုးသတ်ဆေးနဲ့ အပင်အားတိုးဆေး သုံးရပါတယ်။ တံဆိပ်ကတော့ အမျိုးစုံပါပဲ။ ဆေးထုပ်မှာပါတဲ့ အန်းအတိုင်းသုံးတာပါ။ ဈေးကတော့ ပြီးခဲ့တဲ့နှစ်ကတည်းက ကျနေလို့ ဒီနှစ်လျှော့စိုက်ကြတယ်။ ထင်တဲ့အတိုင်းပဲ ဒီနှစ်ဈေးက ထိုးကျနေတော့ တောင်သူတွေ ငိုရမလို ရယ်ရမလိုဖြစ်နကြေတယ်”ဟု မကွေးမြို့နယ် ကျွန်းပြတ်ကျေးရွာမှ တောင်သူ ဦးဖိုးညိုက ဆိုသည်။

ဒေသတွင်း တောင်သူများအနဖြေင့် ပိုးသတ်ဆေးများကို စနစ်တကျမသုံးတတ်သဖြင့် ဈေးကွက် ထိခိုက်ခြင်းဖြစ်ရာ စိုက်ပျိုးရေးဆေးကုမ္ပဏီများအနဖြေင့် တာဝန်ယူမှုရှိသင့်သည်ဟု မကွေးမြို့မှ ပဲပွဲရုံလုပ်ငန်းပိုင်ရှင်ဖြစ်သူ ဦးဖိုးနီကဆိုသည်။

“စိုက်ပျိုးရေးဌာနနဲ့ စားသုံးသူကာကွယ်ရေးအသင်းတို့က စိုက်ပျိုးရေးဆေးတွေနဲ့ ပိုးသတ်ဆေးတွေကို သေချာစစ်ဆေးအရေးယူသင့်နေပါပြီ။ စိုက်ပျိုးရေးဆေးကုမ္ပဏီတွေအနေနဲ့လည်း တာဝန်ယူမှု တာဝန်ခံမှုတွေရှိဖို့ လိုအပ်နေပါပြီ”ဟု ဦးဖိုးနီက ဆိုသည်။

လက်ရှိတွင် ပိုးသတ်ဆေးဥပဒေ ပုဒ်မ(၁၆)အရ အရည်အသွေးမမီ၊ သတ်မှတ်စည်းကမ်းချက်များနှင့် မညီသော ပိုးသတ်ဆေး ထုတ်လုပ်ရောင်းချမှုအား စိစစ်၍ ရောင်းချခွင့် လိုင်စင်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်း၊ ပိုးသတ်ဆေး နမူနာများကိုစစ်ဆေးခြင်း၊ မမှန်မကန် ရောင်းချခြင်းကိုစစ်ဆေးတွေ့ရှိပါက ပုဒ်မ (၄၃)အရ ငွေ ဒဏ် ၅၀၀၀ ကျပ် အထိဖြစ်စေ၊ ထောင် ဒဏ်(၃)လအထိဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ကျခံစခြေင်း၊ ပြစ်မှုတွင်အကျုံးဝင်သော သက်သေခံပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း စသည့်ဥပဒေ များဖြင့် အရေးယူနိုင်ကြောင်း မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သတင်း။ ဖီးနစ်(မကွေး)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~