(သတင်းတို ) ကျပ်သိန်းပေါင်း (၃၅၂၀)တန်ဖိုးရှိ ကဖင်းများ တာချီလိတ်၌ ဖမ်းဆီးရမိ

(သတင်းတို ) ကျပ်သိန်းပေါင်း (၃၅၂၀)တန်ဖိုးရှိ ကဖင်းများ တာချီလိတ်၌ ဖမ်းဆီးရမိ
ဧပွီ 6, 2016
By Tachileik News Agency


..........

တာချီလိတ်မြို့၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်အား ကွင်းရှောင်သော လမ်းဆုံ၌ ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း (၃၅၂၀)တန်ဖိုးရှိ ကဖင်းအဖြူရောင်အမှုန့်အလေးချိန် ( ၄၄၀၀ )ကီလိုကို ၂၀၁၆ခုနှစ် ဧပြီလ(၅)ရက် ည(၁၀)နာရီဝန်းကျင်အချိန်က ထော်လာဂျီယာဉ် (၂)စီးဖြင့် သယ်ဆောင်လာသူများနှင့်အတူ ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးသိမ်းဆည်းရမိကြောင်း တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့မှ ကနဦး သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net