သႀကၤန္ကာလအတြင္း ေနရပ္ျပန္လာၿပီးေနာက္ လုပ္ငန္းခြင္၀င္ရန္ ျပန္လည္သြားေရာက္သူကို ထိုင္းရဲဂိတ္တြင္ ဆီးစစ္မႈမ်ား ျပဳလုပ္

သႀကၤန္ကာလအတြင္း ေနရပ္ျပန္လာၿပီးေနာက္ လုပ္ငန္းခြင္၀င္ရန္ ျပန္လည္သြားေရာက္သူကို ထိုင္းရဲဂိတ္တြင္ ဆီးစစ္မႈမ်ား ျပဳလုပ္
ဧပြီ 25, 2016
By Tachileik News Agency

မယ္ဆိုင္၊ ဧၿပီ(၂၅)
သၾကၤန္ကာလ ေနရပ္ျပန္ေသာ ေရႊ႕ေျပာင္း ျမန္မာအလုပ္သမားမ်ား ထိုင္းႏိုင္ငံ လုပ္ငန္းခြင္ ျပန္လည္၀င္ေရာက္ရာ မယ္ဆိုင္ၿမိဳ႕၊ ဘန္႔ထန္႔စစ္ေဆးေရးဂိတ္တြင္ တရား၀င္ စာရြက္စာတမ္း စစ္ေဆးမႈအျပင္ မူးယစ္ေဆး၀ါး သံုးစြဲထားျခင္း ရွိ/မရွိ ဆီးစစ္ေဆးမႈမ်ားပါ ျပဳလုပ္ေနေၾကာင္း ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရးေကာ္မတီ(CNCMC)မွသိရသည္။

"ဧၿပီ(၂၄)ရက္ေန႔ နံနက္က ဘန္ေကာက္မွာ လုပ္ငန္းခြင္ျပန္၀င္ဖို႔ မယ္ဆိုင္ကေန သြားတဲ့ သားအမိ(၃)ေယာက္ကို ဘန္႔ထန္႔ စစ္ေဆးေရးဂိတ္နားမွာ စာရြက္စာတမ္းေတြအျပင္ ေကာင္ေလး(၂)ေယာက္ကို ဆီးစစ္ေဆးတယ္"ဟု CNCMC ေကာ္မတီမွ မယ္ဆိုင္ၿမိဳ႕ တာ၀န္ခံ ဦးထြန္း(မယ္ဆိုင္)က ေျပာသည္။

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္တြင္ အလုပ္လုပ္ကိုင္ရာမွ သၾကၤန္ကာလ နားရက္အတြင္း ေနရပ္ျဖစ္ေသာ ရွမ္းျပည္ေတာင္ပိုင္း၊ လဲခ်ားၿမိဳ႕သို႔ မိသားစု(၃)ဦး ျပန္သြားခဲ့ျခင္းျဖစ္ေၾကာင္း၊ ယခု လဲခ်ားၿမိဳ႕မွတဆင့္ တာခ်ီလိတ္သို႔ ေရာက္ရွိလာၿပီး တရား၀င္ ခရီးသြားလာခြင့္ စာရြက္စာတမ္းအျပည့္အစံုႏွင့္ မယ္ဆိုင္ၿမိဳ႕မွတဆင့္ ဘန္ေကာက္သို႔ သြားရာ စစ္ေဆးေရးဂိတ္တြင္ မူးယစ္ေဆး၀ါးသံုးစြဲထားေၾကာင္း စစ္ေဆးေတြ႕ရွိသျဖင့္ ထိန္းသိမ္းခံထားရျခင္းျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

ထိန္းသိမ္းခံထားရေသာ စိုင္းကြန္ခူးႏွင့္ စိုင္းေအာင္လွ်န္းတို႔(၂)ဦးအား ထိန္းသိမ္းထားမႈႏွင့္ပတ္သက္၍ CNCMC ေကာ္မတီမွ ဘန္႔ထန္႔စစ္ေဆးေရးဂိတ္ရွိ တာ၀န္ခံရဲအရာရွိအား ဆက္သြယ္၍ ေဆြးေႏြးညႇိႏႈိင္းလိုက္ရာ မြန္းလႊဲပိုင္းတြင္ ျပန္လည္လႊတ္ေပးခဲ့ေၾကာင္း သိရသည္။

သၾကၤန္ကာလတြင္း ထုိင္းႏိုင္ငံတြင္ လုပ္ငန္းရွင္အမ်ားစုမွာ အလုပ္သမားမ်ားအား အလုပ္နားရက္ ေပးခဲ့ျခင္းေၾကာင့္ ေရႊ႕ေျပာင္း ျမန္မာအလုပ္သမား အမ်ားစုမွာ ျမန္မာႏိုင္ငံ အႏွံ႔အျပားသို႔ ျပန္ခဲ့ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံတြင္းသို႔ မယ္ဆိုင္ၿမိဳ႕လမ္းေၾကာင္းမွ တဆင့္ လုပ္ငန္းခြင္ ျပန္လည္၀င္ေရာက္မည့္ ေရႊ႕ေျပာင္း အလုပ္သမားမ်ားမွာ ရွမ္းျပည္နယ္ေတာင္ပိုင္းတြင္ လဲခ်ား၊ မိုင္းကိုင္၊ ကြန္ဟိန္း၊ မိုင္းရွဳးႏွင့္ ပအို၀့္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွ ေရႊ႕ေျပာင္းအလုပ္သမားမ်ား အပါအ၀င္ ရွမ္းျပည္နယ္ေျမာက္ပိုင္းႏွင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ ျမန္မာႏိုင္ငံအလယ္ပိုင္းမွ ျမန္မာႏိုင္ငံသားမ်ားျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္

.............
မယ်ဆိုင်၊ ဧပြီ(၂၅)
သင်္ကြန်ကာလ နေရပ်ပြန်သော ရွှေ့ပြောင်း မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ရာ မယ်ဆိုင်မြို့၊ ဘန့်ထန့်စစ်ဆေးရေးဂိတ်တွင် တရားဝင် စာရွက်စာတမ်း စစ်ဆေးမှုအပြင် မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ/မရှိ ဆီးစစ်ဆေးမှုများပါ ပြုလုပ်နေကြောင်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးကော်မတီ(CNCMC)မှသိရသည်။

"ဧပြီ(၂၄)ရက်နေ့ နံနက်က ဘန်ကောက်မှာ လုပ်ငန်းခွင်ပြန်ဝင်ဖို့ မယ်ဆိုင်ကနေ သွားတဲ့ သားအမိ(၃)ယောက်ကို ဘန့်ထန့် စစ်ဆေးရေးဂိတ်နားမှာ စာရွက်စာတမ်းတွေအပြင် ကောင်လေး(၂)ယောက်ကို ဆီးစစ်ဆေးတယ်"ဟု CNCMC ကော်မတီမှ မယ်ဆိုင်မြို့ တာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က ပြောသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် အလုပ်လုပ်ကိုင်ရာမှ သင်္ကြန်ကာလ နားရက်အတွင်း နေရပ်ဖြစ်သော ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့သို့ မိသားစု(၃)ဦး ပြန်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ယခု လဲချားမြို့မှတဆင့် တာချီလိတ်သို့ ရောက်ရှိလာပြီး တရားဝင် ခရီးသွားလာခွင့် စာရွက်စာတမ်းအပြည့်အစုံနှင့် မယ်ဆိုင်မြို့မှတဆင့် ဘန်ကောက်သို့ သွားရာ စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ထိန်းသိမ်းခံထားရခြင်းဖြစ်ကြောင်း၎င်းထံမှ သိရသည်။

ထိန်းသိမ်းခံထားရသော စိုင်းကွန်ခူးနှင့် စိုင်းအောင်လျှန်းတို့(၂)ဦးအား ထိန်းသိမ်းထားမှုနှင့်ပတ်သက်၍ CNCMC ကော်မတီမှ ဘန့်ထန့်စစ်ဆေးရေးဂိတ်ရှိ တာဝန်ခံရဲအရာရှိအား ဆက်သွယ်၍ ဆွေးနွေးညှိနှိုင်းလိုက်ရာ မွန်းလွှဲပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

သင်္ကြန်ကာလတွင်း ထိုင်းနိုင်ငံတွင် လုပ်ငန်းရှင်အများစုမှာ အလုပ်သမားများအား အလုပ်နားရက် ပေးခဲ့ခြင်းကြောင့် ရွှေ့ပြောင်း မြန်မာအလုပ်သမား အများစုမှာ မြန်မာနိုင်ငံ အနှံ့အပြားသို့ ပြန်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်းသို့ မယ်ဆိုင်မြို့လမ်းကြောင်းမှ တဆင့် လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်မည့် ရွှေ့ပြောင်း အလုပ်သမားများမှာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် လဲချား၊ မိုင်းကိုင်၊ ကွန်ဟိန်း၊ မိုင်းရှုးနှင့် ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းမှ မြန်မာနိုင်ငံသားများဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~