ထုိင္းႏုိင္ငံရိွ အလုပ္ရံုတစ္ခုတြင္ ဓာတ္လုိက္ေသဆံုးသြားသည့္ ျမန္မာလုပ္သားအတြက္နစ္နာေၾကးေပးအပ္

ထုိင္းႏုိင္ငံရိွ အလုပ္ရံုတစ္ခုတြင္ ဓာတ္လုိက္ေသဆံုးသြားသည့္ ျမန္မာလုပ္သားအတြက္နစ္နာေၾကးေပးအပ္
ဧပြီ 28, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီလ (၂၈) ရက္
ထိုင္းႏိုုင္ငံ K.H ကင္ဟမ္စ္ဂ်ယ္လီ အလုပ္႐ုံတြင္ ဓာတ္လိုက္ေသဆုံးသြားေသာ ေရြ႔ေျပာင္းအလုပ္သမား ျမန္မာႏိုင္ငံသား အမ်ိဳးသမီးတစ္ဦးအား အလုပ္႐ွင္မွ နစ္နာေၾကး ဘတ္(၃)သိန္း (က်ပ္သိန္း ၁၀၀ ေက်ာ္) ရရိွေရးအတြက္ AAC အဖြဲ႔မွ ေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါအလုပ္ရံုတြင္ အလုပ္ လုပ္ေနသည့္ အသက္ (၂၆)ႏွစ္အရြယ္ မစိုးစႏၵာသည္ ဧၿပီလ (၁၂)ရက္ေန႔က  အလုပ္ လုပ္ရင္း  ဓာတ္လိုက္ေသဆုံးခဲ့ၿပီး ဧၿပီလ (၂၆)ရက္ေန႔မွာ နစ္နာေၾကးအျဖစ္ အလုပ္ရွင္က ဘတ္ (၃)သိန္းကို ေပးအပ္ရာ နစ္နာသူမိသားစုကိုယ္စား AAC အဖြဲ႔မွ လက္ခံေပးခဲ့ျပီး  ျမန္မာနိုင္ငံ ရိွ နစ္နာသူ၏ မိဘမ်ားထံသို႔ ဘဏ္မွတစ္ဆင့္လႊဲပို႔ေပးလိုက္ေၾကာင္း သိရသည္။

ေသဆုံးသြားေသာ အမ်ိဳးသမီးသည္ မေကြးတိုင္း ေရစႀကိဳၿမိဳ႕နယ္မွ MOU စနစ္ျဖင့္ ထိုင္းႏိုင္ငံသို႔ သြားေရာက္ အလုပ္ လုပ္ကိုင္ခဲ့ၿပီး အလုပ္အကိုင္ အဆင္မေျပ၍ ပန္းေရာင္ကတ္ေျပာင္းကာ ဂ်ယ္လီအလုပ္႐ုံတြင္ ဝင္ေရာက္အလုပ္ လုပ္ကိုင္ရာမွ အလုပ္ လုပ္ရင္း ဓာတ္လိုက္ေသဆံုးသြားခဲ့ျခင္း ျဖစ္ေၾကာင္း AAC မွ သိရသည္။

သတင္း။  ။ ေဇာင္းညီ
............

တာချီလိတ်၊ ဧပြီလ (၂၈) ရက်
ထိုင်းနိုင်ငံ K.H ကင်ဟမ်စ်ဂျယ်လီ အလုပ်ရုံတွင် ဓာတ်လိုက်သေဆုံးသွားသော ရွေ့ပြောင်းအလုပ်သမား မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးအား အလုပ်ရှင်မှ နစ်နာကြေး ဘတ်(၃)သိန်း (ကျပ်သိန်း ၁၀၀ ကျော်) ရရှိရေးအတွက် AAC အဖွဲ့မှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအလုပ်ရုံတွင် အလုပ် လုပ်နေသည့် အသက် (၂၆)နှစ်အရွယ် မစိုးစန္ဒါသည် ဧပြီလ (၁၂)ရက်နေ့က အလုပ် လုပ်ရင်း ဓာတ်လိုက်သေဆုံးခဲ့ပြီး ဧပြီလ (၂၆)ရက်နေ့မှာ နစ်နာကြေးအဖြစ် အလုပ်ရှင်က ဘတ် (၃)သိန်းကို ပေးအပ်ရာ နစ်နာသူမိသားစုကိုယ်စား AAC အဖွဲ့မှ လက်ခံပေးခဲ့ပြီး မြန်မာနိုင်ငံ ရှိ နစ်နာသူ၏ မိဘများထံသို့ ဘဏ်မှတစ်ဆင့်လွှဲပို့ပေးလိုက်ကြောင်း သိရသည်။

သေဆုံးသွားသော အမျိုးသမီးသည် မကွေးတိုင်း ရေစကြိုမြို့နယ်မှ MOU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်ခဲ့ပြီး အလုပ်အကိုင် အဆင်မပြေ၍ ပန်းရောင်ကတ်ပြောင်းကာ ဂျယ်လီအလုပ်ရုံတွင် ဝင်ရောက်အလုပ် လုပ်ကိုင်ရာမှ အလုပ် လုပ်ရင်း ဓာတ်လိုက်သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း AAC မှ သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~