အမႈိက္ပံုမွ ေကာက္ရသည့္ ေသနတ္ျဖင့္ မေတာ္တဆ ပစ္မႈ တာခ်ီလိတ္၌ ျဖစ္သြား

အမႈိက္ပံုမွ ေကာက္ရသည့္ ေသနတ္ျဖင့္ မေတာ္တဆ ပစ္မႈ တာခ်ီလိတ္၌ ျဖစ္သြား
ဧပြီ 5, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီလ (၅) ရက္ ။   ။ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္  အမွိဳက္သိမ္းလုပ္သားမ်ားက ေကာက္ယူရရွိေသာ ေသနတ္အား ကိုင္ၾကည့္ရာမွ ေမာင္းခလုတ္ကို မေတာ္တဆ ႏိွပ္မိသျဖင့္ ထိခိုက္ဒဏ္ရာရရွိ သြားေၾကာင္း တာခ်ီလိတ္ၿမိဳ႕မ ရဲတပ္ဖြဲ႕စခန္းမွ သိရသည္။

"အမွိဳက္ေကာက္သိမ္းတဲ့ စည္ပင္ေန႔စား၀န္ထမ္းေတြ ေဟာင္လိတ္လမ္းဆံုထိပ္က  အမွိဳက္ပံုနားမွာ ေသနတ္တစ္လက္ေကာက္ရၿပီး  အခ်င္းခ်င္း စူးစမ္းတဲ့ အေနနဲ႔ ကိုင္ၾကည့္တာ။ မေတာ္တဆ ေမာင္းခလုတ္ကို ဆြဲမိသြားလို႔ ေသနတ္ေရွ႕ကလူ  ဒဏ္ရာရသြားတာပါ။ ေသေတာ့မေသဘူး။ က်ည္ဆံက ရင္ညႊန္႔ကို ေဖာက္၀င္ၿပီး ေနာက္ေက်ာကို ေဖာက္ထြက္သြားတာ"ဟု တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွ စခန္းမွဴး ဒု-ရဲမွဴး ေက်ာ္သန္းက ေျပာသည္။

ဧၿပီလ(၄)ရက္ေန႔ကတာခ်ီီလိတ္ၿမိဳ႕ လြန္းက်ိဳင္းေက်းရြာ၊ ပါဆတ္ရပ္ကြက္အတြင္း အမွိဳက္သိမ္းသည့္ ေမာင္ေရႊ က စတီးေရာင္ပစၥတို ေသနတ္တစ္လက္အား ေကာက္ေတြ႕ခဲ့ရသျဖင့္ လြယ္အိတ္အတြင္းထည့္၍ သိမ္းထားရာမွ ေဟာင္လိတ္ လမ္းဆံုအနီး လမ္းၾကားရွိ  အမွိဳက္ပံုတြင္ အတူ အမွိဳက္သိမ္းေနသည့္  ဦးတင္ထြန္းအား လြယ္အိတ္အတြင္းမွ ေသနတ္ကို ထုတ္ယူျပစဥ္ ဦးတင္ထြန္းက ေမာင္းခလုတ္အား ဆြဲညႇစ္မိသျဖင့္ ေမာင္ေရႊ၏ ရင္ညႊန္႔အား ေသနတ္ထိမွန္ သြားျခင္းျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

အမွိဳက္သိမ္းလုပ္သားမ်ား ေကာက္ယူေတြ႕ရွိေသာ ေသနတ္မွာ ဘရာဇီးႏိုင္ငံထုတ္ TPB 66644 နံပါတ္ပါ (၉)မမ  ပစၥတို ေသနတ္ျဖစ္ေၾကာင္းသိရၿပီး ေသနတ္ျဖင့္လူအား ထိခိုက္ဒဏ္ရာရရွိေစေသာ ဦးတင္ထြန္းအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ  (ပ)၇၂/၂၀၁၆၊ ျပစ္မႈပုဒ္မ  ၃၀၇ ျဖင့္ အမႈဖြင့္လွစ္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
************

တာချီလိတ်၊ ဧပြီလ (၅) ရက်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အမှိုက်သိမ်းလုပ်သားများက ကောက်ယူရရှိသော သေနတ်အား ကိုင်ကြည့်ရာမှ မောင်းခလုတ်ကို မတော်တဆ နှိပ်မိသဖြင့် ထိခိုက်ဒဏ်ရာရရှိ သွားကြောင်း တာချီလိတ်မြို့မ ရဲတပ်ဖွဲ့စခန်းမှ သိရသည်။

"အမှိုက်ကောက်သိမ်းတဲ့ စည်ပင်နေ့စားဝန်ထမ်းတွေ ဟောင်လိတ်လမ်းဆုံထိပ်က အမှိုက်ပုံနားမှာ သေနတ်တစ်လက်ကောက်ရပြီး အချင်းချင်း စူးစမ်းတဲ့ အနေနဲ့ ကိုင်ကြည့်တာ။ မတော်တဆ မောင်းခလုတ်ကို ဆွဲမိသွားလို့ သေနတ်ရှေ့ကလူ ဒဏ်ရာရသွားတာပါ။ သေတော့မသေဘူး။ ကျည်ဆံက ရင်ညွှန့်ကို ဖောက်ဝင်ပြီး နောက်ကျောကို ဖောက်ထွက်သွားတာ"ဟု တာချီလိတ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူး ကျော်သန်းက ပြောသည်။

ဧပြီလ(၄)ရက်နေ့ကတာချီလိတ်မြို့ လွန်းကျိုင်းကျေးရွာ၊ ပါဆတ်ရပ်ကွက်အတွင်း အမှိုက်သိမ်းသည့် မောင်ရွှေ က စတီးရောင်ပစ္စတို သေနတ်တစ်လက်အား ကောက်တွေ့ခဲ့ရသဖြင့် လွယ်အိတ်အတွင်းထည့်၍ သိမ်းထားရာမှ ဟောင်လိတ် လမ်းဆုံအနီး လမ်းကြားရှိ အမှိုက်ပုံတွင် အတူ အမှိုက်သိမ်းနေသည့် ဦးတင်ထွန်းအား လွယ်အိတ်အတွင်းမှ သေနတ်ကို ထုတ်ယူပြစဉ် ဦးတင်ထွန်းက မောင်းခလုတ်အား ဆွဲညှစ်မိသဖြင့် မောင်ရွှေ၏ ရင်ညွှန့်အား သေနတ်ထိမှန် သွားခြင်းဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

အမှိုက်သိမ်းလုပ်သားများ ကောက်ယူတွေ့ရှိသော သေနတ်မှာ ဘရာဇီးနိုင်ငံထုတ် TPB 66644 နံပါတ်ပါ (၉)မမ ပစ္စတို သေနတ်ဖြစ်ကြောင်းသိရပြီး သေနတ်ဖြင့်လူအား ထိခိုက်ဒဏ်ရာရရှိစေသော ဦးတင်ထွန်းအား တာချီလိတ်မြို့မရဲစခန်းမှ (ပ)၇၂/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~