တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္ မီးေဘးအတြက္ စံလင္းၿဖဳိးကုမၸဏီမွ က်ပ္(၂၉)သိန္း လွဴဒါန္း

တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္ မီးေဘးအတြက္ စံလင္းၿဖဳိးကုမၸဏီမွ က်ပ္(၂၉)သိန္း လွဴဒါန္း
ဧပြီ 15, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီ(၁၅)
တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္၊ မီးေဘးသင့္ ျပည္သူမ်ားအတြက္ စံလင္းၿဖဳိး ကုမၸဏီမွ က်ပ္(၂၉)သိန္းကို ယေန႔ ဧၿပီလ(၁၅)ရက္ေန႔တြင္ လာေရာက္ လွဴဒါန္းသြားေၾကာင္း သိရသည္။

အဆိုပါ က်ပ္ေငြ (၂၉)သိန္းအား စံလင္းၿဖဳိးကုမၸဏီမွ ဦးအားတီ + ေဒၚခင္ခင္ေထြး တို႔က ေပးအပ္လွဴဒါန္းရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၊ ျပည္နယ္စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္း၊ ျပည္နယ္ဘ႑ာေရး၀န္ႀကီး ဦးစိုင္းရွဲန္တစ္လံု၊ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္ ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္တို႔မွ လက္ခံေပးခဲ့ၾကသည္။

ဧၿပီလ(၉)ရက္ေန႔ ည(၇)နာရီ၀န္းက်င္မွ စ၍ အခ်ိန္(၂)နာရီေက်ာ္အၾကာ ေလာင္ကြ်မ္းခဲ့ေသာ အဆိုပါ မီးေလာင္မႈေၾကာင့္ ၀ါးထရံအိမ္(၉)လံုး၊ ပ်ဥ္ေထာင္အိမ္ (၁၅)လံုး ႏွင့္ အုတ္ညႇပ္အိမ္ (၅)လံုး စုစုေပါင္း အိမ္ေျခ (၂၉)လံုး ျပာက်သြားခဲ့ရၿပီး က်ား(၇၆)ဦး ႏွင့္ မ (၈၉)ဦး စုစုေပါင္း (၁၆၅)ဦး အိုးမဲ့အိမ္မဲ့ ျဖစ္ခဲ့ရေၾကာင္း သိရသည္။
................
တာချီလိတ်၊ ဧပြီ(၁၅)
တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ မီးဘေးသင့် ပြည်သူများအတွက် စံလင်းဖြိုး ကုမ္ပဏီမှ ကျပ်(၂၉)သိန်းကို ယနေ့ ဧပြီလ(၁၅)ရက်နေ့တွင် လာရောက် လှူဒါန်းသွားကြောင်း သိရသည်။

အဆိုပါ ကျပ်ငွေ (၂၉)သိန်းအား စံလင်းဖြိုးကုမ္ပဏီမှ ဦးအားတီ + ဒေါ်ခင်ခင်ထွေး တို့က ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ် နှင့် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်တို့မှ လက်ခံပေးခဲ့ကြသည်။

ဧပြီလ(၉)ရက်နေ့ ည(၇)နာရီဝန်းကျင်မှ စ၍ အချိန်(၂)နာရီကျော်အကြာ လောင်ကျွမ်းခဲ့သော အဆိုပါ မီးလောင်မှုကြောင့် ဝါးထရံအိမ်(၉)လုံး၊ ပျဉ်ထောင်အိမ် (၁၅)လုံး နှင့် အုတ်ညှပ်အိမ် (၅)လုံး စုစုပေါင်း အိမ်ခြေ (၂၉)လုံး ပြာကျသွားခဲ့ရပြီး ကျား(၇၆)ဦး နှင့် မ (၈၉)ဦး စုစုပေါင်း (၁၆၅)ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သိရသည်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~