ေဘာ္လီအထည္ (၃၀၀၀)ေက်ာ္ ခိုးယူတဲ့ ဆိုင္ကယ္ Taxi ကို ဖမ္းဆီးရမိ

ေဘာ္လီအထည္ (၃၀၀၀)ေက်ာ္ ခိုးယူတဲ့ ဆိုင္ကယ္ Taxi ကို ဖမ္းဆီးရမိ
မတ် 18, 2016
By Tachileik News Agency

ဘာသာျပန္၊ မတ္လ(၁၈) ။  ။ ထိုင္းႏိုင္ငံ၊ စမြတ္ပါးကန္းၿမိဳ႕က အမ်ိဳးသမီးမ်ား ေဘာ္လီလွန္းထားတာေတြ ေပ်ာက္ခဲ့ရင္ စမြတ္ပါးကန္းရဲစခန္းကို အေၾကာင္းၾကား ဆက္သြယ္ၾကဖို႔ ရဲတပ္ဖြဲ႕က ေျပာၾကားထားပါတယ္။

စမြတ္ပါးကန္းၿမိဳ႕ ထိုင္းဘန္႔အုပ္စု မွာ အသက္(၄၅)ႏွစ္အရြယ္ ဆိုင္ကယ္ တကၠစီသမား ႏိုင္းဖားႏုကို အမ်ိဳးသမီး ေဘာ္လီအထည္ေပါင္း ၃၀၀၀ ေက်ာ္နဲ႔အတူ သူ႔အငွားေနအိမ္မွာ ရဲတပ္ဖြဲ႕က မတ္လ(၁၆) ရက္ေန႔က ဖမ္းဆီးမိလိုက္ပါတယ္။

အိမ္ခန္းေတြမွာ ညပိုင္း ေဘာ္လီလွန္းထားရင္း မၾကာခဏ ေပ်ာက္တယ္ဆိုတဲ့ သတင္းေၾကာင့္ ရဲတပ္ဖြဲ႕က စီစီတီဗြီ တပ္ထားတဲ့ ေနရာေတြကို စစ္ေဆးၾကည့္ရာကေန တရားခံက ႏိုင္းဖားႏုနဲ႔ ရုပ္ခ်င္း ဆင္ေနတာေၾကာင့္ သူ႔ကို ေစာင့္ၾကည့္ေနစဥ္မွာပဲ သက္ေသပစၥည္းေတြနဲ႔အတူ ဖမ္းမိလိုက္တာပါ။

ဧည့္သည္ေတြ လိုက္ပို႔ၿပီးအျပန္မွာ အိမ္ခန္းငွါးေတြ လွန္းထားတာေတြကို ခိုးယူၿပီး သိမ္းထားတာလို႔ ႏို္င္းဖားႏုက ဝန္ခံထားပါတယ္။

၂၀၁၀ ခုႏွစ္တုန္းကလည္း အလားတူအမႈမ်ိဳးနဲ႔ ေထာင္ဒဏ္ႏွစ္၀က္ အေရးယူခံထားရဖူးပါတယ္။

အဲဒီတုန္းကေတာ့ သက္ေသခံပစၥည္း ၁၀၀၀၀ ေက်ာ္ရွိၿပီး ဇနီးျဖစ္သူက အလြန္ရွက္တာေၾကာင့္ လမ္းခြဲသြားခဲ့ပါတယ္။ ႏို္င္းဖားႏုက ေဘာ္လီေတြ လွန္းထားတာေတြ႔ရင္ စိတ္ထိန္းထားေသာ္လည္း မယူရရင္ မေနႏိုင္ဘူးလို႔ ဆိုပါတယ္။

လက္ရိွမွာေတာ့ သက္ေသခံပစၥည္းေတြကိုစစ္ေဆးၿပီး ႏိုင္းဖားႏုကို ရဲစခန္းမွာ အမႈဖြင့္ အေရးယူသြားမယ္လို႔ သိရပါတယ္။

ဘာသာျပန္။  ။ နန္းေမာက္ကြမ္
Ref; matichon
**********
( unicode )
ဘာသာပြန်၊ မတ်လ(၁၈)။ ထိုင်းနိုင်ငံ၊ စမွတ်ပါးကန်းမြို့က အမျိုးသမီးများ ဘော်လီလှန်းထားတာတွေ ပျောက်ခဲ့ရင် စမွတ်ပါးကန်းရဲစခန်းကို အကြောင်းကြား ဆက်သွယ်ကြဖို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။
စမွတ်ပါးကန်းမြို့ ထိုင်းဘန့်အုပ်စု မှာ အသက်(၄၅)နှစ်အရွယ် ဆိုင်ကယ် တက္ကစီသမား နိုင်းဖားနုကို အမျိုးသမီး ဘော်လီအထည်ပေါင်း ၃၀၀၀ ကျော်နဲ့အတူ သူ့အငှါးနေအိမ်မှာ ရဲတပ်ဖွဲ့က မတ်လ(၁၆) ရက်နေ့က ဖမ်းဆီးမိလိုက်ပါတယ်။
အိမ်ခန်းတွေမှာ ညပိုင်း ဘော်လီလှန်းထားရင်း မကြာခဏ ပျောက်တယ်ဆိုတဲ့ သတင်းကြောင့် ရဲတပ်ဖွဲ့က စီစီတီဗွီ တပ်ထားတဲ့ နေရာတွေကို စစ်ဆေးကြည့်ရာကနေ တရားခံက နိုင်းဖားနုနဲ့ ရုပ်ချင်း ဆင်နေတာကြောင့် သူ့ကို စောင့်ကြည့်နေစဉ်မှာပဲ သက်သေပစ္စည်းတွေနဲ့အတူ ဖမ်းမိလိုက်တာပါ။
ဧည့်သည်တွေ လိုက်ပို့ပြီးအပြန်မှာ အိမ်ခန်းငှါးတွေ လှန်းထားတာတွေကို ခိုးယူပြီး သိမ်းထားတာလို့ နို်င်းဖားနုက ဝန်ခံထားပါတယ်။
၂၀၁၀ ခုနှစ်တုန်းကလည်း အလားတူအမှုမျိုးနဲ့ ထောင်ဒဏ်နှစ်ဝက် အရေးယူခံထားရဖူးပါတယ်။ 
အဲဒီတုန်းကတော့ သက်သေခံပစ္စည်း ၁၀၀၀၀ ကျော်ရှိပြီး ဇနီးဖြစ်သူက အလွန်ရှက်တာကြောင့် လမ်းခွဲသွားခဲ့ပါတယ်။ နို်င်းဖားနုက ဘော်လီတွေ လှန်းထားတာတွေ့ရင် စိတ်ထိန်းထားသော်လည်း မယူရရင် မနေနိုင်ဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ သက်သေခံပစ္စည်းတွေကိုစစ်ဆေးပြီး နိုင်းဖားနုကို ရဲစခန်းမှာ အမှုဖွင့် အရေးယူသွားမယ်လို့ သိရပါတယ်။ 
ဘာသာပြန်။ နန်းမောက်ကွမ်
Ref; matichon
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~