ခရီးသည်တင်ယာဉ်နှင့် အိမ်သုံးကား တိုက်မိရာမှ သေဆုံးမှုရှိ

ခရီးသည်တင်ယာဉ်နှင့် အိမ်သုံးကား တိုက်မိရာမှ သေဆုံးမှုရှိ
မတ် 28, 2016
By Tachileik News Agency

[သတင်းတို] ၂၀၁၆ခုနှစ် မတ်လ(၂၈)ရက် ညနေ(၅)နာရီကျော်အချိန်က တာချီလိတ်မြို့နယ်၊ ရန်ရှင်း(၃)ကျေးရွာနှင့် ပန်ဟတ်ကျေးရွာကြားတွင် ဆည်တိုခရီးသည်တင်ယာဉ်နှင့် ဗီဂို့အမျိုးအစား မော်တော်ယာဉ်တို့ အရှိန်ပြင်းစွာ တိုက်မိပြီး ဗီဂို့အမျိုးအစား မော်တော်ယာဉ်အား မောင်းနင်လာသူ အမျိုးသားတစ်ဦးမှာ အဆိုပါနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်းနှင့် ပြင်းထန်စွာ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

ဓာတ်ပုံ။  ။ #ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net