တာခ်ီလိတ္ၿမိဳ႕လယ္တြင္ ဆိုင္ကယ္စီးအမ်ိဳးသမီးအား လမ္းၾကားမွထြက္လာသည့္ကားမွ တိုက္မိၿပီး ထြက္ေျပး

တာခ်ီလိတ္ၿမိဳ႕လယ္တြင္ ဆိုင္ကယ္စီးအမ်ိဳးသမီးအား လမ္းၾကားမွထြက္လာသည့္ကားမွ တိုက္မိၿပီး ထြက္ေျပး
မတ် 11, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ(၁၁)။   ။ တာခ်ီလိတ္ၿမိဳ႕လယ္လမ္းမ မယ္ေခါင္ဘုန္းႀကီးေက်ာင္းအနီး (၄)လမ္းထိပ္တြင္ မတ္လ(၁၀)ရက္ေန႔က အမ်ိဳးသမီးတစ္ဦး ေမာင္းႏွင္လာေသာ ဆိုင္ကယ္အား လမ္းၾကားမွ ယာဥ္ေၾကာမရွင္းဘဲ ထြက္လာသည့္ ကားအျဖဴေရာင္က တိုက္မိၿပီး ထြက္ေျပးတိမ္းေရွာင္သြားေၾကာင္း သိရသည္။

"မယ္ေခါင္ရပ္ကြက္ရံုးနားက လမ္းၾကားထဲကထြက္ၿပီး လမ္းႀကီးေပၚက ေမာင္းလာတဲ့ ဆိုင္ကယ္ကို တိုက္ၿပီး ေမာင္းထြက္ေျပးသြားတာ လက္ဖ်ံရိုးမွာ တစ္ခ်က္က်ိဳးသြားတယ္။ ေျခသလံုးမွာ အသားလန္သြားတယ္။ အခ်က္(၄၀)ေလာက္ ခ်ဳပ္လုိက္ရတယ္။ ကားအမ်ိဳးအစားကေတာ့ မတ္တူး 2G/2181 ပဲဗ်"ဟု ဒဏ္ရာရရွိသူႏွင့္ ေဆြမ်ိဳးေတာ္စပ္သူ ကိုေဇာ္၀င္းက ေျပာသည္။

ယာဥ္တိုက္ခံရသည့္ အမ်ိဳးသမီးေမာင္းႏွင္လာေသာ ဆိုင္ကယ္မွာ Dream-125 အနက္ေရာင္ျဖစ္ၿပီး ယာဥ္တိုက္မႈေၾကာင့္ အထက္ႏွဳတ္ခမ္းပြန္း၊ ယာလက္ေကာက္၀တ္ဖူးေရာင္၊ ယာေျခသလံုးေပါက္ၿပဲ ဒဏ္ရာရရွိခဲ့သျဖင့္ ေဆးစာႏွင့္အတူ ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

ေမာ္ေတာ္ယာဥ္အား ဦးစားေပးလမ္းမႀကီးေပၚက ယာဥ္မရွင္းဘဲ ေမာင္းႏွင္တိုက္မိၿပီး ထြက္ေျပး တိမ္းေရွာင္သြားသူအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္း ယာဥ္(ပ)၇/၂၀၁၆၊ ျပစ္မႈပုဒ္မ ၃၃၈ ျဖင့္ အမႈဖြင့္လွစ္ေဆာင္ရြက္ထားေၾကာင္း သိရသည္။
******

( unicode )

တာချီလိတ်၊ မတ်လ(၁၁)။ တာချီလိတ်မြို့လယ်လမ်းမ မယ်ခေါင်ဘုန်းကြီးကျောင်းအနီး (၄)လမ်းထိပ်တွင် မတ်လ(၁၀)ရက်နေ့က အမျိုးသမီးတစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်အား လမ်းကြားမှ ယာဉ်ကြောမရှင်းဘဲ ထွက်လာသည့် ကားအဖြူရောင်က တိုက်မိပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

"မယ်ခေါင်ရပ်ကွက်ရုံးနားက လမ်းကြားထဲကထွက်ပြီး လမ်းကြီးပေါ်က မောင်းလာတဲ့ ဆိုင်ကယ်ကို တိုက်ပြီး မောင်းထွက်ပြေးသွားတာ လက်ဖျံရိုးမှာ တစ်ချက်ကျိုးသွားတယ်။ ခြေသလုံးမှာ အသားလန်သွားတယ်။ အချက်(၄၀)လောက် ချုပ်လိုက်ရတယ်။ ကားအမျိုးအစားကတော့ မတ်တူး 2G/2181 ပဲဗျ"ဟု ဒဏ်ရာရရှိသူနှင့် ဆွေမျိုးတော်စပ်သူ ကိုဇော်ဝင်းက ပြောသည်။

ယာဉ်တိုက်ခံရသည့် အမျိုးသမီးမောင်းနှင်လာသော ဆိုင်ကယ်မှာ Dream-125 အနက်ရောင်ဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် အထက်နှုတ်ခမ်းပွန်း၊ ယာလက်ကောက်ဝတ်ဖူးရောင်၊ ယာခြေသလုံးပေါက်ပြဲ ဒဏ်ရာရရှိခဲ့သဖြင့် ဆေးစာနှင့်အတူ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

မော်တော်ယာဉ်အား ဦးစားပေးလမ်းမကြီးပေါ်က ယာဉ်မရှင်းဘဲ မောင်းနှင်တိုက်မိပြီး ထွက်ပြေး တိမ်းရှောင်သွားသူအား တာချီလိတ်မြို့မရဲစခန်း ယာဉ်(ပ)၇/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~