ပံုလံုေက်းရြာတြင္ ေတာမီးမွကူးစက္ေလာင္ကၽြမ္းမႈေၾကာင့္ လူေနအိမ္(၁၉)လံုးဆံုး႐ံႈး

ပံုလံုေက်းရြာတြင္ ေတာမီးမွကူးစက္ေလာင္ကၽြမ္းမႈေၾကာင့္ လူေနအိမ္(၁၉)လံုးဆံုး႐ံႈး
မတ် 23, 2016
By Tachileik News Agency

က်ဳိင္းတံု၊ မတ္လ (၂၃) ။   ။ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) ၊ က်ဳိင္းတံုၿမိဳ႕နယ္၊ မိုင္းေလြေက်းရြာအုပ္စု၊ ပံုလံုေက်းရြာတြင္ ေတာမီးမွတစ္ဆင့္ လူေနအိမ္(၁၉)လံုးသို႔ မီးကူးစက္ေလာင္ကၽြမ္းသြားၿပီး စုစုေပါင္းတန္ဖိုးေငြက်ပ္ (၇၄.၁)သိန္းခန္႔ ဆံုးရႈံုးသြားေၾကာင္း က်ဳိင္းတံုတြဲဖက္ျပည္နယ္မီးသတ္ဦးစီးဌာနမွ သတင္းရရိွသည္။အဆိုပါေက်းရြာ၏ အေရွ႕ေတာင္ဘက္တြင္ မတ္လ (၂၂) ရက္  နံနက္ (၁၁) နာရီ (၃၅) မိနစ္အခ်ိန္ခန္႔က ေတာမီးေလာင္ကၽြမ္းရာမွ ေတာစပ္အနီးလူေနအိမ္တစ္အိမ္မွတစ္ဆင့္ မီးကူးစက္ေလာင္ကၽြမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ရြာဓေလ့ထံုးစံအရ မီးေဘးသင့္တဲ့သူေတြကို ရြာအျပင္မွာ (၇) ရက္ထားၿပီးမွ ရြာထဲကို ျပန္ဝင္ေစမွာပါ။ ဒါေၾကာင့္ ရြာအျပင္ဘက္မွာ ရြက္ဖ်င္တဲထိုးၿပီး ေနထိုင္ဖို႔အတြက္ ရြာသားေတြက ဝို္င္းဝန္းေဆာင္ရြက္ေပးၾကပါတယ္။ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး႐ံုးကေတာ့ မီးေလာင္တဲ့ေနရာကို လာေရာက္ၾကည့္႐ႈသြားပါတယ္။ ျပန္လည္ထူေထာင္ ကယ္ဆယ္ေရးအတြက္ ဘာေတြလုပ္မလဲဆိုတာေတြကိုေတာ့ ခုထိမသိရေသးပါဘူး။ " ဟု ေဒသခံတစ္ဦးက ေျပာသည္။

အဆိုပါမီးေလာင္ကၽြမ္းမႈသို႔ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ (၂၈) ဦးသည္ မီးသတ္ယာဥ္ (၂) စီးႏွင့္ အတူ သြားေရာက္ၿငိွမ္းသတ္ခဲ့ၾကရာ မြန္းလြဲ (၁) နာရီခြဲအခ်ိန္၌ မီးလံုးဝၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ပံုလံုေက်းရြာတြင္ အိမ္ေျခ(၈၇)လံုးရိွသည့္အနက္ ေနအိမ္(၁၉)လံုးမီးေလာင္ကၽြမ္းမႈေၾကာင့္ မီးေဘးသင့္လူဦးေရ  (၇၄) ဦးရိွေၾကာင္း က်ဳိင္းတံုတြဲဖက္ျပည္နယ္ရဲစခန္းမွ သိရသည္။

သတင္း။  ။ ဇင္ေအာင္
*************

ကျိုင်းတုံ၊ မတ်လ (၂၃)။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ ပုံလုံကျေးရွာတွင် တောမီးမှတစ်ဆင့် လူနေအိမ်(၁၉)လုံးသို့ မီးကူးစက်လောင်ကျွမ်းသွားပြီး စုစုပေါင်းတန်ဖိုးငွေကျပ် (၇၄.၁)သိန်းခန့် ဆုံးရှုံးသွားကြောင်း ကျိုင်းတုံတွဲဖက်ပြည်နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။အဆိုပါကျေးရွာ၏ အရှေ့တောင်ဘက်တွင် မတ်လ (၂၂) ရက် နံနက် (၁၁) နာရီ (၃၅) မိနစ်အချိန်ခန့်က တောမီးလောင်ကျွမ်းရာမှ တောစပ်အနီးလူနေအိမ်တစ်အိမ်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ရွာဓလေ့ထုံးစံအရ မီးဘေးသင့်တဲ့သူတွေကို ရွာအပြင်မှာ (၇) ရက်ထားပြီးမှ ရွာထဲကို ပြန်ဝင်စေမှာပါ။ ဒါကြောင့် ရွာအပြင်ဘက်မှာ ရွက်ဖျင်တဲထိုးပြီး နေထိုင်ဖို့အတွက် ရွာသားတွေက ဝို်င်းဝန်းဆောင်ရွက်ပေးကြပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကတော့ မီးလောင်တဲ့နေရာကို လာရောက်ကြည့်ရှုသွားပါတယ်။ ပြန်လည်ထူထောင် ကယ်ဆယ်ရေးအတွက် ဘာတွေလုပ်မလဲဆိုတာတွေကိုတော့ ခုထိမသိရသေးပါဘူး။ " ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါမီးလောင်ကျွမ်းမှုသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ (၂၈) ဦးသည် မီးသတ်ယာဉ် (၂) စီးနှင့် အတူ သွားရောက်ငြှိမ်းသတ်ခဲ့ကြရာ မွန်းလွဲ (၁) နာရီခွဲအချိန်၌ မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ပုံလုံကျေးရွာတွင် အိမ်ခြေ(၈၇)လုံးရှိသည့်အနက် နေအိမ်(၁၉)လုံးမီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်လူဦးရေ (၇၄) ဦးရှိကြောင်း ကျိုင်းတုံတွဲဖက်ပြည်နယ်ရဲစခန်းမှ သိရသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~