မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသားများကိုသာ ထိုင်းရဲများမှ စစ်ဆေးမှုများ ပြုလုပ်နေ
မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသားများကိုသာ ထိုင်းရဲများမှ စစ်ဆေးမှုများ ပြုလုပ်နေ
မတျ 2, 2016
By Tachileik News Agency
"နှစ်နိုင်ငံ နယ်ခြားကော်မတီ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံသားကို ဆီးစစ်ရင် မြန်မာဘက်က တာဝန်ရှိတဲ့သူတွေ ရှေ့မှာ တရားဝင်စစ်ရမယ်လို့ သဘောတူညီချက်တွေရှိတာကို မျက်ကွယ်ပြုပြီး အများပြည်သူရှေ့မှာ ဂုဏ်သိက္ခာကျဆင်းအောင် ဆီးစစ်ဆေးတာတွေရှိနေပါတယ် အခုလဲ မယ်ဆိုင် လမ်းမကြီးပေါ်မှာ ကား၊ ဆိုင်ကယ်တွေ ရပ်တန့်ပြီး စစ်ဆေးနေတာပါ"ဟု မယ်ဆိုင်မြို့နေ ဦးထွန်းက ပြောသည်။
ယာဉ်နှင့် ယာဉ်ပေါ်ပါပစ္စည်းများ စစ်ဆေးခြင်းနှင့် မြန်မာနိုင်ငံသားများအား ဆီးစစ်ဆေးခြင်းများမှာ မတ်လ(၁)ရက်နေ့ နေ့လည်ပိုင်းတွင် မယ်ဆိုင်မြို့ Lotus ကုန်တိုက်သွားလမ်း၊ ပါမွေဂုံးကျော် တံတားအောက်တွင် စစ်ဆေးခြင်းအပြင်၊ မတ်လ(၂)ရက်နေ့တွင်လည်း ဆက်လက် စစ်ဆေးနေဆဲဖြစ်ပြီး ဖေဖော်ဝါရီ(၂၉)ရက်နေ့တွင်လည်း လူတစ်ဦးအား ဆီးစစ်ဆေးခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲကြောင်း ပေါ်ပေါက်သဖြင့် ချင်းရိုင်းအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း မယ်ဆိုင်မြို့နေ မြန်မာနိုင်ငံသားများအား စေတနာဖြင့် ကူညီပေးနေသူများထံမှ သိရသည်။
သတင်း။   ။ ကိုဇက်
****************
( unicode )
ထိုင်းနိုင်ငံ၊ မယ်ဆိုင်၊ မတ်လ(၂)ရက်။ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် ထိုင်းရဲတပ်ဖွဲ့မှ နှစ်နိုင်ငံ သဘောတူညီချက်အား ချိုးဖောက်ပြီး မြန်မာနိုင်ငံသားများအား မူးယစ်ဆေးဝါးသုံးစွဲခြင်း ရှိ/မရှိ ဆီးစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း မယ်ဆိုင်မြို့နေ ရွှေ့ပြောင်း အလုပ်သမား မြန်မာနိုင်ငံသားများထံမှ သိရသည်။
"နှစ်နိုင်ငံ နယ်ခြားကော်မတီ အစည်းအေဝးတွေမှာ မြန်မာနိုင်ငံသားကို ဆီးစစ်ရင် မြန်မာဘက်က တာဝန်ရှိတဲ့သူတွေ ရှေ့မှာ တရားဝင်စစ်ရမယ်လို့ သဘောတူညီချက်တွေရှိတာကို မျက်ကွယ်ပြုပြီး အများပြည်သူရှေ့မှာ ဂုဏ်သိက္ခါကျဆင်းအောင် ဆီးစစ်ဆေးတာတွေရှိနေပါတယ် အခုလဲ မယ်ဆိုင် လမ်းမကြီးပေါ်မှာ ကား၊ ဆိုင်ကယ်တွေ ရပ်တန့်ပြီး စစ်ဆေးနေတာပါ"ဟု မယ်ဆိုင်မြို့နေ ဦးထွန်းက ပြောသည်။
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ အကြောင်း အမျိုးမျိုးဖြင့် သွားရောက်သော မြန်မာနိုင်ငံသားများအား ကား၊ ဆိုင်ကယ်များ ရပ်တန့်စေ၍ စစ်ဆေးမှုများ ပြုလုပ်ခြင်းသည် ထိုင်းဥပဒေအရ လုပ်ပိုင်ခွင့်ရှိသော်လည်း ဆီးစစ်ဆေးခြင်းမှာ နှစ်နိုင်ငံ သဘောတူညီချက်ကို ချိုးဖောက်ခြင်းသာဖြစ်ကြောင်း၎င်းမှ ပြောသည်။
ယာဉ်နှင့် ယာဉ်ပေါ်ပါပစ္စည်းများ စစ်ဆေးခြင်းနှင့် မြန်မာနိုင်ငံသားများအား ဆီးစစ်ဆေးခြင်းများမှာ မတ်လ(၁)ရက်နေ့ နေ့လည်ပိုင်းတွင် မယ်ဆိုင်မြို့ ဋ္ဌသအကျ ကုန်တိုက်သွားလမ်း၊ ပါမွေဂုံးကျော် တံတားအောက်တွင် စစ်ဆေးခြင်းအပြင်၊ မတ်လ(၂)ရက်နေ့တွင်လည်း ဆက်လက် စစ်ဆေးနေဆဲဖြစ်ပြီး ဖေဖော်ဝါရီ(၂၉)ရက်နေ့တွင်လည်း လူတစ်ဦးအား ဆီးစစ်ဆေးခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲကြောင်း ပေါ်ပေါက်သဖြင့် ချင်းရိုင်းအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း မယ်ဆိုင်မြို့နေ မြန်မာနိုင်ငံသားများအား စေတနာဖြင့် ကူညီပေးနေသူများထံမှ သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~