ေနအိမ္မွဆင္းၿပီး အျခားအမ်ိဳးသမီးႏွင့္ ခိုးယူေပါင္းသင္းေနသည့္ ခင္ပြန္းအား ဇနီးသည္က တစ္လင္တစ္မယားစနစ္ျဖင့္ အမႈဖြင့္

ေနအိမ္မွဆင္းၿပီး အျခားအမ်ိဳးသမီးႏွင့္ ခိုးယူေပါင္းသင္းေနသည့္ ခင္ပြန္းအား ဇနီးသည္က တစ္လင္တစ္မယားစနစ္ျဖင့္ အမႈဖြင့္
မတ် 31, 2016
By Tachileik News Agency

မင္းလွ၊ မတ္လ (၃၁) ရက္ ။    ။ မေကြးတိုင္းေဒသႀကီး ၊ မင္းလွၿမိဳ႕တြင္ အိမ္ေထာင္သက္(၉)ႏွစ္ ရိွခဲ့ၿပီးေနာက္ လင္မယားခ်င္းစကားမ်ားၿပီး ေနအိမ္မွဆင္းသြားကာ တစ္ရြာထဲေန အမ်ိဳးသမီးတစ္ဦးႏွင့္ ခိုးယူေပါင္းသင္းေနသူအား တစ္လင္တစ္မယားစနစ္ က်င့္သံုးျခင္းဆိုင္ရာဥပေဒျဖင့္ အေရးယူလိုက္ေၾကာင္း မင္းလွၿမိဳ႕နယ္၊ ေရနံမ နယ္ေျမရဲစခန္းမွ သတင္းရရိွသည္။

အဆိုပါ လင္မယားသည္  မင္းလွၿမိဳ႕နယ္ ၊ ေရငံေက်းရြာတြင္ လြန္ခဲ႔ေသာ(၉)ႏွစ္ခန္႔က တရားဝင္ လက္ထပ္ ေပါင္းသင္းခဲ့ၿပီး၊  သားတစ္ဦး ထြန္းကားခဲ႔ၿပီးေနာက္ ၂၀၁၆ ခုႏွစ္ မတ္လ (၈)ရက္တြင္ စကားမ်ားရန္ျဖစ္ရာမွ  ခင္ပြန္းျဖစ္သူက ေနအိမ္မွ ဆင္းသြားျခင္းျဖစ္ေၾကာင္း သိရသည္။

“အိမ္ကဆင္းသြားၿပီး သံုးရက္ေလာက္မွာပဲ တစ္ရြာတည္းေနသူ မ-----နဲ႔ ခိုးယူေပါင္းသင္းေနတယ္လို႔ သိရပါတယ္။ တစ္လင္တစ္မယားစနစ္ ဥပေဒနဲ႔ အေရးယူလို႔ရတယ္ဆိုတာေၾကာင့္ အခုလိုရဲစခန္းမွာ အမႈ ဖြင္႔ရတာပါ”ဟု ေနအိမ္မွဆင္းသြားသည့္ ခင္ပြန္းျဖစ္သူအား တရားစြဲဆိုလိုက္သည့္ အမ်ိဳးသမီးက ေျပာသည္။

တရားဝင္ အိမ္ေထာင္ရိွပါလွ်က္ႏွင့္ အျခားအမ်ိဳးသမီးတစ္ဦးႏွင့္ ထပ္မံခိုးယူေပါင္းသင္းသည့္ ခင္ပြန္းျဖစ္သူအား အေရးယူေပးပါရန္ အမိ်ဳးသမီးျဖစ္သူက မတ္လ ၂၉ ရက္တြင္ တရားလို ျပဳလုပ္တိုင္တန္းသျဖင့္ မင္းလွ ၿမိဳ႕နယ္ ေရနံမ နယ္ေျမရဲစခန္းမွ (ပ)၁၇/၂၀၁၆၊ တစ္လင္တစ္မယား စနစ္က်င့္သံုးျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၁၃ ျဖင့္ အမႈဖြင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း ရဲစခန္းမွတ္တမ္းအရ သိရသည္။

တစ္လင္တစ္မယား စနစ္ က်င့္သံုးျခင္းဆိုင္ရာဥပေဒကို ျပည္ေထာင္စု လႊတ္ေတာ္က  ၂၀၁၅ ခုႏွစ္ ၾသဂုတ္ ၃၁ ရက္တြင္ ျပ႒ာန္းခဲ့ၿပီး ႏိုင္ငံေတာ္သမၼတမွ လက္မွတ္ ေရးထိုး အတည္ျပဳခဲ့ျခင္းျဖစ္ၿပီး အဆိုပါ ဥပေဒအရ ျပစ္မႈထင္ရွား စီရင္ျခင္းခံရလွ်င္  ခုနစ္ ႏွစ္ထက္ မပိုသည့္ ေထာင္ဒဏ္အျပင္  ေငြဒဏ္လည္း ခ်မွတ္ႏိုင္ေၾကာင္း ျပ႒ာန္းထားသည္။

သတင္း။  ။  ဖီးနစ္
................

မင်းလှ၊ မတ်လ (၃၁) ရက်။ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့တွင် အိမ်ထောင်သက်(၉)နှစ် ရှိခဲ့ပြီးနောက် လင်မယားချင်းစကားများပြီး နေအိမ်မှဆင်းသွားကာ တစ်ရွာထဲနေ အမျိုးသမီးတစ်ဦးနှင့် ခိုးယူပေါင်းသင်းနေသူအား တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒဖြေင့် အရေးယူလိုက်ကြောင်း မင်းလှမြို့နယ်၊ ရေနံမ နယ်မြေရဲစခန်းမှ သတင်းရရှိသည်။

အဆိုပါ လင်မယားသည် မင်းလှမြို့နယ်၊ ရေငံကျေးရွာတွင် လွန်ခဲ့သော(၉)နှစ်ခန့်က တရားဝင် လက်ထပ် ပေါင်းသင်းခဲ့ပြီး၊ သားတစ်ဦး ထွန်းကားခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် မတ်လ (၈)ရက်တွင် စကားများရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက နေအိမ်မှ ဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။

“အိမ်ကဆင်းသွားပြီး သုံးရက်လောက်မှာပဲ တစ်ရွာတည်းနေသူ မ-----နဲ့ ခိုးယူပေါင်းသင်းနေတယ်လို့ သိရပါတယ်။ တစ်လင်တစ်မယားစနစ် ဥပဒေနဲ့ အရေးယူလို့ရတယ်ဆိုတာကြောင့် အခုလိုရဲစခန်းမှာ အမှု ဖွင့်ရတာပါ”ဟု နေအိမ်မှဆင်းသွားသည့် ခင်ပွန်းဖြစ်သူအား တရားစွဲဆိုလိုက်သည့် အမျိုးသမီးက ပြောသည်။

တရားဝင် အိမ်ထောင်ရှိပါလျှက်နှင့် အခြားအမျိုးသမီးတစ်ဦးနှင့် ထပ်မံခိုးယူပေါင်းသင်းသည့် ခင်ပွန်းဖြစ်သူအား အရေးယူပေးပါရန် အမျိုးသမီးဖြစ်သူက မတ်လ ၂၉ ရက်တွင် တရားလို ပြုလုပ်တိုင်တန်းသဖြင့် မင်းလှ မြို့နယ် ရေနံမ နယ်မြေရဲစခန်းမှ (ပ)၁၇/၂၀၁၆၊ တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေကို ပြည်ထောင်စု လွှတ်တော်က ၂၀၁၅ ခုနှစ် သြဂုတ် ၃၁ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်သမ္မတမှ လက်မှတ် ရေးထိုး အတည်ပြုခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဥပဒေအရ ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ခုနစ် နှစ်ထက် မပိုသည့် ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

သတင်း။ ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~