နာတာရှည် အမေအိုကို သနား၍ သားဖြစ်သူမှ လည်ပင်းကို ဓားဖြင့် ခုတ်သတ်
နာတာရှည် အမေအိုကို သနား၍ သားဖြစ်သူမှ လည်ပင်းကို ဓားဖြင့် ခုတ်သတ်
မတျ 25, 2016
By Tachileik News Agency
အဲဒီလူဟာ နိုင်းဆန် ဝိချန်းစံလို့ သိရပြီး ရဲတပ်ဖွဲ့က သူ့ပြောပြချက်အတိုင်း နေအိမ်ကို ဝင်ရောက် စစ်ဆေးရာမှာ နိုင်းဆန်ရဲ့အမေဖြစ်သူ အသက်(၇၂)နှစ်အရွယ် ဒေါ်နန်းအိုက်ဟာ အိမ်အပေါ်ထပ်မှာ ဦးခေါင်းပြတ်ပြီး သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
သူတို့ သားအမိနှစ်ယောက်ထဲ အတူနေလာရာကနေ နောက်ပိုင်းမှာ အမေဖြစ်သူက ခဏခဏ နေမကောင်းဖြစ်လာတာနဲ့ ပတ်သက်ပြီး နိုင်းဆန်က အမေဖြစ်သူကို ထပ်ပြီးမခံစားစေချင်တော့တဲ့အတွက် သတ်ဖို့ဆုံးဖြတ်လိုက်တာလို့ နိုင်းဆန်က ရဲတပ်ဖွဲ့ကို ဝန်ခံတယ်လို့ သိရပါတယ်။
ဒီလိုနဲ့ ၂၀၁၆ ခုနှစ် မတ်လ (၂၀)ရက်နေ့ ည(၈)နာရီမှာ အမေဖြစ်သူကို သတိမေ့သွားအောင်ရိုက်ပြီး (၂)ပေအရှည်ရှိ တဲ့ဓားနဲ့ လည်ပင်းကိုပြတ်သွားအောင်ခုတ်ပြီး ဦးခေါင်းကို အလောင်းနံဘေးမှာ ထားခဲ့တာလို့ ဆိုပါတယ်။
နိုင်းဆန်ဟာ အမေဖြစ်သူကိုလည်း နှစ်ကာလများစွာ စောင့်ရှောက်လာသူလည်းဖြစ်တယ်လို့ သူ့ရဲ့ဆွေမျိုးတွေက ပြောပါတယ်။
ရဲတပ်ဖွဲ့ကတော့ နိုင်းဆန်ကို မူးယစ်ဆေးဝါးသုံးစွဲခြင်းရှိ/မရှိနဲ့  ဖြစ်ရပ်မှာ DNA ကိုက်ညီခြင်း ရှိ/မရှိအပြင် စိတ်ပိုင်းဆိုင်ရာတွေကို စစ်ဆေးနေပြီး ဥပဒေအရ အရေးယူသွားဖို့ လုပ်ဆောင်နေတယ်လို့ ဒေးလီးနယူးက ဖော်ပြထားပါတယ်။
ဘာသာပြန်။  ။ နန်းမောက်ကွမ်
Ref; workpointtv.com
********************
( unicode )
ဘာသာပြန်၊ မတ်လ(၂၅)။ ထိုင်းနိုင်ငံ ထခိုလုံးအုပ်စု၊ ထဝန့်မြို့နယ်၊ လုပ်ပူးလီးခရိုင်ရှိ ဆမော်ခွန်း တောင်ပေါ်မှာ မသင်္ကာဖွယ် တွေ့ရတဲ့ အမျိုးသားတစ်ယောက်ကို ဒေသခံတွေက မေးတဲ့အခါ မိခင်ဖြစ်သူကို သတ်လာတာလို့ ပြောခဲ့တာကြောင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားလိုက်ပါတယ်။
အဲဒီလူဟာ နိုင်းဆန် ဝိချန်းစံလို့ သိရပြီး ရဲတပ်ဖွဲ့က သူ့ပြောပြချက်အတိုင်း နေအိမ်ကို ဝင်ရောက် စစ်ဆေးရာမှာ နိုင်းဆန်ရဲ့အမဖြေစ်သူ အသက်(၇၂)နှစ်အရွယ် ဒေါ်နန်းအိုက်ဟာ အိမ်အပေါ်ထပ်မှာ ဦးခေါင်းပြတ်ပြီး သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
သူတို့ သားအမိနှစ်ယောက်ထဲ အတူနေလာရာကနေ နောက်ပိုင်းမှာ အမဖြေစ်သူက ခဏခဏ နေမကောင်းဖြစ်လာတာနဲ့ ပတ်သက်ပြီး နိုင်းဆန်က အမဖြေစ်သူကို ထပ်ပြီးမခံစားစေချင်တော့တဲ့အတွက် သတ်ဖို့ဆုံးဖြတ်လိုက်တာလို့ နိုင်းဆန်က ရဲတပ်ဖွဲ့ကို ဝန်ခံတယ်လို့ သိရပါတယ်။
ဒီလိုနဲ့ ၂၀၁၆ ခုနှစ် မတ်လ (၂၀)ရက်နေ့ ည(၈)နာရီမှာ အမဖြေစ်သူကို သတိမေ့သွားအောင်ရိုက်ပြီး (၂)ပေအရှည်ရှိ တဲ့ဓားနဲ့ လည်ပင်းကိုပြတ်သွားအောင်ခုတ်ပြီး ဦးခေါင်းကို အလောင်းနံဘေးမှာ ထားခဲ့တာလို့ ဆိုပါတယ်။
အမေကို သတ်ပြီးတဲ့အခါ ဘတ်သုံးသောင်းရှိ ဘဏ်စာအုပ်၊ အဝတ်အစားထုပ်တွေယူပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးခဲ့တာလို့ သိရပါတယ်။
အခုလိုဖြစ်သွားတာကို ဆွေမျိုးတွေကတော့ မယုံနိုင်အောင် ဖြစ်နကြေပါတယ်။ နိုင်းဆန်ဟာ အများနဲ့ မရောဘဲ တစ်ယောက်ထဲ အေးအေးဆေးဆေးနေတတ်သလို အရက်နဲ့ ဆေးလိပ်ကိုလည်း မသောက်တတ်သူလို့ သိရပါတယ်။
နိုင်းဆန်ဟာ အမဖြေစ်သူကိုလည်း နှစ်ကာလများစွာ စောင့်ရှောက်လာသူလည်းဖြစ်တယ်လို့ သူ့ရဲ့ဆွေမျိုးတွေက ပြောပါတယ်။
ရဲတပ်ဖွဲ့ကတော့ နိုင်းဆန်ကို မူးယစ်ဆေးဝါးသုံးစွဲခြင်းရှိ/မရှိနဲ့ ဖြစ်ရပ်မှာ DNA ကိုက်ညီခြင်း ရှိ/မရှိအပြင် စိတ်ပိုင်းဆိုင်ရာတွေကို စစ်ဆေးနပြေီး ဥပဒေအရ အရေးယူသွားဖို့ လုပ်ဆောင်နေတယ်လို့ ဒေးလီးနယူးက ဖော်ပြထားပါတယ်။
ဘာသာပြန်။ နန်းမောက်ကွမ်
Ref; workpointtv.com
( အခင်းဖြစ်ပွားရာ နေရာ )
( လူသတ်မှုကျူးလွန်သူ )
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~