ေတာင္ႀကီးဆိုင္ကယ္ေစ်းကြက္တြင္ အသစ္ဝင္လာသည့္ Toyo Max မ်ား အေရာင္းသြက္

ေတာင္ႀကီးဆိုင္ကယ္ေစ်းကြက္တြင္ အသစ္ဝင္လာသည့္ Toyo Max မ်ား အေရာင္းသြက္
မတ် 9, 2016
By Tachileik News Agency

ေတာင္ႀကီး၊ မတ္လ (၉) ရက္ ။   ။ ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမဳိ႕၏ ေမာ္ေတာ္ဆိုင္ကယ္ ေစ်းကြက္တြင္းသို႔ တရုတ္ႏိုင္ငံမွ အသစ္တင္သြင္းေရာင္းခ်ေသာ Toyo Max ေမာ္ေတာ္ဆိုင္ကယ္ ေရာင္းအားေကာင္းလွ်က္ရွိေၾကာင္း သိရသည္။

"ကြ်န္ေတာ့္ဆိုင္မွာက Toyo Max Brand တစ္မ်ဳိးထဲ အဓိကထားေရာင္းတာ။ ေနာက္ၿပီး ဒီေန႔ လူငယ္အမ်ားစု ႀကိဳက္တဲ႔ MSX ဆိုင္ကယ္ကုိ Toyo Max ကထုတ္တယ္ေလ။ MSX ကေတာ္ေတာ္ေလး ေရာင္းအားေကာင္းတယ္။ ျပီးေတာ့သူက ဆိုင္ကယ္အမ်ဳိးအစား ထုတ္တာကလဲစုံတယ္"ဟု ခ်မ္းျမသာစည္ေမာ္ေတာ္ဆိုင္ကယ္ အေရာင္းျပခန္း၏ ပိုင္ရွင္ ကုိေက်ာ္သူမိုးက ေျပာသည္။

အဆိုပါ ဆိုင္ကယ္မ်ားကို တရုတ္ႏိုင္ငံရွိ JALAMAT ကုမၼဏီ၏ဆိုင္ကယ္ထုတ္လုပ္ေရး စက္ရုံမွ တိုက္ရုိက္တင္သြင္းေရာင္းခ်ေနၿပီး ဆိုင္ကယ္၏ ေစ်းႏႈန္းမွာလည္း သင့္တင့္သျဖင့္ ေရာင္းအားေကာင္းျခင္းျဖစ္ေၾကာင္း ႏွင့္ တစ္လလွ်င္ အစီး(၁၀၀)ဝန္းက်င္ခန္႔ေရာင္းထြက္ေၾကာင္း သိရသည္။

"ဆိုင္ကယ္ေစ်းကြက္ကေတာ့ ပုံမွန္ျဖစ္ေနတာပဲ။ ယိုးဒယားဘီးေရာ၊ တရုတ္ဘီးေရာ ႏွစ္မ်ဳိးလုံးက အေရာင္းဝယ္ျဖစ္ေနၾကတယ္။ Toyo Max က MSX ထုတ္လိုက္လုိ႔ ေရာင္းအားေကာင္းတာ" ဟု တစ္ပတ္ရစ္ဆိုင္ကယ္ အေရာင္းအဝယ္လုပ္ကိုင္သူ ကိုေစာမင္းေအာင္က ေျပာသည္။

Toyo Max 110 တစ္စီးလွ်င္ လိုင္စင္အပါ ေလးသိန္းေျခာက္ေသာင္းက်ပ္၊ 125 Wave i တစ္စီးလွ်င္ ငါးသိန္းႏွစ္ေသာင္းက်ပ္၊ Wave Alphar တစ္စီးလွ်င္ ငါးသိန္းက်ပ္၊ MSX တစ္စီးလွ်င္ ကုိးသိန္း ငါးေသာင္းက်ပ္၊ DT တစ္စီးလွ်င္ တစ္ဆယ့္တစ္သိန္းသုံးေသာင္းက်ပ္၊ WSC Click တစ္စီးလွ်င္ ကုိးသိန္းက်ပ္၊ Demon Fz တစ္စီးလွ်င္ ဆယ့္တစ္သိန္းခုႏွစ္ေသာင္းက်ပ္ အသီးသီး ရွိေၾကာင္း သိရသည္။

အဆိုပါ ေမာ္ေတာ္ဆိုင္ကယ္မ်ားကို ရွမ္းျပည္နယ္ေတာင္ပိုင္းရွိ ဆီဆိုင္၊ ဆိုက္ေခါင္၊ ေနာင္မြန္၊ ဟုိပုံး ၊ေရႊေညာင္ ၊ ေညာင္ေရႊ၊ ရပ္ေစာက္၊ ပင္းတယ၊ ဟဲဟိုး ၊ေအာင္ပန္း၊ ကေလာ၊ ပင္ေလာင္း ႏွင့္ ေက်ာက္တလုံးႀကီး အစရွိသည့္ ၿမဳိ႕မ်ားအျပင္ ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕မ်ားတြင္လည္း တစ္ဆင့္တင္သြင္း ေရာင္းခ်လွ်က္ ရွိသည္ဟု သိရသည္။

သတင္း ။  ။ မင္းမင္း
**********

( unicode )

တောင်ကြီး၊ မတ်လ (၉) ရက်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၏ မော်တော်ဆိုင်ကယ် ဈေးကွက်တွင်းသို့ တရုတ်နိုင်ငံမှ အသစ်တင်သွင်းရောင်းချသော Toyo Max မော်တော်ဆိုင်ကယ် ရောင်းအားကောင်းလျှက်ရှိကြောင်း သိရသည်။

"ကျွန်တော့်ဆိုင်မှာက Toyo Max Brand တစ်မျိုးထဲ အဓိကထားရောင်းတာ။ နောက်ပြီး ဒီနေ့ လူငယ်အများစု ကြိုက်တဲ့ MSX ဆိုင်ကယ်ကို Toyo Max ကထုတ်တယ်လေ။ MSX ကတော်တော်လေး ရောင်းအားကောင်းတယ်။ ပြီးတော့သူက ဆိုင်ကယ်အမျိုးအစား ထုတ်တာကလဲစုံတယ်"ဟု ချမ်းမြသာစည်မော်တော်ဆိုင်ကယ် အရောင်းပြခန်း၏ ပိုင်ရှင် ကိုကျော်သူမိုးက ပြောသည်။

အဆိုပါ ဆိုင်ကယ်များကို တရုတ်နိုင်ငံရှိ JALAMAT ကုမ္မဏီ၏ဆိုင်ကယ်ထုတ်လုပ်ရေး စက်ရုံမှ တိုက်ရိုက်တင်သွင်းရောင်းချနပြေီး ဆိုင်ကယ်၏ ဈေးနှုန်းမှာလည်း သင့်တင့်သဖြင့် ရောင်းအားကောင်းခြင်းဖြစ်ကြောင်း နှင့် တစ်လလျှင် အစီး(၁၀၀)ဝန်းကျင်ခန့်ရောင်းထွက်ကြောင်း သိရသည်။

"ဆိုင်ကယ်ဈေးကွက်ကတော့ ပုံမှန်ဖြစ်နေတာပဲ။ ယိုးဒယားဘီးရော၊ တရုတ်ဘီးရော နှစ်မျိုးလုံးက အရောင်းဝယ်ဖြစ်နကြေတယ်။ Toyo Max က MSX ထုတ်လိုက်လို့ ရောင်းအားကောင်းတာ" ဟု တစ်ပတ်ရစ်ဆိုင်ကယ် အရောင်းအဝယ်လုပ်ကိုင်သူ ကိုစောမင်းအောင်က ပြောသည်။

Toyo Max 110 တစ်စီးလျှင် လိုင်စင်အပါ လေးသိန်းခြောက်သောင်းကျပ်၊ 125 Wave i တစ်စီးလျှင် ငါးသိန်းနှစ်သောင်းကျပ်၊ Wave Alphar တစ်စီးလျှင် ငါးသိန်းကျပ်၊ MSX တစ်စီးလျှင် ကိုးသိန်း ငါးသောင်းကျပ်၊ DT တစ်စီးလျှင် တစ်ဆယ့်တစ်သိန်းသုံးသောင်းကျပ်၊ WSC Click တစ်စီးလျှင် ကိုးသိန်းကျပ်၊ Demon Fz တစ်စီးလျှင် ဆယ့်တစ်သိန်းခုနှစ်သောင်းကျပ် အသီးသီး ရှိကြောင်း သိရသည်။

အဆိုပါ မော်တော်ဆိုင်ကယ်များကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆီဆိုင်၊ ဆိုက်ခေါင်၊ နောင်မွန်၊ ဟိုပုံး၊ရွှေညောင်၊ ညောင်ရွှေ၊ ရပ်စောက်၊ ပင်းတယ၊ ဟဲဟိုး၊အောင်ပန်း၊ ကလော၊ ပင်လောင်း နှင့် ကျောက်တလုံးကြီး အစရှိသည့် မြို့များအပြင် ကယားပြည်နယ် လွိုင်ကော်မြို့များတွင်လည်း တစ်ဆင့်တင်သွင်း ရောင်းချလျှက် ရှိသည်ဟု သိရသည်။

သတင်း။ မင်းမင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~