တာခ်ီလိတ္၌ ေစ်းဆိုင္ခန္းငွားရမ္းခႏႈန္းထား သံုးႏွစ္အတြင္း သိသိသာသာေစ်းတက္၍ လုပ္ငန္းအခ်ိဳ႕ရပ္နား

တာခ်ီလိတ္၌ ေစ်းဆိုင္ခန္းငွားရမ္းခႏႈန္းထား သံုးႏွစ္အတြင္း သိသိသာသာေစ်းတက္၍ လုပ္ငန္းအခ်ိဳ႕ရပ္နား
မတ် 7, 2016
By Tachileik News Agency

 တာခ်ီလိတ္၊ မတ္လ(၄) ။   ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ေစ်းဆိုင္ခန္း ငွားရမ္းခေစ်းႏွဳန္းမ်ား သံုးႏွစ္အတြင္း သိသိသာသာ ေစ်းတက္လာျခင္းေၾကာင့္ တာခ်ီလိတ္ၿမိဳ႕ေပၚရွိ လုပ္ငန္းအခ်ိဳ႕ ရပ္နားခဲ့ရေၾကာင္း သိရသည္။

"အရင္က တစ္လမွ ဘတ္(၆၀၀၀)ေလာက္ရွိတဲ့ ဆုိင္ခန္းေတြက အခု ဘတ္(၁၀၀၀၀)ပတ္၀န္းက်င္အထိ တက္လာေတာ့ ကၽြန္ေတာ္ ဆံပင္ညႇပ္ဆိုင္ပိတ္လိုက္ရတယ္"ဟု ဆံပင္ညွပ္ဆိုင္ဖြင့္ထားသည့္ ကိုထြန္းက ေျပာသည္။

၂၀၁၂ - ၂၀၁၃ ခုႏွစ္မ်ားက ေစ်းဆိုင္တစ္ခန္းလွ်င္ လစဥ္ေၾကး ဘတ္ (၅၀၀၀) ၀န္းက်င္သာရွိရာမွ၂၀၁၅ - ၂၀၁၆ ခုနွစ္မ်ားတြင္ လမ္းမႀကီး၌ရွိေသာ ေစ်းဆိုင္ခန္းေတြမွာ လစဥ္ေၾကး ဘတ္(၂၀,၀၀၀)၀န္းက်င္ႏွင့္ ဘတ္(၁၀,၀၀၀)၀န္းက်င္ရွိေနၿပီး လမ္းၾကားရွိ ေစ်းဆိုင္မ်ားမွာ ဘတ္(၇,၀၀၀)၀န္းက်င္ရွိေၾကာင္း ေစ်းဆုိင္ခန္းဖြင့္သူမ်ားထံမွ သိရသည္။

“ေစ်းဆိုင္ခန္းေတြက (၃)ႏွစ္အတြင္း တြက္ၾကည့္မယ္ဆို သိသိသာသာတက္လာတယ္။ အခုဆို လမ္းမႀကီးက သုံးထပ္ေစ်းဆိုင္ခန္းေတြဆို တစ္လကို ဘတ္(၂၀၀၀၀)ေက်ာ္ေတြပဲ ”ဟု ေအာင္ စက္ဘီးႏွင့္အိမ္အသုံးအေဆာင္ဆုိင္မွ ကုိခင္ေမာင္ေထြးက ေျပာသည္။

ဆိုင္ခန္း ေစ်းႏွဳန္းမ်ား ျမင့္တက္လာေသာ္လည္း အေရာင္းအ၀ယ္မွာ ပံုမွန္သာရွိၿပီး ကုန္ပစၥည္းမ်ားကိုလည္း ေစ်းႏွဳန္းျမႇင့္တင္ေရာင္းခ်၍ မရသျဖင့္ ဆိုင္ခန္းဖြင့္သူမ်ားမွာ အခက္အခဲျဖစ္ေနေၾကာင္း သိရသည္။

“ေစ်းဆိုင္ခန္းေတြ ေစ်းႏႈန္းတက္လာတယ္ဆိုတာ စည္ပင္ဌာနနဲ႔ေတာ့ မဆိုင္ပါဘူး။ အေရာင္းပစၥည္းဆိုင္ အမ်ိဳးအစားအလိုက္ အခြန္ႏႈန္းေကာက္တာပါ။ အျမင့္ဆုံး ေစ်းဆိုင္အခြန္ေပးရတာက မီနီမတ္ ဆိုင္္ေတြျဖစ္ၿပီး နိဗၺာန္ကုန္ ေရာင္းတဲ့ဆိုင္က အနိမ့္ဆုံး ေဆာင္ရတာပါပဲ။ ဘ႑ာေရးႏွစ္အလိုက္ အခြန္ႏႈန္းထားက အတူတူပါပဲ ။ဒါေၾကာင့္ ဆိုင္ခန္းပိုင္ရွင္ေတြကပဲ ေစ်းႏႈန္းသတ္မွတ္လို႔ ေစ်းႀကီးတာပါ။”ဟု တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ ဦးစီးအရာရွိ ေဒၚေအးေအးမူက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ေစ်းဆိုင္ခန္းမ်ား တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုမိုမ်ားျပားလာမႈေၾကာင့္ ေစ်းဆိုင္ခန္း ဖြင့္သူမ်ားမွာလည္း မ်ားလာၿပီး ေစ်းဆိုင္ခန္းငွားပိုင္ရွင္မ်ားအေနျဖင့္ စီးပြားေရးအေျခအေနအရ ဆိုင္ခန္းေတြကို ေစ်းႏႈန္းျမႇင့္သက္မွတ္ရျခင္းျဖစ္ေၾကာင္း ဆိုင္ခန္းပိုင္ရွင္ အသိုင္းအ၀ိုင္းမွ သိရသည္။

သတင္း။  ။ ေဇာင္းညီ
-------------
 တာချီလိတ်၊ မတ်လ(၄)။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဈေးဆိုင်ခန်း ငှါးရမ်းခဈေးနှုန်းများ သုံးနှစ်အတွင်း သိသိသာသာ ဈေးတက်လာခြင်းကြောင့် တာချီလိတ်မြို့ပေါ်ရှိ လုပ်ငန်းအချို့ ရပ်နားခဲ့ရကြောင်း သိရသည်။
"အရင်က တစ်လမှ ဘတ်(၆၀၀၀)လောက်ရှိတဲ့ ဆိုင်ခန်းတွေက အခု ဘတ်(၁၀၀၀၀)ပတ်ဝန်းကျင်အထိ တက်လာတော့ ကျွန်တော် ဆံပင်ညှပ်ဆိုင်ပိတ်လိုက်ရတယ်"ဟု ဆံပင်ညှပ်ဆိုင်ဖွင့်ထားသည့် ကိုထွန်းက ပြောသည်။
၂၀၁၂ - ၂၀၁၃ ခုနှစ်များက ဈေးဆိုင်တစ်ခန်းလျှင် လစဉ်ကြေး ဘတ် (၅၀၀၀) ဝန်းကျင်သာရှိရာမှ၂၀၁၅ - ၂၀၁၆ ခုနှစ်များတွင် လမ်းမကြီး၌ရှိသော ဈေးဆိုင်ခန်းတွေမှာ လစဉ်ကြေး ဘတ်(၂၀,ဝဝဝ)ဝန်းကျင်နှင့် ဘတ်(၁၀,ဝဝဝ)ဝန်းကျင်ရှိနပြေီး လမ်းကြားရှိ ဈေးဆိုင်များမှာ ဘတ်(၇,ဝဝဝ)ဝန်းကျင်ရှိကြောင်း ဈေးဆိုင်ခန်းဖွင့်သူများထံမှ သိရသည်။
“ဈေးဆိုင်ခန်းတွေက (၃)နှစ်အတွင်း တွက်ကြည့်မယ်ဆို သိသိသာသာတက်လာတယ်။ အခုဆို လမ်းမကြီးက သုံးထပ်ဈေးဆိုင်ခန်းတွေဆို တစ်လကို ဘတ်(၂၀၀၀၀)ကျော်တွေပဲ ”ဟု အောင် စက်ဘီးနှင့်အိမ်အသုံးအဆောင်ဆိုင်မှ ကိုခင်မောင်ထွေးက ပြောသည်။
ဆိုင်ခန်း ဈေးနှုန်းများ မြင့်တက်လာသော်လည်း အရောင်းအဝယ်မှာ ပုံမှန်သာရှိပြီး ကုန်ပစ္စည်းများကိုလည်း ဈေးနှုန်းမြှင့်တင်ရောင်းချ၍ မရသဖြင့် ဆိုင်ခန်းဖွင့်သူများမှာ အခက်အခဲဖြစ်နေကြောင်း သိရသည်။
“ဈေးဆိုင်ခန်းတွေ ဈေးနှုန်းတက်လာတယ်ဆိုတာ စည်ပင်ဌာနနဲ့တော့ မဆိုင်ပါဘူး။ အရောင်းပစ္စည်းဆိုင် အမျိုးအစားအလိုက် အခွန်နှုန်းကောက်တာပါ။ အမြင့်ဆုံး ဈေးဆိုင်အခွန်ပေးရတာက မီနီမတ် ဆိုင်တွဖြေစ်ပြီး နိဗ္ဗာန်ကုန် ရောင်းတဲ့ဆိုင်က အနိမ့်ဆုံး ဆောင်ရတာပါပဲ။ ဘဏ္ဍာရေးနှစ်အလိုက် အခွန်နှုန်းထားက အတူတူပါပဲ။ဒါကြောင့် ဆိုင်ခန်းပိုင်ရှင်တွေကပဲ ဈေးနှုန်းသတ်မှတ်လို့ ဈေးကြီးတာပါ။”ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမူက ပြောသည်။
တာချီလိတ်မြို့တွင် ဈေးဆိုင်ခန်းများ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာမှုကြောင့် ဈေးဆိုင်ခန်း ဖွင့်သူများမှာလည်း များလာပြီး ဈေးဆိုင်ခန်းငှါးပိုင်ရှင်များအနဖြေင့် စီးပွားရေးအခြေအနေအရ ဆိုင်ခန်းတွေကို ဈေးနှုန်းမြှင့်သက်မှတ်ရခြင်းဖြစ်ကြောင်း ဆိုင်ခန်းပိုင်ရှင် အသိုင်းအဝိုင်းမှ သိရသည်။
သတင်း။ ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~