တာခ်ီလိတ္ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး တံတား(၂)စင္း၏ ဘီးေကာက္လုပ္ငန္း က်ပ္သိန္း(၂၂၀၀)ေက်ာ္ျဖင့္ လုပ္ကိုင္ခြင့္ရ

တာခ်ီလိတ္ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး တံတား(၂)စင္း၏ ဘီးေကာက္လုပ္ငန္း က်ပ္သိန္း(၂၂၀၀)ေက်ာ္ျဖင့္ လုပ္ကိုင္ခြင့္ရ
မတ် 8, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ(၈) ။  ။ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၆ -၂၀၁၇ ခုဘ႑ာေရးႏွစ္အတြက္ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတား အမွတ္(၁) (၂) ဘီးေကာက္လိုင္စင္အား သုံးႀကိမ္ေလလံေရာင္းခ်ရာ ဆြဲ၀ယ္သူမရွိ၍ အျခားနည္း အသုံးျပဳကာ က်ပ္သိန္း (၂,၂၁၅)ျဖင့္ စည္ပင္သာယာေရးေကာ္မတီမွ မတ္လ (၈) ရက္ေန႔က ေလလံေရာင္းခ်ခဲ့ေၾကာင္း သိရသည္။

ၾကမ္းခင္းေစ်း က်ပ္သိန္း(၃၁၀၀)ေက်ာ္ရွိေသာ ယင္းလိုင္စင္အား သုံးႀကိမ္အထိ ေလလံေခၚခဲ့ၿပီး ေလလံဆြဲ၀ယ္သူ မရွိ၍ အိတ္ဖြင့္တင္ဒါေခၚခဲ့ရာ ေဒၚေလးေမေယာ္မွ က်ပ္(၂,၂၀၀)သိန္းျဖင့္ အိတ္ဖြင့္တင္ဒါေပးေသာ္လည္း ၾကမ္းခင္းေစ်းထက္ နည္းေန၍ ယခုလို အျခားနည္းျဖင့္ ေလလံေရာင္းခဲ့ေၾကာင္း သိရသည္။

“အျခားနည္းဆိုတာ သုံးႀကိမ္အထိ ေလလံေရာင္းခ်လို႔မွ မၿပီးရင္၊ အိတ္ဖြင့္တင္ဒါေခၚတယ္ ။ အိတ္ဖြင့္တုန္းက နည္းလို႔ သူ႔ကိုေပးလို႔ မရေသးတာနဲ႔ အျခားနည္းနဲ႔ ျပန္ေရာင္းတာ။ ရွင္းရွင္းေျပာရရင္ အျခားနည္းဆိုတာ ႏွစ္ဦးႏွစ္ဖက္ ဌာနဆိုင္ရာနဲ႔ ညိႇႏႈိင္းၿပီးေရာင္းတဲ့ သေဘာပါ။ အခုဘာလို႔ (၂,၂၁၅)သိန္းႏွင့္ ေပးလိုက္တာလဲဆိုေတာ့ တြက္ခ်က္နည္းေတြထဲ ေဘာင္၀င္သြားလို႔ ေရာင္းတာပါ။”ဟု စည္ပင္သာယာေရးေကာ္မတီ အတြင္းေရးမွဴး(အမႈေဆာင္အရာရွိ) ဦးေက်ာ္မိုးထြန္းက ေျပာသည္။

ယခင္ႏွစ္ ဘ႑ာေရးႏွစ္က ယင္းဘီးေကာက္ လိုင္စင္ကို ေရာင္းခ်ခဲ့ရာ လိုင္စင္ရသူမွာ တစ္ဖက္ ထိုင္းႏိုင္ငံမွ ဘီးခြန္ေကာက္သည့္ အတိုင္း ယာဥ္တစ္စီးအား ဘယ္ႏွစ္ႀကိမ္ျဖတ္ျဖတ္ အေခါက္တိုင္း ေကာက္ခံျခင္းသည္ သတ္မွက္ထားေသာ စည္းမ်ဥ္းႏွင့္ ကြာျခားေနသျဖင့္ ယခုႏွစ္တြင္ ယင္းကဲ့သို႔ ေကာက္ခံမည္ဆိုပါက စည္းကမ္းခ်က္အတိုင္းအေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ၎ကေျပာသည္။

“ကၽြန္မအေနနဲ႔ အေတြ႕အၾကံဳကလည္း မရွိေသးဘူး။ အခုေလလံယူတာလဲ ရွံဳးမလား၊ ျမတ္မလားဆိုတာလဲ မသိေသးဘူး။ ဒီေလလံကို ယူမဲ့သူကလည္း မရွိဘူး ။ ဒါေၾကာင့္ ဒီေလလံရွံဳးမယ္ဆိုရင္ေတာင္ ျပန္ကာႏိုင္ဖို႔ တျခားေလလံေတြကိုလဲ ဆြဲ၀ယ္ထားပါတယ္”ဟု ေလလံဆြဲ၀ယ္သူ ေဒၚေလးေမေယာ္က ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၁၅ - ၂၀၁၆ ဘ႑ာႏွစ္အတြက္ ထိုင္း - ျမန္မာ ခ်စ္ၾကည္ေရးတံတား အမွတ္(၁)ႏွင့္ အမွတ္(၂) ဘီးေကာက္လိုင္စင္အား ၾကမ္းခင္းေစ်း က်ပ္သိန္းေပါင္း (၉၇၉)ျဖင့္ ေစ်းၿပိဳင္စနစ္ျဖင့္ စတင္ဖြင့္လွစ္ခဲ့ရာ က်ပ္သိန္းေပါင္း(၂,၉၅၅)ျဖင့္ ေလလံေအာင္ျမင္သြားခဲ့ၿပီးေနာက္၊ ၂၀၁၆ - ၂၀၁၇ ဘ႑ာႏွစ္အတြက္ ၾကမ္းခင္းေစ်းအား ေငြက်ပ္ေပါင္း(၃၁၀,၂၈၀,၀၀၀)ျဖင့္ ေလလံေခၚယူခဲ့ရာ ဆြဲ၀ယ္သူမရွိ၍ ယခုလိုအျခားနည္းျဖင့္ ေရာင္းခ်ခဲ့ျခင္းျဖစ္သည္။

သတင္း။  ။ ေဇာင္းညီ
**********************

( unicode )

တာချီလိတ်၊ မတ်လ(၈)။ တာချီလိတ်မြို့တွင် ၂၀၁၆ -၂၀၁၇ ခုဘဏ္ဍာရေးနှစ်အတွက် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁) (၂) ဘီးကောက်လိုင်စင်အား သုံးကြိမ်လေလံရောင်းချရာ ဆွဲဝယ်သူမရှိ၍ အခြားနည်း အသုံးပြုကာ ကျပ်သိန်း (၂,၂၁၅)ဖြင့် စည်ပင်သာယာရေးကော်မတီမှ မတ်လ (၈) ရက်နေ့က လေလံရောင်းချခဲ့ကြောင်း သိရသည်။

ကြမ်းခင်းဈေး ကျပ်သိန်း(၃၁၀၀)ကျော်ရှိသော ယင်းလိုင်စင်အား သုံးကြိမ်အထိ လေလံခေါ်ခဲ့ပြီး လေလံဆွဲဝယ်သူ မရှိ၍ အိတ်ဖွင့်တင်ဒါခေါ်ခဲ့ရာ ဒေါ်လေးမေယော်မှ ကျပ်(၂,၂၀၀)သိန်းဖြင့် အိတ်ဖွင့်တင်ဒါပေးသော်လည်း ကြမ်းခင်းဈေးထက် နည်းနေ၍ ယခုလို အခြားနည်းဖြင့် လေလံရောင်းခဲ့ကြောင်း သိရသည်။

“အခြားနည်းဆိုတာ သုံးကြိမ်အထိ လေလံရောင်းချလို့မှ မပြီးရင်၊ အိတ်ဖွင့်တင်ဒါခေါ်တယ်။ အိတ်ဖွင့်တုန်းက နည်းလို့ သူ့ကိုပေးလို့ မရသေးတာနဲ့ အခြားနည်းနဲ့ ပြန်ရောင်းတာ။ ရှင်းရှင်းပြောရရင် အခြားနည်းဆိုတာ နှစ်ဦးနှစ်ဖက် ဌာနဆိုင်ရာနဲ့ ညှိနှိုင်းပြီးရောင်းတဲ့ သဘောပါ။ အခုဘာလို့ (၂,၂၁၅)သိန်းနှင့် ပေးလိုက်တာလဲဆိုတော့ တွက်ချက်နည်းတွေထဲ ဘောင်ဝင်သွားလို့ ရောင်းတာပါ။”ဟု စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး(အမှုဆောင်အရာရှိ) ဦးကျော်မိုးထွန်းက ပြောသည်။

ယခင်နှစ် ဘဏ္ဍာရေးနှစ်က ယင်းဘီးကောက် လိုင်စင်ကို ရောင်းချခဲ့ရာ လိုင်စင်ရသူမှာ တစ်ဖက် ထိုင်းနိုင်ငံမှ ဘီးခွန်ကောက်သည့် အတိုင်း ယာဉ်တစ်စီးအား ဘယ်နှစ်ကြိမ်ဖြတ်ဖြတ် အခေါက်တိုင်း ကောက်ခံခြင်းသည် သတ်မှက်ထားသော စည်းမျဉ်းနှင့် ကွာခြားနေသဖြင့် ယခုနှစ်တွင် ယင်းကဲ့သို့ ကောက်ခံမည်ဆိုပါက စည်းကမ်းချက်အတိုင်းအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၎င်းကပြောသည်။

“ကျွန်မအနေနဲ့ အတွေ့အကြုံကလည်း မရှိသေးဘူး။ အခုလေလံယူတာလဲ ရှုံးမလား၊ မြတ်မလားဆိုတာလဲ မသိသေးဘူး။ ဒီလေလံကို ယူမဲ့သူကလည်း မရှိဘူး။ ဒါကြောင့် ဒီလေလံရှုံးမယ်ဆိုရင်တောင် ပြန်ကာနိုင်ဖို့ တခြားလေလံတွေကိုလဲ ဆွဲဝယ်ထားပါတယ်”ဟု လေလံဆွဲဝယ်သူ ဒေါ်လေးမေယော်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်အတွက် ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁)နှင့် အမှတ်(၂) ဘီးကောက်လိုင်စင်အား ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း (၉၇၉)ဖြင့် ဈေးပြိုင်စနစ်ဖြင့် စတင်ဖွင့်လှစ်ခဲ့ရာ ကျပ်သိန်းပေါင်း(၂,၉၅၅)ဖြင့် လေလံအောင်မြင်သွားခဲ့ပြီးနောက်၊ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ကြမ်းခင်းဈေးအား ငွေကျပ်ပေါင်း(၃၁၀,၂၈၀,ဝဝဝ)ဖြင့် လေလံခေါ်ယူခဲ့ရာ ဆွဲဝယ်သူမရှိ၍ ယခုလိုအခြားနည်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~